Byရဲမိုး
ရခိုင်မှာစတင်ဖြစ်ပွားခဲ့သည့် ဘာသာရေးပဋိပက္ခကို ဆက်လက်မပြန့်ပွားအောင် တာဝန်ရှိသူများ ဘာကြောင့် မထိန်းချုပ်နိုင်ခဲ့ပါသလဲ။ ဖမ်းဆီးထောင်ချအရေး ယူမှုများရှိနေသည့်ကြားက ဘာကြောင့် အရှိန်မြင့်လောင်ကျွမ်း လာနေခဲ့ပါသလဲ။
အဖြေကရှင်းပါသည်။ ပဋိပ က္ခစတင်ဖြစ်ပေါ်အောင် လှုံ့ဆော် သူများ၊ ဘာသာရေး၊လူမျိုးရေးအ မုန်းတရားများကိုဖြန့်ဝေဟော ပြောသူများနှင့် ဘာသာရေးကိုနိုင် ငံရေးနိုင်ကွက်အဖြစ်အသုံးပြုသူ တရားခံများက ဥပဒေပြင်ပမှာ လွတ်မြောက်နေ၍ဖြစ်ပါသည်။ တိတိကျကျပြောရလျှင် လွတ် မြောက်နေရုံသာမက ‘အမုန်းတ ရား’ ဖြန့်ဝေမှုများကို အင်နှင့်အား နှင့်မောင်းနှင်ခွင့်ရနေ၍ ဖြစ်ပါ သည်။
ဥပဒေချိုးဖောက်သူများ လွတ်မြောက်ခွင့်ရနေသည့် ယဉ် ကျေးမှု(Culture of Impunity) သည် ကျွန်တော်တို့လူ့အဖွဲ့အ စည်းမှာ ကြာရှည်စွာအမြစ်တွယ် နေခဲ့သည့် ပြဿနာဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ သာမက မည်သည့်နိုင်ငံတကာစံ နှုန်းနှင့်မျှမကိုက်ညီသည့်‘အမုန်း စကား’များကို ဖြန့်ဝေသူများမှစ၍ ဥပဒေကို အထုပ်အထည်ဖြင့်ချိုး ဖောက်သူများကိုမည်မျှအရေးယူ နိုင်ခဲ့ပါသလဲ။
ငါးလောင်းပြိုင်လို လူသတ် မှုမျိုးနှင့်ပတ်သက်၍ တာဝန်ရှိသူ များက ပြည်သူကိုဘာများထုတ် ပြန်အစီရင်ခံခဲ့ပါသလဲ။ဒီပဲယင်းလို လူသတ်ပွဲများအတွက်ဘယ်သူအရေးယူခံခဲ့ရဖူးပါသလဲ။ အများ ပြည်သူပိုင် သဘာဝသယံဇာတ များကို လက်ဝါးကြီးအုပ်သွေးစုပ် သူသွားသူများအတွက် အရေးယူ မှုဘာများရှိခဲ့ပါသလဲ။ ‘လာဘ်စား မှုတိုက်ဖျက်ရေး’ ကြွေးကြော်မှု များကြားက အကြီးစားခြစားသူ ဘယ်နှဦးကို ဥပဒေရှေ့မှောက် အရောက်ခေါ်ယူနိုင်ခဲ့ပါသလဲ။ မူး ယစ်ဆေးဝါးကို ထုနှင့်ထည်နှင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူ ဘိန်းရာဇာကြီးများကိုဘယ် လောက်ထိထိရောက်ရောက် တိုက်ဖျက်နိုင်ခဲ့ပါသလဲ။
ဥပဒေကိုချိုးဖောက်ပြီး အ ရေးယူခြင်းမခံရမှု(Impunity) သည် ကျွန်တော်တို့ လူ့အဖွဲ့အ စည်း၏ အဆိုးဝါးဆုံးနာတာရှည် ရောဂါဖြစ်ပါသည်။
လွတ်လပ်ရေးရပြီး ဖဆပလ ခေတ်မှစ၍ တော်လှန်ရေးကောင် စီ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါ တီ၊ န၀တ၊ နအဖအစိုးရအဆက် ဆက်မှာ နိုင်ငံရေးလူသတ်ပွဲများ၊ ခြစားမှုများနှင့် ဥပဒေကိုအမျိုးမျိုး ချိုးဖောက်သူများလွတ်မြောက် နေခဲ့သည့် ဓလေ့က အမြစ်တွယ် ခဲ့သည်။ အခုတော့ တွယ်နေသည့် အမြစ်က ပင်စည်ပင်ရွက်တွေဖား ဖားဝေခဲ့ပါပြီ။
