0

သို့
အယ်ဒီတာခင်ဗျား

ကျွန်တော်တို့ မြောက်ဒဂုံ ၄၅ ရပ်ကွက်ဘက်မှာ မေလက စပြီး မြောင်းတွေတူးပါတယ်။ မြောင်းတူးပြီး ကွန်ကရစ်တံတားတွေလုပ်ဖို့ လို့သိရပါတယ်။ ကျွန်တော်တို့ ဒီမှာနေ လာတာ ၁ဝ နှစ်ကျော်ပြီ။ တစ်ခါမှရေကြီးတာ အိမ်ထဲရေဝင်တာ မဖြစ်ဖူးပါဘူး။

မြောင်းတူးပြီးမြောင်းထဲ ကထွက်လာတဲ့မြေကြီးတွေကို တံတားပြီးတဲ့အခါမှာ အဲဒီမြောင်း ထဲပဲ ပြန်ထည့်ခဲ့တဲ့အတွက် မိုးကြီးတဲ့အခါ ကျွန်တော် တို့အိမ်ထဲကို ရေတွေဝင်ပါတယ်။ အိမ်အလယ်ခန်းထိရေတွေ ဝင်လာပြီး ရေတွေကလည်း နံစော်နေတာပါပဲ။

ရေစီးရေလာကောင်းအောင် မြောင်းတူးတယ်ဆိုလည်း ဒီမြေတွေ မြောင်း ထဲပြန်ထည့်မှတော့ ဘယ်လိုလုပ်ရေကစီးနိုင်တော့မှာလဲဗျာ၊ ပြီးတော့ တချို့လမ်းတွေ မှာ မြောင်း တူးပြီး တံတားကမ လုပ်သေးတဲ့ အတွက် မြေကြီးတွေလမ်း ပေါ်ပုံထား၊ ရွှံ့တွေဗွက်တွေနဲ့ လူတွေ အတွက် သွားရလာရတာ တော်တော်ဒုက္ခရောက်ပါတယ်။ မိုးရာသီဆိုေ တာ့ ပိုဆိုးတာပေါ့။ သက်ကြီးရွယ်အိုတွေဆို ချော်လဲမှာစိုးလို့ အဲဒီလမ်းတွေမသွား ရဲကြပါဘူး။ မိုးတွေကရွာ၊ မြေကြီးပုံကြီးတွေက ဒီအတိုင်း၊ မပြီးမစီးနဲ့ လမ်းတိုင်းလိုလိုပါပဲ။ အဲဒါတွေကို အမြန်ဆုံးလက် စသတ်ပေးဖို့နဲ့ မြောင်း ထဲကို မြေကြီးတွေ ပြန်မထည့်ခဲ့ဖို့ အယ်ဒီတာမှ တစ်ဆင့်သက်ဆိုင်သူ များသိအောင် ရေးသားလိုက်ရပါတယ်။

အေးမင်း(မြောက်ဒဂုံ)

ACM Credit To : Popular Myanmar News Journal
http://www.ayechanmon-news1.com/

Post a Comment

 
Top