0

ACM Re-post 16-6-2014
by hotnews_

လွန်ခဲ့တဲ့နှစ်ပေါင်း (၂၅၀၀) ကျော် က အိန်္ဒိယတိုက်ငယ်မှာ မျိုးနွယ်အဆင့် အတန်းဇာတ်နိမ့်၊ ဇာတ်မြင့် အလွန်ခွဲခြား တဲ့ ယဉ်ကျေးမှုတစ်ရပ် ထွန်းကားခဲ့ပါ တယ်။ ဗုဒ်္ဓဟာသာကီဝင် မင်းသားတစ်ဦး ဖြစ်တဲ့အပြင် တိုင်းပြည်အုပ်ချုပ်နေတဲ့ ဘုရင့်သားတစ်ဦးလည်းဖြစ်ပြီး နောင် တစ်ချိန်မှာဘုရင်ဖြစ်မယ့် နန်းလျာ မင်းသားတစ်ဦးပါ။ ဒီလို တိုင်းပြည်အုပ် ချုပ်ရမယ့် ဘုရင်လောင်းလျာသာကီဝင် မင်းသားတစ်ဦးဟာ ကိုယ့်ကိုကိုယ် ဘုရား ဖြစ်ပြီလို့ ကြေညာပြီးနောက်မှာ တိုင်း ပြည်အတွင်း ကျေးရွာ ဇနပုဒ်ပါမကျန် လှည့်လည်ပြီး အယုတ်အလတ်၊ အမြတ် မရွေး၊ သူဌေး၊ ဆင်းရဲသား၊ ပညာရှိ၊ ပညာမဲ့မရွေး အိမ်ပေါက်စေ့ ဆွမ်းခံစား တဲ့အခါမှာ ဖခင်ဖြစ်သူ သုဒ္ဓေါသန မင်းကြီးဟာ အရှက်ကြီးရှက်တော်မူခဲ့ပါ တယ်။ ဒါကြောင့် နေ့စဉ်လိုအပ်တဲ့ဆွမ်း ကို မိမိနန်းတော်မှာပဲလာရောက် အလှူခံ ဖို့ ဗုဒ္ဓကို တောင်းပန်လျှောက်ထားပါ တယ်။

ဒါပေမယ့်ဗုဒ္ဓဟာ လက်မခံခဲ့ပါဘူး။ ဒီနေရာမှာ လောကုတ္တရာ အကျိုး ကျေးဇူးတွေကို ကျွန်တော်အများကြီး နားမလည်တဲ့အတွက် ဘာမှမဆွေးနွေး လိုပေမယ့် လောကီရေးရာ ရှုထောင့်က နေတော့ ဆွေးနွေးတင်ပြစရာတစ်ချို့ရှိ နေပါတယ်။ အဲဒီခေတ်ကာလမှာ ဗုဒ္ဓ မမွေးခင်ကတည်းက အိန်္ဒိယတိုက်မှာ အရိုးစွဲနေတဲ့ လူမှုယဉ်ကျေးမှုဖြစ်တဲ့ ဇာတ်နိမ့်ဇာတ်မြင့် အမျိုးအနွယ်ခွဲခြားမှု ကို ဗုဒ္ဓဟာလက်တွေ့ကျကျ ဆန့်ကျင် တော်လှန်ပြခဲ့တဲ့ လေးစားဖွယ်ပုဂ်္ဂိုလ် တစ်ဦးပါ။ ကမ္ဘာ့ရှေးအကျဆုံး အသား အရောင်ခွဲခြားရေးကို တိုက်ဖျက်ခဲ့သူ တစ်ဦးဆိုရင်လည်းမမှားပါဘူး။ကိုယ်တိုင် ထူထောင်ထားတဲ့ လမ်းစဉ်ဝါဒကို ကိုယ် တိုင် လိုက်နာကျင့်သုံးပြခဲ့သူလည်းဖြစ်ပါ တယ်။

