0

ACM Re-post 16-6-2014

ဘင်္ဂလားဒေ့ရှ် နိုင်ငံ၌ Middle East respiratory syndrome (MERS-CoV) ရောဂါပိုး ကူးစက်မှုကြောင့် ပထမဆုံး အကြိမ်အဖြစ် လူသေဆုံးမှု ဖြစ်ပွား ခဲ့ကြောင်း ကျန်းမာရေး အာဏာပိုင် များက ယမန်နေ့က ထုတ်ပြန် ကြေညာ ခဲ့ကြောင်း သိရသည်။

MERS ရောဂါပိုး ကူးစက်မှုကြောင့် သေဆုံး ခဲ့သူမှာ အသက် ၅၃ နှစ်အရွယ်ရှိ အမျိုးသား တစ်ဦးဖြစ်ပြီး ၄င်းသည် အမေရိကန် ပြည်ထောင်စု မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ပြန်လစဉ် ယူအေအီး နိုင်ငံ ၊ အဘူဒါဘီမြို့ မှတစ်ဆင့် ပြန်လည် ရောက်ရှိ လာခဲ့ခြင်း ဖြစ်ကြောင်း ရောဂါ ကူးစက် ပြန့်ပွားမှု ထိန်းချုပ်ရေး ဌာနမှ တာဝန်ရှိသူ တစ်ဦး ဖြစ်သည့် ဒေါက်တာ မာမူဒါရန်မန် က ပြောကြား ခဲ့သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ယခု ဖြစ်ပွားခဲ့သည့် MERS ရောဂါပိုး ကူးစက်မှုသည် ပထမဆုံး အကြိမ်ဖြစ်ပြီး ရောဂါပိုး ကူးစက် ခံရသူများသည် အသက်ရှူ ရာတွင် အခက်အခဲ ဖြစ်ခြင်း များကို ခံစား ရလေ့ရှိကြောင်း သိရသည်။

ရောဂါကူးစက် ခံရပါက လူသေဆုံးမှုသည် ၄၀ ရာခိုင်နှုန်း ရှိပြီး ရောဂါ ကူးစက် ပျံ့နှံ့မည့် အန္တရာယ် နှင့် စပ်လျဉ်း၍ ကျန်းမာရေး အာဏာပိုင် များက စိုးရိမ်မကင်း ဖြစ်လျက် ရှိသည်။

အဆိုပါ ရောဂါပိုး ကူးစက် ခံရသူ ဦးရေသည် ကမ္ဘာပေါ်တွင် ၈၀၀ ဦးကျော် ရှိပြီး ၄င်းတို့အနက်က အနည်းဆုံး ၃၁၀ ဦးမှာ သေဆုံးခဲ့ကြောင်း ၊ ရောဂါပိုး ကူးစက်မှု အဖြစ်ပွား ဆုံး နိုင်ငံမှာ ဆော်ဒီအာရေဗျ နိုင်ငံ ဖြစ်ကြောင်း သိရှိရသည်။

Aye Chan Mon Credit To: http://pyichit-thar.blogspot.com/
http://www.ayechanmon-news1.com/

Post a Comment

 
Top