Impunity နှင့်ပတ်သက်၍ ကုလသမဂ္ဂလူ့အခွင့်အရေးကော် မရှင်မှာ ၂၀၀၅ခုနှစ်ဖေဖော်ဝါရီ လ ၈ရက်နေ့က လမ်းညွှန်စည်း မျဉ်းတစ်ခုကိုရေးဆွဲခဲ့ကြသည်။
‘‘ဥပဒေကိုချိုးဖောက်ပြီး အရေးယူခြင်းမခံရမှုများကို တိုက်ဖျက်ခြင်းဖြင့် လူ့အခွင့်အရေးကိုကာကွယ်ခြင်းနှင့် မြှင့်တင်ခြင်းဆိုင်ရာစည်းမျဉ်းများ’’ဟု ခေါ် သည့် လမ်းညွှန်ချက်တွင် ယခုလိုရေးသားထားသည်။
‘‘ဥပဒေကို ချိုးဖောက်ပြီး အ ရေးယူခြင်းမခံရမှုသည် ဥပဒေချိုး ဖောက်မှုများကို အရေးယူဆောင် ရွက်ရန် ပျက်ကွက်သည့်နိုင်ငံများ ကြောင့်ဖြစ်ပေါ်လာသည်’’ဟုဆို သည်။
အဓိပ္ပာယ်ကတော့ တရားဥ ပဒေကို စောင့်ကြပ်ဖို့ ပျက်ကွက် သည့်အစိုးရအဖွဲ့များကို ထောက်ပြခြင်းဖြစ်သည်။
မန္တလေးတွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခနှင့်ပတ်သက်ပြီး နိုင်ငံ တော်သမ္မတက ဇူလိုင်လ ၇ရက် နေ့မှာ ပြည်သူများအား မိန့်ခွန်းပြော ကြားခဲ့သည်။ ၀ါကျ ၂၇ကြောင်း ပါဝင်သည့် မိန့်ခွန်းတွင် အမုန်းတ ရားပြန့်ပွားစေသည့် သွေးထိုးလှုံ့ ဆော်မှုများကို ‘‘ပြတ်ပြတ်သား သား’’နှင့် ‘‘ပြင်းထန်စွာ’’အရေးယူ သွားမည်ဟု သမ္မတက ကတိပေး သည်။ သမ္မတကဆက်ပြောပါ သည်။ သွေးထိုးလှုံ့ဆော်မှုများနှင့် ပတ်သက်ပြီး ‘‘လုံးဝသည်းခံမှာ မဟုတ်ဘဲ’’‘‘ချက်ချင်း’’နှင့်‘‘ပြင်းပြင်းထန်ထန်အရေးယူ’’သွားမည် ဟု ထပ်ဆင့်အာမခံလိုက်ပါသည်။ မည်မျှ‘‘ပြတ်သား’’မည်၊ မည်မျှ ‘‘ချက်ချင်း’’ဆောင်ရွက်မည်ကို စောင့်ကြည့်ပါမည်။
ရခိုင်မှာဖြစ်ပွားသည့် အချိန် မှစပြီး ယခုအထိ တာဝန်ရှိသူများ ၏ အရေးယူမှုတွင် ‘‘ပြတ်သား’’မှု ကို မတွေ့ခဲ့ရပါ။ ရာဂဏန်းဖမ်း ဆီးအရေးယူခဲ့သည့်တိုင် ထိုသူ များမှာ သွေးထိုးလှုံ့ဆော်မှိုင်း တိုက်ခံရသူများသာဖြစ်ပြီး အမုန်း တရားဖြန့်ဝေဆော်သြသူများမပါ ၀င်ခဲ့ပါ။
ပဋိပက္ခ သီအိုရီအရပြောရ လျှင် လမ်းပေါ်မှာသတ်ဖြတ်တိုက် ခိုက်သည့် ရုပ်ပိုင်းဆိုင်ရာအကြမ်း ဖက်မှု(Physical Violence) များ ကိုသာ အရေးယူနေခဲ့သည်ကို တွေ့ရသည်။ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဆိုသည် လူသတ် ခြင်း၊ မီးရှို့ခြင်း၊ အဓမ္မပြုကျင့်ခြင်း စသည့် ကိုယ်ထိလက်ရောက်အ ကြမ်းဖက်ခြင်းများဖြစ်သည်။
