0
ရန်ကုန်မြို. အရပ်ဒေသသည် ခိုင်မာသော သမိုင်းကြောင်းများအရ အေဒီ ၆ ရာစုခန့်တွင် မွန်လူမျိုးများမှ တည်ထောင်ခဲ့ကြပြီး မူလ အမည်မှာ ဒဂုံ မြို့ဖြစ်သည်။

အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ သည် ၁၇၅၅ခုနှစ်တွင် မွန်လူမျိုးများအား အောင်မြင်ပြီးနောက် ရန်အပေါင်း ကုန်စင်သည့် အဓိပ္ပာယ်ဖြင့် ရန်ကုန်ဟု သမုတ်ခေါ်ဝေါ်ခဲ့ခြင်းဖြစ်ပြီး ယင်းမတိုင်မှီ အချိန်က ဒဂုံအရပ်သည် တံငါရွာသာသာ လောက်သာရှိကာ အလောင်းမင်းတရားကြီး ၏ အစီအမံဖြင့် ပင်လယ်ကူး သင်္ဘောများဆိုက် ကပ်သည့် ဆိပ်ကမ်းကို မူလ နေရာ ဖြစ်သည့် သန်လျင် မှ ရန်ကုန် ဘက်သို့ ပြောင်းရွှေ့၍ အခွန်အကောက်များ စနစ်တကျ ကောက်ခံခြင်း၊ မြို့ရိုး တံတိုင်းများ၊ ခံတပ်များ ဆောက် လုပ်ခြင်း၊မြို့ရွာ စည်ကားအောင် ပြည့်တန်ဆာများ ထားရှိခြင်း စသည့် အစီအမံများကို ဉာဏ် အမျှော်အမြင်ကြီးစွာဖြင့် ဆောင်ရွက်စီမံခဲ့ခြင်းဖြစ်သည်။

အလောင်းမင်းတရားကြီးလက်ထက် ရန်ကုန်မြို့၏ အကျယ်အဝန်းမှာ မြောက် ဘက်တွင် ဆူးလေဘုရား တောင်ဘက်တွင် ရန်ကုန်မြစ်၊ အရှေ့ဘက်၌ ကုန်သည်လမ်းဝန်းကျင်၊ (သိမ်ဖြုလမ်းနား အထိ) အနောက်ဘက်တွင် လမ်း(၃၀)သို့မဟုတ် စစ်ကဲမောင်ထော်လေးလမ်း ၀န်းကျင် စသည့် အကျယ်အဝန်းလောက်သာ ရှိပြီး နိုင်ငံခြားသား ကုန်သည်များ၊ မင်းမှူထမ်းများ ဖြင့် ဘာသာလူမျိုးပေါင်းစုံ အခြေချ နေထိုင်ရာဒေသဖြစ်သည်။

copy by - Danya Wadi

Aye Chan Mon Credit To: The Express Times
http://www.ayechanmon-news1.com/

Post a Comment

 
Top