0

ရန်ကုန်၊ ဇူလိုင် ၉

၈.၇.၂၀၁၄ရက်နေ့ ၂၀၃၀အချိန်ခန့်တွင် အင်းစိန်မြို့နယ်နေ မနုနုရင်(၃၁)နှစ်မှာ ခင်ပွန်းဖြစ်သူ သက်နိုင်ဦး(၂၆)နှစ်နှင့်အတူ ဒညင်းကုန်းဘူတာဈေးရှိ ၎င်းတို့
ဆိုင်ခန်းတွင် အိပ်စက်ရန်ခြင်ထောင် ထောင်နေစဉ် ၂၀၂၀ အချိန်ခန့်က ခင်ပွန်း
ဖြစ်သူ သက်နိုင်ဦးနှင့် ကုန်းစိမ်းချသည့်ကိစ္စဖြင့်စကားများခဲ့သူ ရာဇာ(ခ)
ရာဇာထွန်းမှာ သံတုတ်ကိုင်ထားပြီး ၎င်းနှင့်အတူ ဓါးရှည်ကိုင်ထားသည့် အမျိုးသားတစ်ဦး ရောက်ရှိလာခဲ့ကြောင်း၊ ရာဇာ(ခ)ရာဇာထွန်းမှ ခင်ပွန်းဖြစ်သူ
အား “မင်းခုနကဘာပြောတာလဲ၊ ထွက်လာခဲ့”ဟုပြောဆိုပြီး အမည်မသိ
အမျိုးသားမှ “မင်းဘာကောင်လဲ”ဟုပြောဆိုကာ ခင်ပွန်းဖြစ်သူကို ဓါးရှည်ဖြင့်ထိုးခဲ့
ပြီး ထွက်ပြေးသွားခဲ့ကြကြောင်း၊ ထိုသို့ဓါးထိုးခံရသဖြင့် ခင်ပွန်းဖြစ်သူ သက်နိုင်ဦး
၏ ဝဲဘက်ရင်အုံတွင် ထိုးသွင်းဒဏ်ရာ(၁)ချက်ရရှိခဲ့၍ အင်းစိန်ဆေးရုံသို့ ပို့ဆောင်
စဉ် လမ်း၌သေဆုံး သွားခဲ့ကြောင်းနှင့် ယင်းသို့ပြစ်မှုကျူးလွန်သူများကို အရေးယူ
ပေးပါရန်တိုင်တန်းခဲ့ပါသည်။

တိုင်တန်းချက်အရ အင်းစိန်မြို့မရဲစခန်း(ပ)၆၇၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂/၁၁၄ဖြင့် အမှုဖွင့် အရေးယူကာ ရာဇာ(ခ)ရာဇာထွန်းနှင့် အတူပါအမျိုးသားတို့(၂)ဦးကို ဖမ်းဆီးရမိရေးစုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ACM Credit To:Yangon Police
http://www.ayechanmon-news1.com/

Post a Comment

 
Top