0
ယောင်္ကျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် လောကဓံကို ရင်ဆိုင်တဲ့နေရာမှာ ကြံ့ကြံ့ခံဖြတ်သန်းနိုင်မှုနဲ့  သတ္တိ
ရှိမှုပေါ် မူတည်ပြီး တန်ဖိုးကွာခြားသွားတယ်။ ပတ်ဝန်းကျင်ကို ဘယ်လောက် အကျိုးပြုနိုင်လည်းဆိုတဲ့ အချက်
နဲ့ လည်း တိုင်းတာတယ်။ ဒီနေရာမှာတော့ စာရိတ္တသတ္တိနဲ့  ဆုံးဖြတ်မှ ရတယ်။
လူတော်တော်များများ ကာယသတ္တိနဲ့ စိတ္တသတ္တိ ရှိတာ များပါတယ်။ သို့ သော် စာရိတ္တသတ္တိတော့ ရှိတဲ့သူ နည်း
လိမ့်မယ်။ စာရိတ္တသတ္တိဆိုတာ အနစ်နာခံရဲခြင်း၊ စွန့် လွှတ်ရဲခြင်း၊ မှန်တာကို ကျင့်ကြံရဲခြင်း၊ သစ္စာရှိခြင်း စတာ
တွေပါ။ လူ့ တန်ဖိုးကတော့ စာရိတ္တသတ္တိမှာပဲ တစ်ဦးနှင့်တစ်ဦး ခြားနားသွားတာပေါ့။ ဒါကြောင့် စာရိတ္တသတ္တိ
ဟာဘ၀လှအောင် အလှဆင်ပေးတဲ့ သတ္တိဖြစ်တယ်ဆိုတာ သိထားဖို့ လိုပါတယ်။

True Man

Aye Chan Mon Credit To: True Man
http://www.ayechanmon-news1.com/

Post a Comment

 
Top