0


ACM Re-Post 2-6-2014

ဆယ်စုနှစ် တစ်ခုကျော် အချိန်ယူရေးဆွဲ ခဲ့တဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေရဲ့ အခေါင် အချုပ် ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရေးဟာ ရေဆူအမှတ် ကို ရောက်နေပြီ လား လို့ မေးစရာရှိနေပါပြီ။ ဒီ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ ဖော်ဆောင်ရေး ဟာ အစပြုခဲ့ ပါတယ်။ ဒီမိုကရက်တစ် လစ်ဘရယ် လူ့အဖွဲ့ အစည်း တစ်ရပ် တည်ထောင်ဖို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တစ်ခု မဏ္ဍိုင်ပြုဖို့ လိုအပ်သလို နိုင်ငံသား တို့ရဲ့ လိုအပ်ချက် နဲ့အညီ ကာလဒေသ ပယောဂကို လိုက်ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ သစ်ပင် တစ်ပင်လို ရှင်သန်ဖို့လည်း လိုအပ်ပါတယ်။ ဒီမိုကရေစီ ရင့်ကျက်သွားတဲ့ နိုင်ငံတွေ မှာတော့ အခြေခံ ဥပဒေသစ်ပင်ရဲ့ အရိပ် အာဝါသနဲ့ အသီး အပွင့်တွေ ကို မျိုးဆက် အဆက်ဆက် ခိုလှုံ စားသုံးနေကြတာဟာ အားကျ စရာပါပဲ။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရှင်သန်ရေး အတွက် လိုအပ်နေ တဲ့ ပြုပြင်ပြောင်းလဲရေး အခြေအနေတွေ အပေါ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဒုဥက္ကဋ္ဌ ဦးဌေးဦးနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့ အစည်းက ဦးကိုကိုကြီး တို့ကို ပေါ်ပြူလာနယူးစ် ကတွေ့ဆုံ မေးမြန်းပြီး ကောက်နုတ် ဖော်ပြလိုက်ပါတယ်။

အခုဆို ဦးကိုကိုကြီး တို့ရဲ့ ၈၈ ငြိမ်းပွင့် ဟာ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင် ရေးအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ပူးပေါင်း ဆောင်ရွက်နေပြီ ဆိုတော့ လူထု ကလည်း ပိုပြီး စိတ်ဝင် စားလာနေပြီ။ များလာတာ နဲ့အမျှ အခက် အခဲတွေ စိန်ခေါ်မှုတွေ ပိုများလာမယ့် အနေ အထားပါ။ ဒီအပေါ်မှာ အထိ အခိုက် နည်းနည်း နဲ့ ချောချောမွေ့မွေ့ ဖြစ်အောင် ဘယ်လို မဟာဗျူဟာတွေ များ ရှိထားပါသလဲ။

အရင်ဆုံးပြောချင်တာက ဒီဖွဲ့ စည်းပုံ အခြေခံ ဥပဒေက ဘယ်လို သန္ဓေ တည်လာသလဲ ဖြစ်လာသလဲပေါ့။ အဓိက,က ရှစ်လေးလုံး လူထု အရေး တော်ပုံ ကြီးဖြစ်တယ်။ တပ်မတော်က အာဏာ သိမ်းတယ်။ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ လုပ်ပေးမယ်။ ပြီးရင် စစ် တန်းလျား ပြန်မယ် ဆိုပြီး တိုင်းသိပြည်သိ ကတိပေးတယ်။ ရွေးကောက် ပွဲပြီးတဲ့ အချိန် မှာ ရွေးကောက်ပွဲ အနိုင်ရတဲ့သူ တွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေး ဆွဲဖို့ အတွက်သာ ဖြစ်တယ် ဆိုပြီး ပြော တယ်။ ပြီးတော့ ညောင်နှစ်ပင် ညီလာခံ ကိုခေါ် တယ်။ အဲ့ဒီမှာ အစုအဖွဲ့ ၈ ဖွဲ့ ဆိုပြီးလုပ်တော့ ရွေးကောက်ခံ ကိုယ်စား လှယ်တွေဟာ ရှစ်ပုံတစ်ပုံ ဆိုတဲ့ အနေ အထားကို ရောက်သွားတယ်။ အဲ့မှာ အဓိက အနိုင်ရ ပါတီတွေ ဖြစ်တဲ့ NLD တို့ ရှမ်း NLD တို့က ညောင်နှစ်ပင် ညီလာခံကို စွန့်ခွာ သွားကြတယ် ဆို တော့ ဒီဥပဒေကို ရေးဆွဲတဲ့နေရာ မှာ ရွေးကောက်ခံ ရတဲ့ ပြည်သူ့ ကိုယ်စား လှယ်ဟာ ၅ ရာခိုင်နှုန်း ပတ်ဝန်းကျင်ပဲ ကျန်တော့တဲ့ အနေအထား။ ပြောရရင် လူထု ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေ မပါဘဲနဲ့ ရေးဆွဲခဲ့တဲ့ အခြေခံ ဥပဒေ။ တိုင်းရင်းသား ကိုယ်စားလှယ်တွေ ပါ တယ် ဆိုပြီး ပြတယ် ။ဒါပေမဲ့ အပစ်ရပ် တိုင်းရင်းသားတွေ ဆွေးနွေး တာတွေ အားလုံးကို မှတ်တမ်း တင်တဲ့ အဆင့် ပဲ ရှိခဲ့တယ်။ ပြီးတော့ အတည်ပြုတဲ့ အချိန် ကလည်း ဆိုင်ကလုန်း နာဂစ်ကြောင့် တစ်နိုင်ငံလုံး ကြေကွဲနေရတဲ့ အချိန်။