ဒါ့အပြင် ဗုဒ္ဓရဲ့လမ်းစဉ်ကို လိုက် နာယုံကြည်လို့ ရဟန်းဝတ်ခဲ့ကြတဲ့သံဃာ များထဲမှာ သာကီဝင်မင်းမျိုးမင်းသား တော်တော်များများ ပါဝင်တဲ့အတွက် နောက်တော်ပါ တပည့်သာဝကအဖြစ် လိုက်ပါခွင့်ဟာ သာကီဝင်မင်းမျိုးမင်းနွယ် များသာလျှင် ပါဝင်ခွင့်ရှိသယောင် ယုံမှား သံသယအပေါ်မှာလည်း ဗုဒ္ဓဟာ ““ငါ ဘုရားရဲ့သာသနာတော်ကို သက်ဝင်ယုံ ကြည်လို့ ၀ါဒနဲ့လမ်းစဉ်ကို လိုက်နာကျင့် သုံးပြီး သံဃာအဖြစ်ခံယူနေထိုင်သူ မည် သူမဆို သာကီဝင်မင်းသားများပါပဲ””လို့ ရှင်းလင်းပြတ်သားစွာ ဟောကြားခဲ့ပါ သေးတယ်။ ဒါဟာဘာကိုပြသလဲဆိုရင် လူသားတစ်ဦးရဲ့တန်ဖိုးကို မျိုးနွယ်၊ရာထူး၊ ဂုဏ်များနဲ့ မဆုံးဖြတ်ဘဲ ကျင့်ဝတ်သိက္ခာ၊ စာရိတ္တနဲ့ လူ့အဖွဲ့အစည်းကို ငြိမ်းချမ်းစွာ အကျိုးပြုခြင်းအပေါ်မှာပဲမူတည်ဆုံးဖြတ် ကြောင်းပေါ်လွင်စေပါတယ်။

ဒီအချက်ကို ပေါ်လွင်ထင်ရှားစေတဲ့ ဖြစ်ရပ်တစ်ခုကတော့ အခါတစ်ပါးမှာ ဗုဒ်္ဓဟာဗြဟ်္မာဏပုဏ်္ဏားတစ်ဦးကို ဗြဟ္မာ ဏတွေဟာ ဘာကြောင့် အမျိုးအနွယ် မြင့်မြတ်ရသလဲ။ ဘယ်လိုအချက်တွေကို လိုက်နာကျင့်သုံးတာကြောင့်လဲ ဆိုတာ မေးတော်မူပါတယ်။ ဒီအခါမှာ အမေးခံ ရတဲ့ဗြဟ္မာဏပုဏ္ဏားဟာ သူတို့မျိုးနွယ် များအမျိုးမြင့်မြတ်ရခြင်းဟာ အကြောင်း မဲ့မဟုတ်ဘဲ စောင့်ထိန်းရတဲ့ အချက်(၅) ချက်ကြောင့်သာ အမျိုးမြင့်မြတ်တယ်လို့ သတ်မှတ်ခြင်းခံရတာဖြစ်ကြောင်းလျှောက် ထားပြီးဗြဟ်္မာဏ ပုဏ္ဏားမျိုးတို့ လိုက်နာ စောင့်ထိန်းရတဲ့ အချက် (၅) ချက်ကို ဂုဏ်ယူဝံ့ကြွားစွာ ပြန်လည်ဖြေကြားပါ တယ်။

