ငွေကြေးအရှုပ်အရှင်းမရှိခဲ့ကြောင်း သာသနာရေးဝန်ကြီးသစ်ရှင်း
သာသနာရေးပြည်ထောင်စုဝန်ကြီးသစ် ဦးစိုးဝင်းက ၎င်းသည် ငွေကြေးအရှုပ်အရှင်းကင်းရှင်းကြောင်း ၀န်ကြီးအဖြစ် ကတိသစ္စာပြုအပြီးတွင် မီဒီယာ များသို့ပြောကြားသည်။
‘‘တကယ်ကို ငွေကြေးအ ရှုပ်အရှင်းရှိတယ်ဆိုရင် ၂၀၁၁ ခုနှစ်မှာ ဒုတိယ၀န်ကြီးဖြစ်လာစ ရာအကြောင်းမရှိပါဘူး’’ ဟု ဇူ လိုင် ၂ ရက်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော်၌ သာ သနာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ရန် ကတိသစ္စာပြုအ ပြီး ပြောကြားသည်။
သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့် အပ်ခံရသော ဦးစိုးဝင်းသည်အစိုးရ ၀န်ကြီးဌာနတစ်ခုတွင် ဦးဆောင် ညွှန်ကြားရေးမှူးအဖြစ် တာဝန် ထမ်းဆောင်စဉ်က ဌာနပိုင်ငွေ ကျပ်သိန်းနှစ်ထောင်ကျော်အထိ အလွဲသုံးစားမှုပြုခဲ့သည်ဟု သ တင်းများ ထွက်ပေါ်ခဲ့ခြင်းဖြစ် သည်။
‘‘ကျွန်တော်ဦးဆောင်ညွှန် ကြားရေးမှူး တာဝန်ထမ်းဆောင် စဉ်က လက်အောက်က ကလေး သုံးယောက်ရဲ့ အလွဲသုံးစားမှုတွေ ဖြစ်ပါတယ်။ ဒါတွေလည်း စာရင်း စစ်က စစ်ဆေးပြီးစာရင်းစစ်တွေ ကိုယ်တိုင်စစ်ဆေးထွက်ဆိုပြီး ဖြစ်ပါတယ်’’ ဟု ဦးစိုးဝင်းက ပြောသည်။
ဆက်လက်၍ ဦးစိုးဝင်းက ယင်းငွေကြေးကိစ္စရပ်နှင့် ပတ် သက်ပြီး ‘‘ဒါကလည်း ကျွန်တော့် လက်ထက်တင်မဟုတ်ဘူး။ နောက် MD လက်ထက်မှာပါ အ လွဲသုံးစားဖြစ်တာပေါ့။ အဲဒါကိုမှ နည်းနည်းလေးချဲ့ကား ပြောတာ လေးတွေ ရှိတာပါ’’ ဟု ဆိုသည်။
ဦးစိုးဝင်းမှာ ယခင် ပြန်ကြား ရေးဝန်ကြီးဌာနတွင် တာဝန်ထမ်း ဆောင်စဉ်ကာလအတွင်း ငွေ ကြေးကိစ္စရပ်နှင့်ပတ်သက်၍ နာ မည်ပျက်ရှိခဲ့ကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှ ဆွေက 7Day Daily သတင်းစာ အား ပြောကြားဖူးသည်။
‘‘သူ ဦးဆောင်ညွှန်ကြားရေး မှူးလုပ်တုန်းက စက္ကူဝယ်တာ တွေနဲ့ပတ်သက်ပြီး သိန်းထောင် ချီငွေကွာမှုတွေဖြစ်တယ်။ အဲဒီ အမှုက ခုထိ မပြီးသေးဘူး။ သူက ဦးကျော်ဆန်းရဲ့ တပည့်ကြီးဆို တော့ ဦးကျော်ဆန်းက သူ့ကို ရာ ထူးတိုးပေးလိုက်တာ’’ ဟု ပြန် ကြားရေးဝန်ကြီးဌာနတွင် ညွှန် ကြားရေးမှူးအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သော ဦးလှဆွေက 7Day Daily သတင်းစာအား ပြောကြား ထားသည်။
ပြီးခဲ့သည့် ဇွန်လ ၁၉ ရက် တွင် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာ ၀န်ထမ်းဆောင်ခဲ့သော ဦးဆန်း ဆင့်ကို နိုင်ငံတော်သမ္မတက တာ ၀န်မှရပ်နားခဲ့ပြီး ဦးစိုးဝင်းအား ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့် အပ်ရန် ပြည်ထောင်စုလွှတ်တော် သို့ အမည်စာရင်းပေးပို့ခဲ့ခြင်း ဖြစ် သည်။
ဦးစိုးဝင်းသည် တပ်မတော် တွင် ဗိုလ်မှူးကြီးအဆင့်ထိ တာ ၀န်ထမ်းဆောင်ခဲ့ပြီး ပြန်ကြားရေး ၀န်ကြီးဌာနသတင်းနှင့် စာနယ် ဇင်းလုပ်ငန်း ဦးဆောင်ညွှန်ကြား ရေးမှူးအဖြစ် ခန့်အပ်ခံခဲ့ရသည်။
အစိုးရသစ်လက်ထက်တွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင် ခဲ့ပြီး ၀န်ကြီးဦးကျော်ဆန်းအား သမ၀ါယမ၀န်ကြီးအဖြစ် ပြောင်း ရွှေ့ရာတွင် ဦးစိုးဝင်းကိုလည်း သာသနာရေး ၀န်ကြီးဌာနသို့ ပြောင်းလဲတာဝန်ပေးခဲ့သည်။
ACM Credit To : 7 Day Daily
http://www.ayechanmon-news1.com/

Post a Comment