ကျွန်တော်တို့ အကျဉ်းထောင်က ပြန်လွတ်လာတဲ့ အချိန်မှာ ၂ဝဝ၈ ဖွဲ့ စည်းပုံက အတည်ဖြစ်နေပြီ။ ၂ဝ၁ဝရွေး ကောက်ပွဲ ရလာဒ်က အတည်ဖြစ်နေပြီ။ ၁၉၉ဝ အနိုင်ရ အဓိက ပါတီတွေ မပါဘဲ နဲ့ ကျင်းပခဲ့တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ ဟာ ကြိုတင်မဲတွေ မဲမသမာမှုတွေ နဲ့ ဟိုး လေးတကျော်ကျော် ဖြစ်ခဲ့တယ်။ အခု အချိန်မှာ တိုင်းပြည် တည်ငြိမ်ရေး အတွက်အသွင် ကူးပြောင်းမှု တည်ငြိမ် ရေးအတွက် ဒီဖွဲ့စည်းပုံ၊ ဒီလွှတ်တော် အခင်းအကျင်း ကို ပိုပြီးတော့ လူထု ကိုယ်စားပြုမှု အားကောင်း လာအောင် ကြိုးစား ခဲ့တယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကလည်း ကြားဖြတ် ရွေးကောက်ပွဲ ဝင်တာ ဒီဖွဲ့စည်းပုံကို ပြင်မယ်ဆိုတဲ့ ရည်မှန်းချက် ကို အတိအလင်း ကြေညာပြီး ဝင်ခဲ့တာ ဆိုတော့ ကျွန်တော် တို့ဟာ ဒီကိစ္စကို ဟိုးညောင်နှစ်ပင် ညီလာခံက တည်းက မမျှတလို့ ဆိုပြီး ဆန့်ကျင်ခဲ့တာ။ အခုအချိန် အထိ ကျွန် တော်တို့က ဒီအခြေခံ ဥပဒေကို လက် ခံတယ်လို့ မပြောဖူးသေးဘူး။ သို့သော် အမျိုးသား ပြန်လည် သင့်မြတ်ရေးအ တွက် ဒီအခြေအနေ ကိုပဲ အကောင်းဆုံး ဖြစ်အောင် ကျွန်တော်တို့ လုပ်သွား ဖို့ ပြင်ဆင် လာခဲ့တယ်။ အဲ့ဒီတော့ ပြီးခဲ့တဲ့ ရှစ်လေးလုံး ငွေရတုပွဲ မှာလည်း ရှစ် လေးလုံး နိုင်ငံရေး အင်အားစုတွေ အား လုံးက ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက် ၃ ခုထဲမှာ လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ ဆိုတာ ပါတယ်။ အဲဒီတော့ အချုပ် ကိုပြောရရင် စပြီးလုပ် ကတည်းက အမျိုးသား ပြန်လည် သင့်မြတ်ရေးကို တစ်လျှောက် လုံး ခိုင်ခိုင်မာမာ ဆုပ်ကိုင် ထားတယ်။ အခု ၄၃၆ ပြင်ဆင်ရေး ကိုလည်း တစ်ဖက်က ဒါကို စိုးရိမ်စရာ အန္တရာယ်လို့ မြင်လာတာဟာ အစဉ် အလာတွေးခေါ် မှု ပုံစံပဲ။ ပြည်သူတွေ နိုင်ငံရေးကို တက်တက်ကြွကြွ ပါဝင် လာပြီဆိုရင် လုံခြုံရေး အန္တရာယ်လို့မြင် လာတာဟာ ယခင် စစ်အစိုးရ လက်ထက် က တစ်လျှောက်လုံး အသုံးပြု လာတဲ့ ချဉ်းကပ်ပုံ။ ကျွန်တော်တို့က ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေ လုပ် တော့မယ် ဆိုရင် အနိမ့်ဆုံး အဆင့်တော့ အဲဒီ mindset ကို အဲဒီတွေးခေါ် ပုံ ကိုပြောင်း ဖို့လိုတယ်လို့ ယုံကြည်တယ်။ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကြိုးစားနေတာ ဟာလည်း တစ်စုံတစ်ယောက် တစ်စု တစ်ဖွဲ့ကို တိုက် ခိုက်ပြီးပြင်ဆင်ဖို့ ကြိုးစားနေတာ မဟုတ် ဘူး။ စိုးရိမ်နေတဲ့ သူတွေကလည်း မစိုးရိမ်ပါနဲ့။ အတူတူ ပူးပေါင်း ပါဝင်လို့ ရ တယ်။ ချက်ချင်းကြီး တစ်ထိုင်တည်း ပြင်ဖို့ ကြိုးစားနေတာ မဟုတ် ဘူး။ တစ် ဖက်က အမျိုးသားပြန်လည် သင့်မြတ်ရေး ကို အခြေခံပြီးတော့ ပူးပေါင်းပြင်ဆင်ဖို့ ကြိုးစားနေတာ။ တိုက်ခိုက်ပြီး ပြင်ဆင်ဖို့ ကြိုးစားနေတာ မဟုတ်ဘူး။ အဲဒါ ကို ရှင်းရှင်းလင်းလင်း သတင်း စကားပါးချင် တယ်။