ဗြဟ္မာဏ ယောက်ျားများဟာ (၁) ဆွေခုနစ်ဆက် မျိုးခုနှစ်ဆက် အမျိုးသန့် ရပါမယ်။ (၂) ဂါထာမန္တန်များ အလွတ်ရ ရပါမယ်။ (၃) ရုပ်ရည်ချောမောလှပရပါ မယ်။ (၄) ကိုယ်ကျင့်တရားကောင်းရ ပါမယ်။ (၅) မှားမှန် ခွဲနိုင်သော ပညာ ရှိရပါမယ်လို့ ပြန်လည်ဖြေကြားတဲ့အခါ ဗုဒ္ဓကအကယ်၍များ တစ်ချက်ချက်ကို လျှော့ရမယ်ဆိုရင်ဘယ်အချက်ကို လျှော့ မလဲလို့ ထပ်မံမေးမြန်းတဲ့အခါ ပုဏ်္ဏား ကြီးဟာ သေသေချာချာ စဉ်းစားပြီး အကယ်၍မဖြစ်မနေလျှော့ ရမယ်ဆိုရင် တော့ ရုပ်ရည်ချောမောလှပ ခြင်းဆိုတဲ့ အချက်ကို လျှော့ပါမယ်လို့ ပြန်လည် ဖြေကြားပါတယ်။

ဒီလိုနဲ့နောက်ထပ် တစ်ချက်စီကို ဗုဒ္ဓက ထပ်မံလျှော့ခိုင်းတဲ့အခါ ဂါထာ မန်္တန်များ အလွတ်ရရပါမယ် ဆိုသော အချက်၊ ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက် အမျိုးသန့်ရပါမယ်ဆိုသောအချက်တွေ ကို လျှော့ပါ့မယ်လို့ပြောတဲ့အခါ ဧည့် ပရိသတ်ထဲမှာရှိနေတဲ့ ဗြဟ္မာဏပုဏ္ဏား များရဲ့ကန့်ကွက်မှုကို ကြုံရပါတယ်။ ကျန် ဗြဟ္မဏပုဏ္ဍားများဟာ ဆွေခုနစ်ဆက် မျိုးခုနစ်ဆက် အမျိုးသန့်ရပါမယ်ဆိုတဲ့ အချက်ကို မလျှော့စေချင်ဘဲ ကျန်နှစ် ချက်ထဲက တစ်ခုခုကိုပဲ လျှော့စေချင် ကြောင်း ၀ိုင်းဝန်းပြောဆိုကြတဲ့အခါမှာ ဗြဟ်္မာဏတွေရဲ့ ခေါင်းဆောင်ပုဏ်္ဏားကြီး ဟာ အခုလိုရှင်းပြခဲ့ပါတယ်။ သူချန်ထား ခဲ့တဲ့နှစ်ချက်ဖြစ်တဲ့ ကိုယ်ကျင့်တရား ကောင်းရမယ်ဆိုတဲ့အချက်နဲ့၊ မှားမှန်ခွဲ နိုင်သောပညာရှိရပါမယ်ဆိုတဲ့ အချက် ဟာ ဗြဟ္မာဏများအတွက်တင်မကဘဲ လောကမှာ လူရယ်လို့ဖြစ်လာရင် လူ တိုင်းအတွက် ဒီနှစ်ချက်ဟာ မရှိမဖြစ် လိုအပ်ကြောင်းနဲ့ လူတစ်ယောက်ရဲ့ တန်ဖိုးကို သတ်မှတ်တော့မယ်ဆိုရင် အဲဒီ လူဟာ ဘယ်လောက်ချမ်းသာတယ်။ ဆွေမျိုးအသိုင်းအ၀ိုင်း။ သြဇာအာဏာ ဘယ်လောက်ရှိသလဲ။ ဘွဲ့ထူးဂုဏ်ထူး တွေ ဘယ်လောက်ရှိသလဲဆိုတဲ့အချက် တွေနဲ့ တိုင်းတာလို့မရဘဲ အဲဒီလူဘယ် လောက်ကိုယ်ကျင့်တရားကောင်းသလဲ။ အဲဒီလူဘယ်လောက်မှားမှန်ခွဲခြားနိုင်တဲ့ ပညာရှိပြီး ဘယ်လောက်အမှန်တရား ဘက်ကရပ်တည်သလဲဆိုတဲ့အချက်တွေ နဲ့သာလျှင် လူ့တန်ဖိုးကို သတ်မှတ်နိုင်တဲ့ အတွက် ဒီနှစ်ချက်ကို လျှော့ပစ်၍မရ ကြောင်း ပြောပါတယ်။ ဒီအခါ ဗုဒ်္ဓက ပုဏ္ဏားကြီးနှင့် အယူအဆမကွဲပြားဘဲ ထပ်တူထပ်မျှဖြစ်ကြောင်းပြောဆိုချီးကျူး ပြီး အဲဒီနှစ်ချက်ဟာ လူတစ်ယောက်ရဲ့ လက်နှစ်ဖက်နှင့်တူကြောင်း၊လက်တစ်ဖက် မှာ ညစ်ပေနေခဲ့ရင် ကျန်တစ်ဖက်နဲ့ပွတ် သပ်ဆေးကြော၍ရကြောင်းနဲ့ ဒီနှစ်ချက် ဟာ လူတစ်ယောက်ရဲ့တန်ဖိုးတင်မကဘဲ ကျက်သရေနှင့် မင်္ဂလာလို့လည်းပြောလို့ ရကြောင်း ဆက်လက်မိန့်ကြားပါတယ်။

