အသားဖြူဆေးအကြောင်းအရာကို အမေးများလို့ ပြောပြချင်ပါတယ် ။ အသားဖြူခြင်း မည်းခြင်း ညိုခြင်းသည် မျိုးရိုးဗီဇဖြင့်သာ သက်ဆိုင်သလို့  အဓိကဖြစ်ပါသည် ။
အသားဖြူဆေးသာ တကယ်ဖြူတယ် ဆိုးကျိုးလည်း မရှိဘူးဆိုရင် လူမည်းဆိုတာ ဘယ်ရှိမလဲ မိမိသည်ရိုးရိုးရှင်းရှင်းလေးတွေးမိပါသည် ။
တရုတ်နိုင်ငံဖက်ကလည်း လာပါတယ် သူထက်စာရင် ထိုင်းနိုင်ငံထုတ် အသားဖြူခရင်များကို ယခုနှစ်ပိုင်းတော်တော်များများ သုံးစွဲလာကြတယ်လို့ လည်း သိရပါတယ် ။ ကြေငြာလက်ကမ်းကိုဖတ် အဆိုးအကောင်းမှန်းမသိ သုံးစွဲ
နေကြပါသည် ။ စီးပွားရေး သမားတွေက ငွေကိုကြည့်မှာပါ လူသားဘယ်လို အကျိုးသက်ရောက်နေမယ်ဆိုမကြည့်တာများပါတယ် ။ ကျွန်တော်တို့ ကတော့ လူတွေရဲ့  ကောင်းကျိုးကိုဘဲ ကြည့်ရပါတယ် ။
ဒီလိုအသားဖြူအလှကုန်ပစ္စည်းများကို ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့်ဆေးဝါးကွပ်ကဲေ၇းဦးစီးဌာန (FDA)က ၂၀၁၄ ခုနှစ် မတ်လတွင် ဈေးကွက်အတွင်းရှိ အလှကုန်ပစ္စည်း ၂၁ မျိုးကို ဝယ်ယူစစ်ဆေးခဲ့ရာ ထိုင်းနိုင်ငံထုတ်သားဖြူခရင် ကိုးမျိုးတွင် အန္တရာယ်ဖြစ်စေသောပါဝင် ပစ္စည်းများတွေ့ ရှိခဲ့သည့် ။ အန္တရာယ်ရှိ အလှကုန်ပစ္စည်းတံဆိပ်များတွင် Mellano ၊ Polla Baschi နှင့် Nineteen Nano19 တို့ ပါဝင်ကြောင်း သတင်းများအရသိရှိရပါသည် ။
ဒါကြောင့် တကယ်အသားဖြူ မဖြူဆိုတာ အဖြေတစ်ခုပေးသိသလိုပါ ။
မြန်မာနိုင်ငံမှာလည်း ဒါတွေကကောင်းတယ် ဘယ်နိုင်ငံမှာဘယ်လို ဘယ်သူတွေကသုံးနေကြတယ် ကောင်းလွန်းလို့ လူတော်တော်များများ သုံးစွဲကြပြီး ရောင်းပေးရင်လည်း အမှတ်တွေရ ပိုက်ဆံလည်းရ အလုပ်လည်းရ ဆိုပြီး ကျန်နေသေးပါတယ် ။ အဟာရလိုလို ဆေးလိုလို ရောဂါတွေအကုန်ပျောက်သလိုတွေ ရှိနေ ပေါနေပါသေးတယ် ။ ရောင်းအားကောင်းရင် နိုင်ငံခြား ခရီးစဉ်တွေသွားရအုံးမယ် ဆိုတာတွေပေါ့ လူအကြိုက်မက်လုံးတွေက သည်းခြေအကြိုက် သည်းခြေအခိုက်ပေါ့ ။
အသက်ရာကျော် ရှည်ပါစေ
Aye Chan Mon Credit To: Mg Mandalay
http://www.ayechanmon-news1.com/
Post a Comment