ခုဆိုရင် အိမ်နီးချင်း နိုင်ငံတွေမှာ နိုင်ငံရေး အခင်းအကျင်း ပြောင်းလဲလာတာ အမေရိကန်နဲ့ အီးယူက စစ်ဘက် ဆိုင်ရာ ပိတ်ဆို့မှုတွေကို နောက်ထပ် သက်တမ်း တိုးတာ ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအပေါ် သက်ရောက်မှု တစ် ခုခု ရှိလာနိုင်လား။

ကျွန်တော်ကတော့ ဒီလိုပဲ ယုံကြည်တယ်။ နိုင်ငံတကာက ကျွန်တော်တို့ အပေါ် စာနာတာ၊ အကူအညီပေးတာ တွေအပေါ် ကျေးဇူးလည်း တင်တယ်။ လေးလည်း လေး စားတယ်။ ဒါပေမဲ့ ကိုယ့်ပြည်တွင်းက ပြဿနာတွေကို ဖြေ ရှင်းဖို့ ဆိုတာက ပြည်တွင်းက အင်အားစု တွေ အရေးကြီးတဲ့ Stakeholder တွေ နိုင်ငံရေးမှာ အရေးပါတဲ့ ပုဂ္ဂိုလ်တွေ အချင်းချင်း ဘယ်လောက် နားလည်မှု တည်ဆောက်နိုင်မလဲ ဆိုတဲ့ အပေါ် မှာပဲ တည်တယ်လို့ ကျွန်တော်ယုံ ကြည်တယ်။ ဆိုတော့ ဒီနေရာ မှာ နားလည်မှု တည်ဆောက်တယ် ဆိုတဲ့ နေရာမှာ တစ်ဖက်သတ် အလျှော့ပေး တာ မဟုတ်ဘူး။ ရပ်တည်ချက် ကိုတော့ ကျွန်တော်တို့က အခိုင်အမာ ရပ်တည် တယ်။ ပြောမှာပဲ။ အဲဒီလို ပြောတာဟာ တစ်ယောက်ကို တစ်ယောက် ချေဖျက် တိုက်ခိုက်နေတာ မဟုတ်ဘူး ဆိုတာကို တစ်ဖက် အဖွဲ့အစည်းတွေ ကလည်း နား လည် လက်ခံဖို့ လိုပါတယ်။ ကျွန်တော် တို့ကလည်း သူတို့ ပြောနေတာတွေ ဟာ သူတို့ ဖြတ်သန်းမှု သူတို့ ရပ်တည်တဲ့ အပေါ် ကနေပြီးတော့ ပြောနေတာပဲ ဆိုတဲ့ အမြင်မျိုး အပြန်အလှန် ရှိဖို့ လို တယ်။ ကျွန်တော်တို့က ၄၃၆ ကို ပြင် ချင်တယ်။ ဘာဖြစ်လို့ ပြင်ချင်သလဲ ဆို တာကို လူသိရှင်ကြား ကျွန်တော်တို့ ပြောထား ပြီးပြီ။ ရွေးကောက်ခံ ရတဲ့ ကိုယ်စားလှယ် အားလုံး၊ တစ်နည်းအား ဖြင့် မဲဆန္ဒရှင် အားလုံး ပြင်ချင်တယ်ဆို ရင်တောင်မှ ပြင်လို့မရဘူး ဆိုတာကြီး ကတော့ ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့ လုံးဝ ကို ကွဲလွဲနေပါတယ်။ နောက်တစ်ခုက နိုင်ငံသား မဲဆန္ဒရှင်တွေ ရဲ့ ဂုဏ်သိက္ခာ ကိုလည်း ထိခိုက်စေပါတယ်။ ဒီနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု လုပ်နေ ပါပြီလို့ လည်း ပြောတယ်။ မဲဆန္ဒရှင် အားလုံးက ပြင်ချင်တယ် ဆိုရင်တောင် ပြင်လို့မရအောင် ချုပ်ချယ်ထားတယ် ဆိုတာက နိုင်ငံတော် ရဲ့ ဂုဏ်သိက္ခာကို လည်းထိခိုက်စေ တယ်။ နိုင်ငံသား မဲဆန္ဒ ရှင်တွေရဲ့ ဂုဏ်သိက္ခာ ကိုလည်း ထိခိုက် စေတယ်။ နောက် အရေးကြီးတာက တပ်မတော်ရဲ့ ဂုဏ်သိက္ခာ ကိုလည်း ထိ ခိုက်စေတယ်။ တပ်မတော် ဟာ နိုင်ငံသား မဲဆန္ဒရှင်တွေရဲ့ ပြုပြင်ပြောင်းလဲလို စိတ်ကို အလေးအနက် မထားဘဲနဲ့ သူ တို့သဘောတူမှ ပြုပြင်ပြောင်းလဲ ရမယ် ဆိုတဲ့ အနေအထားဟာ တပ်မတော် ရဲ့ ဂုဏ်သိက္ခာကို အကြီးအကျယ်ထိခိုက် စေတယ်။ နောက်တစ်ခု က ဒါတွေအား လုံးဟာ အရင် အစိုးရအရင် ပုဂ္ဂိုလ် အရင် လူတွေရဲ့ စိုးရိမ်ကြောင့်ကြမှု အပေါ် မူတည် ပြီး ရေးဆွဲ ထားတာဖြစ်တယ်။ ဆိုတော့ ကျွန်တော်တို့က နိုင်ငံ တည်ဆောက်ရေး လုပ်တဲ့နေရာမှာ လက်ရှိ မျိုးဆက်နဲ့ နောင် လာမည့် မျိုးဆက်တွေ ရဲ့ အမြော် အမြင် ပေါ်မှာ အခြေပြုပြီး တည်ဆောက်သင့် တယ်။ အရင်လူတွေ လုပ်ခဲ့ တာအားလုံး ကို ဒီအတိုင်း လိုက်နာနေရမယ်။ ကာ ကွယ်နေရမယ် ဆိုရင် လက်ရှိ မျိုးဆက်၊ နောက်မျိုးဆက်တွေ အပေါ် ဥပေက္ခာ ပြုရာရောက်တယ်။

