0


တောင်ကိုရီးယားနိုင်ငံဟာ မြန်မာနိုင်ငံ စစ်တပ်က အာဏာသိမ်း
မခံရမီထိ မြန်မာနဲ့ စီပွားရေးအဆင့်အတန်းမှာ အဆင့်တူတွေပါ။
မြန်မာကတောင် နည်းနည်းပိုသာချင်သာပါလိမ့်မယ်။

ဒါပေမယ့် ယခုအခါမှာတော့ တောင်ကိုရီးယားနိုင်ငံဟာ ကမ္ဘာ့
ထိပ်တန်းနိုင်ငံတစ်ခုဖြစ်လာခဲ့ပြီး၊ မြန်မာနိုင်ငံကတော့ ကမ္ဘာ့
အဆင်းရဲဆုံးနိုင်ငံထဲက တစ်ခုဖြစ်သွားခဲ့ပါတယ်။

အဲလိုဖြစ်သွားရတဲ့အကြောင်းရင်းတွေထဲမှာ...ရုပ်ပိုင်းဆိုင်ရာ
မပြည့်စုံမှုထက်၊ တိုင်းပြည်ကို အုပ်ချုပ်မင်းမူလာတဲ့ လူတန်းစား ကနေ...အခြေခံပြည်သူတွေအထိ စိတ်ဓာတ်ရေးရာနဲ့ စာရိတ္တ
မဏ္ဍိုင်ပြိုလဲ ပျက်စီးခဲ့ရခြင်းက အဓိကအကြောင်းချင်းရာတွေထဲ တစ်ခုအပါအ၀င်ဖြစ်ပါတယ်..။

ဒီပုံလေးမှာဆိုရင် တောင်ကိုရီးယားနိုင်ငံရဲ့မြို့တော် ဆိုးမြို့တော်ဝန်ရဲ့
အခွင့်ထူးမခံ၊ အခြေခံပြည်သူဘ၀လိုနေပြီး ရုံးတက်၊ ရုံးဆင်းနေတဲ့
ပုံလေးပါ..။

သူတို့မြို့တော်ဝန်ရဲ့ အခွင့်ထူးမခံ၊ ရိုးရှင်းစွာဖြတ်သန်းနေတဲ့ဘ၀ကိုမြင်ပြီး
ဆိုးမြို့တော်သူ၊ မြို့တော်သားတွေဟာ အတော်ချီးကျူးဂုဏ်ယူနေကြ
ပါတယ်။ ဒီပုံလေးကို သူနဲ့အတူ ရထားအတူစီးနေတဲ့ ကိုရီးယားပြည်သူ
တစ်ဦးက မှတ်တမ်းတင်ထားတာပါ။ သူတို့တိုင်းပြည်တွေဖွံ့ဖြိုးတာ
ဘာကြောင့်လဲဆိုတဲ့ အဖြေတွေထဲက အဖြေတစ်ခုကို ဒီပုံရိပ်တွေကနေ
တွေးယူဆင်ခြင်နိုင်ပါတယ်။

Photo : “ ကိုရီးယားက ဆိုးလ်မြို့ တော်ဝန် Park Won-soon။ ရထားစီးပြီးအိမ်အပြန်လမ်းမှာ တနေ့ တာ ၀န်ကိုထမ်းပြီး
ပန်းသမျှကို လမ်းတခဏမှာ မှေးစက်ရင်းနဲ့ ဖြေလေရဲ့ ။ ပြည်သူ
ထဲက ပြည်သူတဦး ဖြစ်လို့  သူ့ တာဝန် မြို့ တော်ဝန်ရာထူးဟာ
သူ့ အတွက်တော့ အလုပ်တခုသာ။ ဘယ်မှာလဲ အာဏာ
စည်းစိမ်ပေါ်မှာ ယစ်မူးနေတဲ့  အရိပ်လက္ခဏာတွေ။ ”

ဒီပုံလေးကနေ ဆက်စပ်တွေးမိတာကတော့ -
စိတ်နှလုံးပြည့်ဝပြီး...တိုင်းပြည်နဲ့ပြည်သူလူထုကို လေးလေးစားစား ဆက်ဆံ၊ ချစ်ခင်ကြတဲ့ ခေါင်းဆောင်တွေရှိကြတဲ့တိုင်းပြည်တွေဟာ ဖွံ့ဖြိုးတိုးတက်ကြတာ၊ ငြိမ်းချမ်းသာယာကြတာ မဆန်းပါဘူးလို့ပဲ သုံးသပ်ရှုမြင်ပါတယ်။

Source : 하승창 & http://en.wikipedia.org/wiki/Park_Won-soon
Credit to : Ko Min Aung Naing

Admin Team of YBAM
Young Buddhist's Association
2

Post a Comment

 
Top