ဗုဒ္ဓရဲ့ဒီအယူအဆကို သုံးသပ်ကြည့် ရာမှာ လူ့အဆင့်အတန်းကို ရာထူး၊ မျိုး နွယ်နဲ့မဆုံးဖြတ်ဘဲ သီလနဲ့ပညာအရသာ ဆုံးဖြတ်အဆင့်အတန်းခွဲခဲ့ပြီး အဲဒီနှစ် ချက်ဟာလည်း လူသားမျိုးနွယ်နဲ့ လူ့အဖွဲ့ အစည်းအပေါ် ကောင်းသောအကျိုးပြု ခြင်းတွေကို ဆောင်ကျဉ်းပေးနိုင်မယ့် အချက်များဖြစ်ကြောင်း တွေ့ရပါတယ်။ဒီလိုတွေးခေါ်ချက်၊ လုပ်ဆောင်ချက်တွေ ဟာ ဗုဒ္ဓတစ်ဦးတည်းမှာတင်ရှိတာမဟုတ် ဘဲ ဗုဒ္ဓရဲ့ဝါဒလမ်းစဉ်ကို လိုက်နာကျင့်သုံး သူ ရဟန်းသံဃာများမှာလည်း တိတိ ကျကျလိုက်နာကျင့်သုံးကြတာကို တွေ့ရ ပါတယ်။ ဗုဒ္ဓရဲ့တပည့်သာဝကများစွာထဲ က ထင်ရှားတဲ့သာဝက တစ်ဦးရဲ့ဖြစ်စဉ် တစ်ခုကိုလည်း ထပ်မံဆွေးနွေးတင်ပြချင် ပါတယ်။

