0

နိုင်ငံတော် ငွေကြေးကို အလွဲသုံးစား မလုပ်ပဲနဲ့ အခုလို ဖမ်းဆီး တရားစွဲဆို ခံရတာဟာ မတရားမှုလို့ သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်က ပြောပါတယ်။

နိုင်ငံတော် ငွေကြေး အလွဲသုံးစား လုပ်တယ်ဆိုပြီးတော့ ဖမ်းဆီးစစ်ဆေး ခံနေရတဲ့ ဦးဆန်းဆင့်ကို ဇူလိုင်လ ၃ ရက်နေ့က နေပြည်တော်ကောင်စီ၊ ပုဗ္ဗသီရိမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးတဲ့ အချိန်မှာ အခုလို ပြောဆိုလိုက်တာပါ။

သာသနာရေး ဝန်ကြီးအဖြစ် တာဝန်ယူတဲ့အချိန်က သူရဲ့ လုပ်ဆောင်ချက်တွေက မှန်ကန်ခဲ့ပေမယ့် သမ္မတရဲ့ အမိန့်ကို မနာခံဘူး ဆိုပြီးတော့ အခုလို စွပ်စွဲတာ ဖြစ်နိုင်တယ်လို့ ဦးဆန်းဆင့်က ဆိုပါတယ်။

ဦးဆန်းဆင့်က မဟာသန္တိသုခကိစ္စ အပါအဝင် နိုင်ငံတော်သမ္မက တာဝန်ပေးတဲ့ အလုပ်တွေမှာ လုပ်ပိုင်ခွင့်ထက် ကျော်လွန် လုပ်ဆောင်မှုတွေ ရှိနေခဲ့တယ်လို့ နိုင်ငံတော်သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောဆိုထားပါတယ်။

သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို ဇွန်လ ၁၉ ရက်နေ့မှာ တာဝန်က ရပ်စဲလိုက်ပြီးတော့ သာသနာရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးစိုးဝင်းကို သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် ဇွန်လ ၂၅ ရက်နေ့မှာ ခန့်အပ်လိုက်ပါတယ်။

ACM Credit To :The Voice Weekly
http://www.ayechanmon-news1.com/

Post a Comment

 
Top