အမှုဖြစ်ပွားနေသည့် စီမံကိန်းမြေနေရာကို တွေ့ရစဉ် (ဓာတ်ပုံ − စိုးမိုးအောင်)
ဝကုန်းကျေးရွာတွင် သတ္တုတူးဖော်ရန် ဆောင်ရွက်နေ သော ကုမ္ပဏီကို ဒေသခံတစ်ဦးကတရားစွဲဆိုထားကြောင်း သတင်းရရှိသည်။
ထားဝယ်မြို့နယ်၊ ၀ကုန်း ကျေးရွာတွင် မြေ ၅၀ ဧကနှစ် ကွက်၌ သတ္တုတူးဖော်ရေး လုပ် ငန်းများ ဆောင်ရွက်နေသော ဂရိတ်ဧဒင် သတ္တုတူးဖော်ရေး ကုမ္ပဏီသည် ဒေသခံ တစ်ဦး၏ ဥယျာဉ် ၂ ဒသမ ၆၄ ဧက ပျက်စီးဆုံးရှုံးမှုဖြင့် ထားဝယ်မြို့နယ် တရားရုံး၌ ပြစ်မှုဆိုင်ရာပုဒ်မ ၄၂၇ (အကျိုးဖျက်ဆီးမှု)နှင့် ပုဒ်မ-၄၄၇ (ပိုင်နက်ကျူးလွန်မှု)တို့ဖြင့် တရားရင်ဆိုင်နေရသည်။ ဂရိတ်ဧဒင် ကုမ္ပဏီက သတ္တုတူးဖော် ရေး စက်ယန္တရားဖြင့် ၀င်ရောက်တူးဖော်ခဲ့ခြင်းကြောင့် ကွမ်းပင် ၃၀၀ ကျော် အပါအ၀င် ဒူးရင်း၊ သရက်ပင်များနှင့် အခြားသီးနှံပင်များ ပျက်စီးဆုံးရှုံးမှု တန်ဖိုးသိန်းတစ်ရာကျော်ရှိကြောင်း သိရသည်။
အဆိုပါ ကုမ္ပဏီသည် ၂၀၀၉ ခုနှစ်ကတည်းက ခွင့်ပြု ချက်ရထားကာ ထုတ်လုပ်မှု၏ ၃၅ ရာခိုင်နှုန်း အစိုးရကို ပေးသွင်း ရမည်ဖြစ်ပြီး ယခုအချိန်ထိ သတ္တု ထုတ်လုပ်မှု နည်းသေးကြောင်း ကုမ္ပဏီမန်နေဂျာက ပြောကြား သည်။ သတ္တုထုတ်လုပ်ရန် အ တွက် တိုင်းဒေသကြီး အစိုးရအ ဖွဲ့မှ တာဝန်ရှိသူများလာရောက် ကွင်းဆင်းပြီး ခွင့်ပြုချက်ချပေး ထားကြောင်း၊ ဒေသခံများ အပင်များ စိုက်ပျိုးထားပြီး ကန့်ကွက်ပါက ဧရိယာအတွင်း မထည့် ကြောင်း၊ အချို့နေရာများကို နစ်နာကြေးများ ပေးထားပြီး ဖြစ် သော်လည်း ပြန်လည်တိုင်းတာ မှုများ ရှိနေကြောင်း ပြောသည်။
‘‘သူတို့မှာက ဘာအထောက် အထားမှ မရှိဘူး။ ယာယီသီးနှံ ပြေစာတွေပဲရှိတာ။ အထောက် အထားခိုင်လုံပြနိုင်ရင် အစိုးရနဲ့ ပြန်ရှင်းပေးမယ်’’ဟု ဂရိတ်ဧဒင် ကုမ္ပဏီ မန်နေဂျာ ဦးစိုးဝင်းက ပြောကြားသည်။
‘‘ဦးအနေနဲ့ ဒီအချိန်ရောက်မှ ထိုက်သင့်တဲ့ လျော်ကြေးကို မလို ချင်တော့ဘူး။ ခြံမြေကလည်း ကျောက်သားတွေဖြစ်နေပြီ အ ဆုံးထိပဲ ဆက်သွားချင်တယ်’’ ဟု တရားစွဲဆိုထားသော ဦးသန်း ဇော်က ပြောသည်။ ၎င်းမှာ ဥယျာဉ်၅ ဧကအနက် ၂ ဒသမ ၆၄ ဧကပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါအမှုကို ဇူလိုင် ၁ ရက်က တရားလိုဘက်မှ အသက် သေများကို စစ်ဆေးခဲ့ပြီး သက် သေမှာ နားမကြားသူဖြစ်နေ သဖြင့် ရုံးတော်သို့ တင်ပြခဲ့ရာ တရားပြိုင် ရှေ့နေက ကန့်ကွက်ခဲ့ သည်။ ၎င်းသက်သေအတွက် ဆေးထောက်ခံချက်များ တင်ပြပေးရမည်ဖြစ်ကာ ဇူလိုင် ၉ ရက်တွင် ရုံးချိန်းထပ်မံ ခေါ်ယူထား ကြောင်း သိရသည်။
ACM Credit To : 7 Day Daily
http://www.ayechanmon-news1.com/

Post a Comment