Written By မြင့်မြင့်စိုး
ရန်ကုန်၊ မဇ္ဈိမ။ ။ အကယ်ဒမီ ထက်ထက်မိုးဦးသည် အနုပညာအလုပ်များကို အချိန်အကန့်အသတ်မရှိနားထားသည်ဟု ဟု မဇ္ဈိမကိုပြောသည်။ယင်းကဲ့သို့နားခြင်းသည် သမီးဖြစ်သူကို စောင့်ရှောက်ချင်၍နားခြင်းဖြစ်သည်ဟု ပြောသည်။
"အနုပညာအလုပ်တွေဘာမှမလုပ်သေးပါဘူး။အားလုံးနားထားပါတယ်။ကလေးကအရမ်းငယ်သေး တော့ သူ့အတွက်ကြောင့် အနုပညာအလုပ်တွေမလုပ်ဖြစ်သေးတာ။ သူ့နားမှာ နေချင်လို့ပါ။" ဟု ထက်ထက်မိုးဦးကပြောသည်။
ထက်ထက်မိုးဦးသည် ၂ဝ၁၄ ခုနှစ် ဧပြီလက ဘန်ကောက်တွင်ကုန်ပစ္စည်းကြော်ငြာတစ်ခုကို မိသားစု လိုက်သွားရောက်ရိုက်ကူးခဲ့ပြီးကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုထားသောကြောင့် ကြော်ငြာအမည်ကို မူ ထုတ်ဖော်ပြောကြားဖြင်းမရှိခဲ့ပေ။ "ကြော်ငြာတော့ ရိုက်ဖြစ်တယ်။ဘန်ကောက်မှာ သွားရိုက်ထားတယ်။ ဒီမှာလည်း ရိုက်ထားတာရှိပါတယ်။ နောက်ဆုံးရိုက်ခဲ့တဲ့ကြော်ငြာက ဘန်ကောက်မှာ သွားရိုက်ခဲ့တဲ့ ကြော်ငြာပါ။ သူတို့နဲ့ စာချုပ်ချုပ်ထားတော့ နာမည်ကို ပြောပြလို့ မရသေးဘူး။"ဟုထက်ထက်မိုးဦးက ပြောသည်။
ထက်ထက်မိုးဦးသည် အောင်မြင်ထင်ရှားသည့် အနုပညာရှင်တစ်ဦးဖြစ်သော်လည်း သမီးဖြစ်သူကို ပြုစုစောင့်ရှောက်ချင်သည့် စိတ်ဖြင့် ၎င်းဝါသနာပါသည့် အနုပညာအလုပ်များကို စွန့်လွှတ်ကာ သမီးအတွက် အချိန်ပေးလာခြင်းဖြစ်သည်။
ထက်ထက်မိုးဦးသည်ဇာတ်ကားရိုက်ကူးခြင်းများမပြုလုပ်သော်လည်းကြော်ငြာရိုက်ကူးမှုများလာ ရောက်ကမ်းလှမ်းပါက ၎င်း၏သမီးဖြစ်သူ စစ်လွန်းဝတီထက်နှင့် အဆင်ပြေမည်ဆိုပါက ရိုက်ကူးသွားမည်ဟု ပြောသည်။ ဇာတ်ကားရိုက်ကူးမှုများကိုမူ မည်သည့်အချိန်မှ ပြန်လည် ရိုက်ကူးမည်ကို သေချာစွာပြော၍မရသေးဟု ထက်ထက်မိုးဦးက ထပ်မံပြောကြားလိုက်ခြင်း ဖြစ်သည်။
Aye Chan Mon Credit To: Mizzima - News in Burmese
http://www.ayechanmon-news1.com/

Post a Comment