0

နေပြည်တော်- လာဘ်စားမှုဖြင့် တရားစွဲဆိုခံရသည့် သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ပုဗ္ဗသီရိတရားရုံးတွင် ယနေ့နံနက် ရုံးထုတ်ရမန်ယူစဉ် ပြည်သူ့ဘဏ္ဍာအလွဲသုံးစားမလုပ်ကြောင်း မီဒီယာများအား ပြောကြားသွားသည်။

‘‘သံဃမဟာနာယကဆရာတော်ကြီးများနဲ့ ဆရာတော်သံဃာတော်အပေါင်းတို့က မှန်ကန်စွာနဲ့ နားလည်သဘောပေါက်ပြီး ရပ်တည်ပေး ပါ။ ဆောင်ရွက်ပေးပါ။ ကျွန်တော့်ကို စောင့်ရှောက်ပါ။ ဆရာတော်သံဃာတော်တွေနဲ့ လူထုပရိသတ်ကြီးက မှန်ကန်တဲ့ဘက်က ရပ်တည် ပေးကြပါ။ ကျွန်တော်သာသနာ့အကျိုးကို ဆောင်ရွက်ပါတယ်။ ဒါကြောင့် သာသနာ့အကျိုးဆောင်ရွက်တဲ့သူသည် သာသနာက စောင့် ရှောက်ပါလိမ့်မယ်’’ဟု ပြောကြားသည်။

‘‘သမ္မာဒေ၀နတ်ကောင်းနတ်မြတ်များကလည်း စောင့်ရှောက်ပေးကြပါ။ ကျွန်တော်မတရားမလုပ်ပါဘူး။ ပြည်သူ့ဘဏ္ဍာကို အလွဲသုံးစား မလုပ်ပါဘူး။ ကျွန်တော်သစ္စာကျိန်ဆိုရဲပါတယ်။ ကျွန်တော် ငါးပြား၊ တစ်စေ့ကအစ ဘဏ္ဍာငွေကို အလွဲသုံးစားလုပ်ခဲ့တာ မရှိပါဘူး။ ကျွန်တော့်ရပ်တည်ချက်က မှန်ကန်သော်လည်း သမ္မတရဲ့ အမိန့်ကို မနာခံဘူးဆိုတဲ့ သဘောနဲ့လုပ်တာဖြစ်ပါတယ်’’ဟု ဆက်လက်ပြော ကြားသည်။

နိုင်ငံတော်ငွေကြေးအလွဲသုံးစားမလုပ်သကဲ့သို့ ရပ်တည်ချက်မှန်ကန်ခြင်းကြောင့် သမ္မတက အမိန့်မနာခံ၍ဆိုကာ တရားစွဲအရေးယူခံရခြင်း ဖြစ်ကြောင်း ဦးဆန်းဆင့်ကဆိုသည်။

ယခုကဲ့သို့ စစ်ပြီးသားအမှုကို တရားရုံးထုတ်စစ်ဆေးခြင်းသည် မတရားမှုဖြစ်ကြောင်း ဇူလိုင်လ ၃ ရက်က ပုဗ္ဗသီရိတရားရုံးတွင် ရုံးထုတ်ရမန်ယူစဉ်ပြောကြားခဲ့သည်။

ACM Credit To : 7 Day Daily
http://www.ayechanmon-news1.com/

Post a Comment

 
Top