အဲဒီတော့ အခုကျွန်တော်တို့ ပြောနေတာ ကလည်း တပ်မတော်ထဲ မှာရှိ နေတဲ့ လက်ရှိ ခေါင်းဆောင်တွေ ကျွန်တော်တို့ အရပ်ဘက် မျိုးဆက်တွေနဲ့ ရင်း နှီးတဲ့ နားလည်မှု ကို တည်ဆောက်ချင် တယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က တိုက်ရိုက်လည်း စကားပြောချင်တယ်။ ၄၃၆ ပြင်တာသည် တပ်မတော်ကို တိုက် ခိုက်နေတာ မဟုတ် ဘူး။ ဘယ်သူ့ကိုမှ တိုက်ခိုက်နေ တာလည်း မဟုတ်ဘူး။ တကယ်လို့ မပြင်ချင်ဘူး ဆိုရင်လည်း ပြောခွင့် ရှိတယ်။ ဘာကြောင့် မပြင်ချင် ဘူး ဆိုတာကို ပွင့်လွင့် လင်းလင်း ပြောဖို့ အခွင့်အရေး သူတို့မှာလည်း ရှိတယ်။ ကျွန်တော် တို့ကတော့ ပြောပြီ။ အဖွဲ့ အစည်း အားလုံး ပါဝင်ဖို့ ကျွန်တော်တို့ ဖိတ်ခေါ်နေတာ။ ဒီလုပ်ဆောင် မှုကြောင့် မငြိမ်မသက်မှုတွေ အထိ ရောက်သွား မယ်လို့ ကျွန်တော်တို့ မထင်ထားဘူး။

အခြေခံ ဥပဒေ ပြင်ဆင်ရေး ပုဒ်မ ၄၃၆ ကို ပြင်ဆင်ပြီးသွားရင် နောက်ထပ်ဦး စားပေးပြင်ဆင်ရမယ့် ပြင်ဆင်သင့်တဲ့ အရေး အကြီးဆုံး ပုဒ်မ၊ အကြောင်း အရာက ဘာ များဖြစ်မယ် လို့ ထင်မြင်ယူ ဆထားပါသလဲ။

