Home
»
နိုင်ငံရေး
» ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှု ပြည်ခိုင်ဖြိုးအမတ်များ လက်မှတ်မထိုး
ရွှေရည်ဝင်းထက်| ACM Re-Post 2-6-2014အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ထောက်ခံလက်မှတ်ရေးထိုးပြီးသည့် လွှတ်တော်ကိုယ်စားလှယ်ဦးရေ ၃၀ ကျော်တွင် ပြည်ခိုင်ဖြိုးအမတ်များ မပါဝင်ဟု နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက မဇ္ဈိမကို ပြောသည်။“ပြည်ခိုင်ဖြိုးဘက်က ပါဝင်ပူးပေါင်းတာမရှိပါဘူး” ဟု ၎င်းက ပြောသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ငြိမ်း/ပွင့်တို့ ပူးပေါင်းလုပ်ဆောင်နေသော လက်မှတ်ရေးထိုးခြင်းကို မေ ၂၇ရက်မှ စတင်ခဲ့ပြီး တစ်ရက်တည်းတွင် ထောက်ခံလက်မှတ် ရေးထိုးသော လွှတ်တော်ကိုယ်စားလှယ် ၃၀ ကျော်သာရှိသေးသည်ဟု နေပြည်တော်ခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမင်းသူက မဇ္ဈိမကို အတည်ပြုပြောသည်။
ယင်းတို့ထဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားပါတီအချို့မှ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သည်ဟု ဆိုသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၁၂ မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက “ကျွန်တော်က ဘာဖြစ်လို့ သွားထိုးရမှာလဲ။ လွှတ်တော်မှာရအောင် ပြင်မှာပေါ့။ အပြင်မှာလုပ်နေတာတွေက ဥပဒေဘောင်တွင်းမှာ မရှိဘူး” ဟု ပြောသည်။
Aye Chan Mon Credit To:Mizzima - News in Burmese
https://www.facebook.com/excellencemedia
ayechanmon-news1.com
Post a Comment