ACM Re-post 16-6-2014
တရုတ်နိုင်ငံသည် အငြင်းပွား နေသော တောင်တရုတ် ပင်လယ် အတွင်းရှိ ဝေးလံ ခေါင်းပါးသော Yongxing အမည်ရှိ ကျွန်းတစ်ခုပေါ်၌ စစ်ဘက် အမှုထမ်းများ၏ ကလေးငယ်များ နှင့် အခြား ကလေးငယ်များ ပညာ သင်ကြား နိုင်ရေးအတွက် စာသင်ကျောင်း တစ်ကျောင်း တည်ဆောက်လျက် ရှိကြောင်း သိရသည်။
အဆိုပါ စာသင်ကျောင်း တည်ဆောက် နေသောကျွန်းသည် တရုတ်နိုင်ငံ တောင်ဘက် ပြည်နယ် တစ်ခု၏ တောင်ဘက်စွန်း ကီလိုမီတာ ၃၅၀ အကွာခန့်တွင် တည်ရှိပြီး လူဦးရေ ၁၄၄၃ ဦးခန့် နေထိုင်ကြောင်း ၊ Sansha အမည်ရှိ အဆိုပါ အခြေစိုက် စခန်းကို တရုတ်နိုင်ငံက ၂၀၁၂ ခုနှစ် ဇူလိုင်လ တွင် စတင် တည်ထောင် ခဲ့ခြင်းဖြစ်ပြီး ယင်း အခြေစိုက် စခန်း၏ နယ်မြေသစ်တွင် စာတိုက် ၊ ဘဏ် ၊ စူပါမားကက် နှင့် ဆေးရုံ တို့ တည်ဆောက် ထားသည်ဟု သိရသည်။
ယင်း စာသင်ကျောင်း ကို ဇွန်လ ၁၄ ရက်က စတင် ဆောက်လုပ် ခဲ့ခြင်း ဖြစ်ပြီး ၁၈ လတာ ကာလအတွင်း အပြီးအစီး ဆောက်လုပ် နိုင်မည်ဟု မျှော်မှန်း ထားကြောင်း ၊ Yongxing ကျွန်းတွင် ကျောင်းနေအရွယ် ကလေးငယ် ၄၀ ဦးခန့် ရှိကြောင်း Sansha အစိုးရက ၄င်း၏ ဘက်ဘ်ဆိုက် ပေါ်တွင် ထုတ်ဖော် ရေးသား ထားကြောင်း သိရှိရသည်။
Aye Chan Mon Credit To: http://pyichit-thar.blogspot.com/
http://www.ayechanmon-news1.com/
Post a Comment