ဒီမေးခွန်းနဲ့ ပတ်သက်လို့ ကျွန်တော် တစ်ဦးတည်း အမြင် သဘောထား ကိုပဲပြောချင်တယ်။ ကျွန်တော်နိုင်ငံ ရေး လုပ်ကတည်းက နိုင်ငံရေး ဆိုတာ နိုင်ငံ တစ်ခုလုံး အတွက် ဆိုတဲ့ ယုံကြည်မှု မျိုးနဲ့လုပ်တာ။ ကျွန်တော့် စိတ်ထဲမှာ လူ ပုဂ္ဂိုလ် အဖွဲ့အစည်း မရှိဘူး။ အဲ့ဒီတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး မှာ လည်း လူ ပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေ အပေါ် အခြေခံ ပြီးတော့ ချဉ်းကပ်တာမျိုး မလုပ်ချင်ဘူး။ နိုင်ငံမှာ အရေးအကြီးဆုံး အချက် ဒီမိုကရေစီ အရေး တိုင်းရင်းသား အရေး အဲ့ဒီနှစ်ခု ကို မဖြေရှင်းနိုင်ဘဲ နဲ့ ဖွံ့ ဖြိုး တိုးတက်ရေး ဆိုတာ အာမခံချက် မရှိ ဘူးလို့ ကျွန်တော်ယုံတယ်။

ရှေ့သွားမယ့် ဒီမိုကရေစီ ခရီးမှာ ရန်ဘက် မရှိရဘူး။ အလွန်ဆုံး ရှိလှ ပြိုင်ဘက်ပဲ။ အဲဒီတော့ တစ်ယောက်ကို တစ်ယောက် ဖယ်ထုတ်ဖို့ ကြိုးစားတာ မျိုးထက် ဒီမိုကရေစီ စံချိန် စံညွှန်းတွေကို ပြည့်သထက် ပြည့်လာအောင် ကြိုး စားကြမယ်ဆိုတဲ့ စိတ်ဓာတ်မျိုး ထားရင် အားလုံး ပါဝင် လုပ်နိုင်မယ်။ နောက်အ ရေးကြီးတာ တိုင်းရင်းသား တန်းတူညီမျှ ရေးပြဿနာ။

၂ဝ၁၅ မတိုင်မီမှာ ပုဒ်မ ၄၃၆ ကို အရင်ဆုံး ပြင်ပေးစေချင်တယ်။ နောက် တစ်ဆင့် ဖြစ်စေချင်တာ ကတော့ တိုင်း ရင်းသား အရေးနဲ့ပတ်သက်တာ။

လွှတ်တော်နဲ့ အစိုးရက ပထမ သက်တမ်း အတွင်းမှာကို ပုဒ်မ ၄၃၆ ကို ပြင်ဆင်ပြီးတော့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးကို တကယ် စပြီ ဆိုတာကို နိုင်ငံတကာ ကိုရော ကိုယ့်နိုင်ငံ ကိုရော ပြစေချင်တယ်။

ပြီးတော့ တိုင်းရင်းသား အရေးနဲ့ ပတ်သက်ပြီးတော့ အစိုးရနဲ့ လွှတ်တော် က ဘယ်လောက် အရေးထားသလဲ ဆိုတာကို ပြစေချင်တယ်။ ပြည်နယ်နှင့် တိုင်းဒေသ ကြီးတွေ မှာ ဝန်ကြီးချုပ်ကို သမ္မတက အမည်စာရင်း တင်သွင်းတာ မဟုတ်ဘဲနဲ့ သက်ဆိုင်ရာ လွှတ်တော် တွေကနေ ရွေးချယ် တင်မြှောက်ခွင့်ကို ဖန်တီးပေးပါ။ ပြီးတော့ ပြည်နယ် အစိုး ရတွေက ကိုယ်ပိုင် ဘတ်ဂျက်နဲ့ လုပ် ဆောင်လာနိုင်အောင် အတိုင်းအတာ တစ်ခုအထိ ဖြေလျှော့ပေးစေ ချင်တယ်။ အဲဒီနည်းလမ်း နဲ့ နိုင်ငံမှာ ရှိနေ တဲ့ တိုင်း ရင်းသားတွေနဲ့ လူများစု ဗမာတိုင်းရင်း သားတွေ ကြားမှာ မယုံသင်္ကာမှုတွေ၊ အမြင် မကြည်လင်မှုတွေ ကိုလည်း လျှော့ ချနေမယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့် တွေ့ဆုံမေးမြန်းခြင်း။

