ACM Re-Post 19-6-2014
တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ မရှိသော တာချီလိတ်မြို့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ၏ ညီလာခံကို မလုပ်လိုဟု NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက ပြောကြားသည်။
ထိုင်းနိုင်ငံ ချင်းမိုင်တွင် ဇွန် ၁၃ ရက်၊ ၁၄ ရက်နှင့် ၁၅ ရက်များတွင် ပြုလုပ်သည့် NCCT အဖွဲ့ အစည်းအဝေးတွင် တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးခေါင်းဆောင်များ ညီလာခံပြုလုပ်ရန် သဘောထား ရရှိခဲ့သော်လည်း လက်ရှိအချိန်ထိ ညီလာခံပြုလုပ်ရန် နေရာနှင့်ရက် သက်မှတ်နိုင်ခြင်း မရှိသေးဟု နိုင်ဟံသာက ဇွန် ၁၇ ရက်တွင် ပြောကြားသည်။
ချင်းမိုင်တွင် ပြုလုပ်ခဲ့သည့် NCCT အဖွဲ့ အစည်းအဝေးနှင့် ပတ်သက်၍ နိုင်ဟံသာက “ကျွန်တော်တို့ကတော့ ပြီးခဲ့တဲ့ တွေ့ဆုံပွဲထဲမှာ ဘယ်အချက်တွေက သဘောမတူနိုင်ဘူး။ ဘယ်အချက်တွေက သဘောတူညီမှု ရနိုင်တယ်။ နောက် သဘောမတူညီနိုင်တဲ့ ဟာတွေကို ဘယ်လိုနည်းလမ်းရှာမလဲ စသဖြင့်ပေါ့ဗျာ။ ကျွန်တော်တို့ကတော့ အဓိကအားဖြင့်က ထိပ်သီးခေါင်းဆောင်တွေကို တင်ပြနိုင်ဖို့ပေါ့။ အဲဒါကို ဘယ်လိုပြင်ဆင်မလဲ။ ဒါတွေကိုပဲ ဆွေးနွေးကြတာပါ။ ထိပ်သီးညီလာခံ လုပ်မယ်လို့တော့ သဘောထားရှိတယ်။ ဒါပေမဲ့ ဘယ်နေ့ ဘယ်နေရာမှာ လုပ်မယ်ဆိုတာကတော့ မသေချာသေးဘူး” ဟု ပြောကြားသည်။
“ကျွန်တော်တို့ တာချီလိတ်မှာက NCCT အဖွဲ့ဝင်တွေရဲ့ အဖွဲ့အစည်း တစ်ခုမှ မရှိဘူးလေ။ အဲဒီသဘော အနေအထားမျိုးနဲ့ကတော့ ကျွန်တော်တို့က သိပ်မလုပ်ချင်ဘူးလေ။ ကျွန်တော်တို့ကတော့ လွတ်လွတ်ကင်းကင်း နေရာမျိုးပေါ့။ အားလုံးလည်း တက်ရောက်နိုင်မယ်။ လွတ်လွတ်ကင်းကင်းလည်း ဖြစ်မယ်။ ဒီအစိုးရ ထိန်းချုပ်ထားတဲ့ ခွင်မှာတော့ မလုပ်ချင်ဘူးလေ။ ကျွန်တော်တို့ကလည်း ပြင်ဆင်မှု မပြည့်စုံသေးဘူး။ ထိပ်သီးအစည်းအဝေးမှာ တင်ပြနိုင်ဖို့လေ။ တင်ပြနိုင်ဖို့ဆိုတာ အစီရင်ခံစာရော သဘောထားတွေရော နည်းနာတွေရော ကျွန်တော်တို့က တင်ပြပေးရမှာကိုး” ဟု နိုင်ဟံသာက ပြောကြားသည်။
အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ေ
Aye Chan Mon Credit To: Eleven Media Group
http://
Post a Comment