0

အီတလီဘောလုံးသမားဟောင်းဘက်ဂီယိုကို သတင်းထောက်က အင်တာဗျူးလိုက်သည်။
“ဘက်ဂီယိုခင်ဗျား။ ၉၈ ကမ္ဘာ့ဖလားပွဲစဉ်မှာတုန်းက
ပင်နယ်လ်တီလွဲချော်ခဲ့ရတဲ့အပေါ်ဘယ်လိုများ သုံးသပ်မိပါသလဲ”
“အင်း တကယ်ကျေနပ်စရာကောင်းပါတယ်”
“ဘယ်လို ဘယ်လို၊ ကျေနပ်စရာကောင်းတယ်ဟုတ်လား၊
လင်းစမ်းပါဦးဗျ”
“ကျွန်တော်က ဂါရဝတရား ရှေ့ထားသူလေ၊ ကိုယ်ထက်အသက်ကြီး
သူကို ရိုသေရမယ်မဟုတ်လား”
“ဒါနဲ့ဘာဆိုင်လို့လဲ”
“ဆိုင်ပါသော်ကောဗျာ၊ ကျွန်တော့်ထက် အသက်ကြီးတဲ့ ဘရာဇီးဂိုးသမား တာဖာရယ်ကလက်နဲ့ဖမ်းမှာကို ကျွန်တော်က ခြေထောက်နဲ့ ကန်ပေး ရမယ်ဆိုရင်ငရဲကြီးမှာပေါ့ဗျ၊ ဒါကြောင့် တမင်လွဲအောင်ကန်ပစ်လိုက်တာပါ”

ရဲစတိုင်း
http://www.mmanewsagency.com/?p=6078

Aye Chan Mon Credit To: The Myanma Age
http://www.ayechanmon-news1.com/

Post a Comment

 
Top