တကယ်တော့အစိုးရအနေ ဖြင့် ‘‘ပြတ်ပြတ်သားသား’’အရေး ယူသင့်သည်က ပဋိပက္ခများကို ဖြစ်ပေါ်စေသည့် ယဉ်ကျေးမှုဆိုင် ရာ အကြမ်းဖက်မှု (Cultural Violence)ဖြစ်သည်။ ယဉ်ကျေးမှု ဆိုင်ရာအကြမ်းဖက်မှုဆိုသည်မှာ လူမျိုးတစ်မျိုး၊ ဘာသာတစ်ခုကို အမုန်းပွားစေသည့် စကားများ ဟောပြောခြင်း၊ ရေးသားခြင်း၊လှုံ့ ဆော်ခြင်းများဖြစ်သည်။
လမ်းပေါ်မှာ သွေးစွန်းသည့် ဓားကိုင်ထားသူများကို ဖမ်းဆီး ရုံမျှဖြင့် ပဋိပက္ခကို ဖြေရှင်း၍မရ ပါ။ စစ်တုရင်စကားနှင့် ပြောရ လျှင် ထိုသူများက လှုံ့ဆော်သူများ စေစားရာဆောင်ရွက်ကြရသည့် နယ်ရုပ်များသာဖြစ်ပါသည်။ စစ် တုရင်ခုံပေါ်တွင် နယ်ရုပ်များကိုစေ လွှတ်နေကြသည့် ဘုရင်ကြီးများ၊ ဘုရင်မကြီးများနှင့် နယ်စားပယ်စားများကို အရေးယူရမည်ဖြစ်သည်။
အမုန်းတရားများကို ဖြန့်ဝေ သူများနှင့် ဘာသာရေးသွေးထိုး လှုံ့ဆော်သူများကို စုံစမ်းဖော် ထုတ်ရန်အတွက် ကမ္ဘာကျော်စ ကော့တလန်ယာ့ဒ်စုံထောက်အ ဖွဲ့ကြီးဆီမှာ ပညာဆည်းပူးရန်မ လိုအပ်ပါ။ ထောက်လှမ်းရေးပ ညာကို ရင်းနှီးကျွမ်းဝင်ပြီးသူဗိုလ် ချုပ်ကြီးဟောင်းများဖြင့် ဖွဲ့စည်း ထားသည့် အစိုးရအဖွဲ့အတွက်ပို ပြီးမလိုအပ်ပါ။ လိုအပ်နေသည် က ‘‘ပြတ်ပြတ်သားသား’’ ‘‘ချက် ချင်း’’ဆောင်ရွက်ရဲသည့်နိုင်ငံရေး သန္နိဋ္ဌာန်(Political Will)သာဖြစ် ပါသည်။
ရခိုင်တွင် ပဋိပက္ခမဖြစ်မီမှ စ၍ ပြဿနာအရှိန်မြင့်လာသည် အထိ မည်သူတွေဘာဟောပြော သည်၊ မည်သူတွေဘာတွေဖြန့်ဝေ နေသည်ကို လူ့အဖွဲ့အစည်းတစ် ခုလုံးနှင့် နိုင်ငံတကာကပါသိရှိပြီး ဖြစ်ပါသည်။
ဇူလိုင်လ ၇ ရက်က သမ္မတ၏ မိန့်ခွန်းတွင် မန္တလေးပဋိပက္ခနှင့် ပတ်သက်ပြီး ‘‘လူတစ်စု’’‘‘အဖွဲ့အ စည်းတစ်ခု’’က ‘‘ရည်ရွယ်ချက်ရှိ ရှိ’’နှင့်ဖန်တီးခဲ့သည်ဟု သမ္မတက ဆိုပါသည်။ အခုလိုပြောဆိုသည် မှာ ပထမဦးဆုံးအကြိမ်တော့မ ဟုတ်ပါ။ ပြည်သူများက ထိုစကား လုံးများနှင့် ရင်းနှီးကျွမ်းဝင်ပြီးဖြစ် ပါသည်။ လက်တွေ့တွင်မည်မျှ သတ္တိရှိရှိအရေးယူပြမည်ဆိုသည် ကသာ အရေးအကြီးဆုံး ဖြစ်ပါ သည်။
ဥပဒေ ချိုးဖောက်သူများ လွတ်မြောက်ခွင့်ရနေမှု(Impunit y) ကိုလျစ်လျူရှုခြင်းသည် တရား ဥပဒေကို အဓမ္မပြုကျင့်ခြင်းပင်ဖြစ်ပါသည်။
မန္တလေးမြို့တွင် ဇူလိုင်၎ရက်က လက်နက်ကိုင်ဆောင်သွားလာနေသူအချို့ကိုတွေ့ရစဉ်(ဓာတ်ပုံ−ငြိမ်းချမ်းနိုင်/အီးပီအေ)
ACM Credit To: 7 Day Daily
http://www.ayechanmon-news1.com/
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.