ဆယ်စုနှစ် တစ်ခုကျော် အချိန် ယူပြီးရေး ဆွဲတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ဖို့ သင့်မသင့်ဆိုတာကို ပြန်သုံး သပ်ဖို့ ပြီးခဲ့တဲ့နှစ် လွှတ်တော်မှာ အဆို တင်ခဲ့တာ က ပြည်ခိုင်ဖြိုး ပါတီ ဒုတိယ ဥက္ကဋ္ဌ သူရဦးအေးမြင့် ကိုယ်တိုင်ဖြစ်နေ တာကို တွေ့ရတယ်။ ရေးဆွဲခဲ့မှုမှာ အသင်း အနေနဲ့ ပါဝင်ခဲ့သူတွေက ဘာလို့ ပြန်ပြင် ချင်နေရတာလဲ။

ဥပဒေ တစ်ခု ဆိုတာမျိုးက ကာလ အရှည်ကြီး ဒီအတိုင်းပဲ တည်ရှိ ရမယ်လို့ မှ မရှိတာဘဲဗျာ။ ခေတ်ကာလနဲ့ လိုက် ပြီး ပြင်ဆင် တာမျိုးတွေ၊ ဖြည့်စွက် တာမျိုး တွေ၊ ပယ်ဖျက် တာမျိုးတွေက လွှတ်တော် ရှိတဲ့နိုင်ငံတိုင်း လုပ်ကြရတဲ့ အလုပ်ပါပဲ။ ပြီးခဲ့တဲ့နှစ်က ကျွန်တော် တို့ ပါတီက ဒီအတွက်ကို လွှတ်တော်မှာ အဆို တင်ခဲ့ တယ်။ ပြင်ဆင်ချင်ကြတဲ့ သူတွေ ရှိနေတယ်။ ဒါကို ကျွန်တော်တို့ သင့်၊ မသင့် သုံးသပ် ကြရအောင်လို့ ဆို ပြီး လွှတ်တော် ထဲရောက်နေ တဲ့ ကျွန် တော်တို့ ပါတီက လူတွေ၊ NLD က ပုဂ္ဂိုလ်တွေ၊ အခြားပါတီစုံက ကိုယ်စားလှယ်တွေ၊ တပ်မတော်သားတွေ စုပြီး ကော်မတီ ဖွဲ့ပြီး လုပ်ခဲ့ကြတယ်။ ဒါက ပြင်ဖို့ အထိ မဟုတ်သေး ဘူးနော် ။ပြင်သင့်လား၊ မပြင်သင့်လား ဆိုတာကိုပါ။ အစီရင်ခံ စာတွေကိုလည်း လွှတ်တော်ထံ တင်ထားပြီးပါပြီ။ ဆက်ဆွေးနွေး ဖို့တွေ လည်း ရှိနေပါသေးတယ်။ လုပ်သင့်တဲ့ အ လုပ်မို့ လုပ်တာပါ။

NLD ပါတီနဲ့ ၈၈ မျိုးဆက်တွေက ဖွဲ့ စည်းပုံ အခြေခံ ဥပဒေပြင်ဖို့ ဆက်တိုက်တောင်းဆို လာကြတာကြောင့် အဲဒီ ဖိအားကို ပြည်ခိုင်ဖြိုးက မခံနိုင်လို့ပြင်ဖို့ လုပ်ကြတာ လား။

ကျွန်တော်တို့က တစ်ဦး တစ်ယောက်၊ အဖွဲ့အစည်း တစ်ခု အတွက် ပြင်ဆင်မှု မလုပ်ပေးနိုင်ဘူး လို့ အတိအလင်း ပြောထားပြီးသားပါ၊၊ ဒါကြောင့် ထပ်မပြောချင်ပါ ဘူး။ နိုင်ငံ အတွက် အကျိုးရှိမယ်။ ပြည်သူလူထု အတွက် လည်း အကျိုးရှိမယ် ဆိုရင် ကျွန်တော်တို့ က ပြင်မှာပဲ။

ပြည်ခိုင်ဖြိုး ပါတီက ဦးဆောင်ပြီး ပြင် ဆင်ဖို့ လုပ်ရာမှာ ဘာတွေကို လက် ကိုင်ထားမှာလဲ။

ပါတီစုံ သွားနေတဲ့ ဒီမိုကရေစီ လမ်းကြောင်းကို ထိခိုက်အောင် မလုပ်ဘူး။ တိုင်းရင်းသားတွေ စုနေတဲ့ နိုင်ငံဖြစ်တာကြောင့် စည်းလုံး ညီညွတ်မှု အပေါ် အဆိုးရောက် သွားအောင် မလုပ်ဘူး။ နိုင်ငံရေး၊ စီးပွားရေး ထိခိုက်အောင် မလုပ်ဘူး။ တည်ငြိမ် အေးချမ်းမှုကို ပျက် အောင် မလုပ်ဘူး။ ဆူပူမှုတွေကို မဖန်တီးဘူး။ ဒီလမ်းကြောင်းတွေ နဲ့ လွတ်တဲ့ လမ်းကြောင်းကို ကျွန်တော်တို့ လက် ကိုင်ထားတယ်။ ဒါတွေနဲ့ သွေဖည်ရင် တော့ ပြင်ဆင်မှုကို မလုပ်ပေးနိုင်ဘူး။

