0

Byမောင်တာ

မန္တလေးမြို့တွင် ဘာသာရေး၊ လူမျိုးရေးအသွင် အကြမ်းဖက်ပဋိပက္ခဖန်တီးရန် မြို့ခံမဟုတ်သော အခြားဒေသမှ လူများလာရောက်အကြမ်းဖက် ရန် ကြိုးစားခဲ့ကြောင်း မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန် ကြီးချုပ် ဦးရဲမြင့်က ပြောသည်။

‘‘ဖြစ်စဉ် ဖြစ်ပွားလိုက်တဲ့ အချိန်မှာ ပြင်ပက ဒီလိုပဲဒီကော လာဟလသတင်းများနဲ့ ရောက် လာကြမယ့်အနေအထားမျိုးလေး တွေလည်း ကျွန်တော်တို့တွေ့ခဲ့ ပါတယ်။ ဒါကြောင့်မို့ အချိန်မီ ကျွန်တော်တို့က ပြင်ပကလူတွေ မဝင်နိုင်အောင် တားဆီးနိုင်ခဲ့ပါ တယ်။ ဒါကပထမဖြစ်စဉ်။ ညဖြစ်စဉ်ကို လေ့လာကြည့်မယ် ဆိုရင် အထိုက်အလျောက်တော့ ရှိပါတယ်။ ထပ်မံပြီးတော့မှ ဝင်လာမယ့် အနေအထားမျိုး ကို ကျွန်တော်တို့ တားနိုင်ခဲ့ပါ တယ်’’ဟု ဦးရဲမြင့်က ဇူလိုင် ၃ ရက် မွန်းလွဲတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ မန္တလေးမြို့မိမြို့ဖများ၊ ဘာသာပေါင်းစုံအသင်းအဖွဲ့များ နှင့်တွေ့ဆုံစဉ် ပြောကြားသည်။

လက်ရှိမန္တလေးမြို့တွင် ဖြစ် ပွားနေသော အုပ်စုဖွဲ့အကြမ်း ဖက်မှုများ၌ လက်ရှိမန္တလေးမြို့တွင် ဖြစ် ပွားနေသော အုပ်စုဖွဲ့အကြမ်း ဖက်မှုများ၌ မြို့ခံမဟုတ်သူများပါဝင်နေသည်ဟု မြို့ခံများက သံသယဝင်နေကြသည်။

မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မန္တလေးမြို့မမြို့ဖ များ၊ ဘာသာပေါင်းစုံမှ အသင်း ဝင်များတွေ့ဆုံရာတွင် ဆိုင်ကယ် စီးလူအုပ်စုများကို ထိန်းသိမ်းပေး ပါရန် မြို့ခံအချို့၏ တင်ပြချက်အပေါ် ဝန်ကြီးချုပ်က ပြန်လည်ပြော ကြားခြင်းဖြစ်သည်။

မန္တလေးမြို့တွင် ယခုကဲ့သို့ အုပ်စုဖွဲ့အကြမ်းဖက်သူများ မဖြစ်ပွားမီကတည်းကပင် ညအချိန်ဆိုင်ကယ်စီးသူအချို့သည် ပုံမှန်ထက်ပို၍ ရာဇဝတ်မှု ဖောက်ဖျက်နိုင်သဖြင့် ယခင်ကတည်းက ညအချိန်များတွင် စစ်ဆေးအရေးယူမှုများပြုလုပ်ခဲ့ကြောင်း၊ ဆိုင်ကယ်စီးသူများ ပြစ်မှုကျူးလွန်မှုများအပေါ် အားပေးကူညီမှုမရှိစေရေး ဆက်လက်ကြပ်မတ်ဆောင်ရွက်သွားမည်ဟုလည်း ဝန်ကြီးချုပ်က ဆိုသည်။

မန္တလေးမြို့ အေးချမ်းတည် ငြိမ်ရေးနှင့် အများပြည်သူလုံခြုံ ရေးအတွက် ညမထွက်ရအမိန့် ထုတ်ပြန်ခြင်း မရှိသော်လည်း ညအချိန် ဈေးဆိုင်ဖွင့်ချိန်များကို ကန့်သတ်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်မှူးကြီးအောင် ကျော်မိုးက ပြောသည်။

ညအချိန်ဖွင့်သော ဈေးဆိုင် များနှင့် စားသောက်ဆိုင်များတွင် အရက်သေစာသောက်စားမူးယစ် ကာ ပြစ်မှုကျူးလွန်မှုများမရှိစေ ရေးအတွက် ညပိုင်းတွင်ဆိုင်ဖွင့် ချိန်များကို ကန့်သတ်မည်ဟုဆိုသည်။

မန္တလေးမြို့တွင်ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ကွယ်လွန်သွားသည့် အသက် (၃၆)နှစ်အရွယ် ကိုထွန်းထွန်း၏ အဘွားဖြစ်သူ ဝမ်းနည်းစွာငိုကြွေးနေသည်ကို ဇူလိုင် ၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − စိုးဇေယျာထွန်း/ရိုက်တာ)

မန္တလေးမြို့တွင်ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ကွယ်လွန်သွားသည့် အသက် (၅၁)နှစ်အရွယ် ဦးစိုးမင်း၏ ဇနီးနှင့် မိသားစုဝင်များ ဝမ်းနည်းစွာငိုကြွေးနေသည်ကို ဇူလိုင် ၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − စိုးဇေယျာထွန်း/ရိုက်တာ)

ACM Credit To : 7 Day Daily
http://www.ayechanmon-news1.com/

Post a Comment

 
Top