0

ရန်ကုန်၊ ဇူလိုင် ၉

၈.၇.၂၀၁၄ ရက်နေ့ ၂၁၂၅ အချိန် တိုက်ကြီးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ရန်ကုန်-ပြည်ရထား လမ်း၊ မိုင်တိုင်အမှတ်(၄၃/၁၀)၊ တံတားအမှတ်(၁၁၅)၊ ဂျိုးဖြူကျေးရွာအနီးတွင် အမျိုးသားတစ်ဦး ရထားကြိတ်ခံရ၍ သေဆုံးနေကြောင်း
သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ တိုက်ကြီးမြို့နယ်၊ ဂျိုးဖြူ ကျေးရွာနေ ဦးသန်းဌေ(၄၉)နှစ်မှာ လည်ပင်းပြတ်ကာ သေဆုံးနေသည်ကိုတွေ့ရှိရပါသည်။

ဖစ်စဉ်အားစုံစမ်းရာ သေဆုံးသူမှာ အရက်အလွန်အကျွံသောက်စားတတ်သူ
တစ်ဦးဖြစ်ပြီး ၎င်းသည် သနပ်ချောင်းဘူတာမှ တိုက်ကြီးဘူတာသို့မောင်းနှင်
လာသော အမှတ်(၇၀)အစုန် သာရဝေါ-ကြည့်မြင့်တိုင်ရထား၏ရှေ့သို့ဝင်ရောက်
ကာ ခေါင်းထိုးခံလိုက်သဖြင့် ကြိတ်မိသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ တိုက်ကြီးမြို့မရဲစခန်းသေမှုသေခင်းအမှတ်စဉ် (၁၇/၂၀၁၄)ဖြင့် ရေးဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါ
သည်။

ACM Credit To:Yangon Police
http://www.ayechanmon-news1.com/

Post a Comment

 
Top