ဒါဆို တစ်ဖက်က ပြင်ဆင်မှုလုပ်နေတာ တွေက အကောင်းဘက်မှ သွေဖည်ပြီး အဆိုးလမ်းကြောင်းပေါ် ရောက်နေ တယ်လို့ပြောချင်တာလား။

ဒီလိုတော့ဘယ်သူ့ကိုမှ ကျွန်တော် မစွပ်စွဲဘူး၊၊

ရှေ့အပတ်ထဲမှာ NLD ကတော့ ပုဒ်မ ၄၃၆ ပြင်ဖို့ကို လူထုဆန္ဒ လက်မှတ်တွေ ကောက်နေပါပြီ။ ဒါကိုရော ဘာမှတ် ချက်ပေးလိုပါသလဲ။

လူထုရဲ့ဆန္ဒရယူတာပဲလေ၊၊ ဘာ မှတ်ချက်မှ မပေးချင်ဘူး။ လူထုက လိုလားတယ်။ နိုင်ငံအတွက်၊ ပြည် သူလူထု အတွက် အကျိုးမယုတ်ဘူးဆို ရင် ပြီးတာပဲ၊၊

ပုဒ်မ ၄၃၆ က ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို အဓိက တားထားတဲ့ တံခါးဝ ပုဒ်မ တစ်ခုလည်း ဖြစ်တယ်။ လွှတ်တော်တွင်း က ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံ မှ ပြင်လို့ရမယ် ဆိုတော့ အ တိုက်အခံက ဒါက ဒီမိုကရေစီ နဲ့မညီဘူး လို့ စွပ်စွဲနေတယ်၊၊ ကြည့်လိုက်ပြန်ရင် လည်း တပ်က ၂၅ ရာခိုင်နှုန်း နေရာ ဝင်ယူ ထားတော့ ဟုတ်နေ တယ်။ ဒီအ ပေါ်မှာရော ပြည်ခိုင်ဖြိုးက ဘယ်လို သ ဘောထားလဲ။

ကျွန်တော် တို့ပြင်မယ် ဆိုတဲ့အ ချက်တွေထဲမှာ ပုဒ်မ ၄၃၆ နဲ့ အခြား အချက်တွေလည်း ပါပါတယ်။ ဒါပေမဲ့ ဒါ ကို ကျွန်တော်က ကြိုမပြောချင်ဘူး။ လွှတ်တော်ထဲ မှာ ပြောကြ မယ့် စကား တွေဖြစ်နေလို့ပါ။

NLD ရဲ့ စုဆောင်းမှု လက်မှတ်တွေ ကိုရော ပြည်ခိုင်ဖြိုး ကိုယ်စားလှယ် အများစု ပါတဲ့ လွှတ်တော်က ထည့်သွင်း စဉ်းစားမှာလား။ ဒါ့အပြင် ပြည်ခိုင်ဖြိုး ဘက် ကလည်း မပြင်ချင်တဲ့ အချက်တွေ ကို ကောက်နေတယ် ဆို။

ကျွန်တော်တို့ ပါတီ ကိစ္စကို ကျွန်တော် အရင်ရှင်းပါ့မယ်။ ကျွန်တော် တို့ပါတီက ပုဒ်မ ၅၉ မပြင်ဖို့၊ ပုဒ်မ ၄၃၆ မပြင်ဖို့ လက်မှတ်တွေ လိုက်မ ကောက်ဘူး။ ဒါက ရှင်း လင်းပြီး သားဖြစ် လို့ ထပ် ရှင်းစရာတောင် မလိုဘူး၊၊ စော နက ပြောတဲ့ စုဆောင်း လက်မှတ်တွေ ကို စဉ်းစားမှာလား မေးရင် ဒါလည်းပြည် သူပဲလေ စဉ်းစားပေးရ မှာပေါ့။

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လူထု စိတ်ဆင်းရဲနေတဲ့ အချိန်၊ နာဂစ် မုန် တိုင်း တိုက်ခတ်ချိန်မှာ အချိန် ကိုက်ပြီး လူထုကို အတင်း ထောက်ခံခိုင်းခဲ့တယ်။ ဒီ ဥပဒေက လုံးဝ အကျိုးမရှိဘူး။ စတဲ့စွပ် စွဲ သံအပေါ် ကိုရော အဲဒီ အချိန်က အစိုး ရအဖွဲ့ဝင် တစ်ဦးဖြစ်ခဲ့တဲ့ ဦးဌေးဦး အနေနဲ့ ဘာပြောလိုပါသလဲ။

တစ်နှစ်နှစ်နှစ် နဲ့ ဒီဥပဒေကို ရေးဆွဲခဲ့တာ မဟုတ်ဘူး။ အချိန်ယူရတဲ့ အတွက် ကြိုပြီး အတည်ပြုမယ့် အချိန်ကို သတ်မှတ်ရပါတယ်။ ဒီအချိန်မှာ နာဂစ် ဖြစ်မယ် ဆိုတာ လည်း မသိဘူး၊၊ ကျွန် တော်တို့ကို ပြောကြတာပေါ့ဗျာ။ အခွင့် ကောင်းယူတယ် ဆိုပြီးတော့။ အမှန်ပြော ရရင် ဒီလို ဒီအချိန်မှာ ဒါတွေဖြစ်မယ် လို့ ကြိုမသိခဲ့ဘူးဗျာ။

ထောက်ခံမဲက ၉၂ ဒသမ ၄၈ ရာခိုင် နှုန်းနဲ့လို့ ဆိုထားတော့။ ဒါကလည်း မ ဖြစ်နိုင်ဘူးလို့ ဝေဖန်မှုကိုရော ဘာပြော လိုပါသလဲ။

အဲဒီအချိန်တုန်းက မဲမထည့်ဖို့၊ မဲမပေးကြဖို့ တိုက်တွန်း တာတွေလည်း လုပ်တယ်။ သဘော မကျဘူး ဆိုတာတွေ လည်းရှိတယ်။ ကန့်ကွက် တာတွေလည်း ရှိတယ်။ ကျွန်တော် ကိုယ်တိုင်လည်း ကိုယ်သဘောကျ တာကို လုပ်ခဲ့တယ်။ ကျန်တာတွေလည်း ကိုက် ယုံကြည်ရာ ပဲလုပ်ခဲ့ ကြတယ်လို့ ထင်တယ်၊၊ ဒါဆို ရင် ထောက်ခံခဲ့သူတွေ က ပြည်သူ မဟုတ်တော့ဘူးလား။ ကျွန်တော် ကတော့ ပြည်သူကို ယုံတယ်။ ဒီကိန်းဂဏန်း ကို နိုင်ငံတကာက ထောက်ပြ တာလည်း မရှိဘူး၊၊

ဟုတ်ပါပြီ။ ပြည်ခိုင်ဖြိုးက ပြင်မယ် ဆိုတာက ၂ဝ၁၅ မတိုင်ခင် ပြီးစီးပါ့မ လား။

လူတစ်ယောက်က ပြင်ချင်တယ်။ ကျွန်တော်တို့ ပါတီက ဗဟို အလုပ် အမှု ဆောင် တစ်ဦးကပဲ ပြင်ချင်တယ်။ ပါတီ တစ်ခုကပဲ ပြင်ချင်တယ်။ ဒီလိုတွေ ဆို တိုင်း ချက် ချင်း ပြင်ကြမယ် ဆိုရင် ကြာ လာတဲ့ အခါမှာ ဘယ်လိုမှ မကောင်းနိုင် ပါဘူး။ လက်ရှိ အခြေအနေကိုလည်း ကြည့်ပါ။ နောင် အခြေအနေကို လည်း ကြည့်ပါ။ အားလုံးက ဝိုင်းဝန်း စဉ်းစားပြီး လုပ်သွား ကြရမှာပါ။ ပြီးစီး သင့်တာတွေ ပြီးစီးနိုင်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက အတည်ပြုပြီး လို့ ပြည်သူတွေ က လိုက်နာကြရပါ့မယ်။ မလိုက်နာရင် လည်း နိုင်ငံသား ဟုတ်တယ် လို့ပြောလို့ ရပါဦးမလား။

လက်ရှိမှာ ပြည်ခိုင်ဖြိုးက ဘာပြောလိုပါ သလဲ။

တည်ငြိမ်တဲ့ ခြေလှမ်းနဲ့ လျှောက် လှမ်းမှ လိုရာ ပန်းတိုင်ကို ရောက်နိုင်ပါ တယ်။ လက်ရှိမှာ အရာရာတိုင်းက တိုး တက်နေတယ်။ နေရာတိုင်းမှာပါ။ ဒါက ငြင်း မရပါဘူး။ ဒါကို ထိန်းသိမ်းပြီး အား လုံးက ညီညီညွတ်ညွတ် လုပ်ဖို့ လိုပါ တယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက နောင်ကျရင် ပြင်နိုင်မယ့် အနေအထား တွေ၊ ကိစ္စတွေလည်း ရှိလာနိုင် ပါတယ်၊၊

Aye Chan Mon Credit To:Popular Myanmar News Journal
https://www.facebook.com/excellencemedia
ayechanmon-news1.com

Post a Comment

 
Top