တစ်ခါမှာ ဗုဒ်္ဓရဲ့သာဝကကြီးတစ်ဦး ဟာ ခရီးတစ်ခုသွားလာရင်း ရေဆာလာ တဲ့အတွက် လမ်းနံဘေးရေတွင်းမှာ ရေ ငင်နေတဲ့ သူဆင်းရဲမတစ်ဦးထံက ရေ အလှူခံပါတယ်။ အလှူခံတဲ့သာဝကကြီး က အမျိုးမြင့်သကျသာကီဝင် မင်းမျိုး မင်းနွယ်မင်းသားတစ်ပါးဖြစ်တဲ့အတွက် သူဆင်းရဲမဟာ ရေကပ်လှူချင်ပေမယ့် သူ့လက်နဲ့ကိုယ်တိုင် ရေကပ်လှူဖို့ကို မ၀ံ့ရဲ ခဲ့ပါဘူး။ ဒါကြောင့် အဲဒီသာဝကရဟန်း ကို အရှင်ဘုရားလို အမျိုးမြင့်မင်းသား တစ်ပါးကို သူ့လိုဇာတ်နိမ့် သူဆင်းရဲမရဲ့ လက်နဲ့ရေမကပ်လှူဝံ့ပါဘူးလို့ လျှောက် တင်ပါတယ်။အဲဒီခေတ်ကာလယဉ်ကျေး မှုအရ အမျိုးအနွယ် မြင့်မြတ်သူတွေဟာ ဇာတ်နိမ့်တွေနဲ့ ကြမ်းတစ်ပြေးတည်း တောင် မထိုင်ကြတဲ့အထိ လူတန်းစား ခွဲခြားမှုရှိခဲ့ပါတယ်။ ဒီအခါမှာ ဗုဒ်္ဓရဲ့ သာဝကရဟန်းက ရေလိုနေတဲ့သူကို ရေ ပေးခြင်းသည်သာ အဓိကလုပ်ဆောင် ချက်ဖြစ်ကြောင်းနဲ့ အဲဒီအပေါ်မှာ အမျိုး အနွယ် ဇာတ်နိမ့်ဇာတ်မြင့်ဆိုတာဟာ ဘာမှ အသုံးမ၀င်ကြောင်း၊ ဇာတ်နိမ့် ဇာတ်မြင့်ဆိုတာလူတွေရဲ့အပေါ်ယံသတ် မှတ်ချက် (ပညတ်) သာဖြစ်ပြီး တကယ့် အတွင်းအနှစ်သဘော (ပရမတ်) မှာ တော့အလှူခံသူ (လိုအပ်သူ)နဲ့ အလှူ ပေးသူ (ဖြည့်ဆည်းသူ) သာရှိကြောင်း၊ ဒါကြောင့် ရေလိုနေတဲ့သူ့ကို ရေလှူချင် တဲ့ သူဆင်းရဲမက ရေကပ်လှူခြင်းသည် သာ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းမယ့် လုပ်ငန်းစဉ်ဖြစ်တဲ့အတွက် အဲဒီအဓိက လုပ်ဆောင်ချက်ကိုသာ ရဲဝံ့စွာပြုလုပ်ဖို့ ပြောဆိုတဲ့အတွက်သူဆင်းရဲမဟာ ကြည် နူးစွာရေကပ်လှူခဲ့ပါတယ်။

ဒီဖြစ်စဉ်ကိုသုံးသပ်ကြည့်မယ်ဆိုရင် လူသားမျိုးနွယ်ကိုအကျိုးမပြုတဲ့အပေါ်ယံ သဘော ဥပဒေသများကို တော်လှန်ပြီး လက်တွေ့ကျပြီး အကျိုးရှိတဲ့ လုပ်ဆောင် ချက်ကိုသာ အားပေးကျင့်သုံးကြောင်းနဲ့ ဗုဒ်္ဓရဲ့ တပည့်တပန်း ရဟန်းသံဃာများ ဟာ ကိုယ့်အဖွဲ့အစည်းနဲ့ ခေါင်းဆောင်က ချမှတ်ကျင့်သုံးတဲ့လမ်းစဉ်ကို တိတိကျကျ လိုက်နာလုပ်ဆောင်တဲ့ နောက်လိုက် ကောင်းပီသသူများဖြစ်ကြောင်း လေ့လာ တွေ့ရှိရပြန်ပါတယ်။

ဒီလိုအချက်တွေကြောင့် ဗုဒ္ဓဟာ သူထူထောင်ထားတဲ့ သံဃာ့အဖွဲ့အစည်း နဲ့ ၀ါဒတစ်ခုကို နှစ်ပေါင်းနှစ်ထောင့် ငါးရာကျော် တည်တံ့ခိုင်မြဲနေအောင်ကြံ ဆောင်နိုင်တဲ့အတွက် ဗုဒ္ဓဟာလူ့သမိုင်း မှာကြီးကျယ်တဲ့စည်းရုံးရေးသမားကောင်း တစ်ဦးလည်း ဖြစ်နေပြန်ပါသေးတယ်။ ဒါ ကြောင့်လည်း ဗုဒ်္ဓဘာသာကို ရုပ်ဝတ္ထု ပစ္စည်းတွေတိုးတက်တဲ့ အနောက်နိုင်ငံ သားတွေဟာ ကိုးကွယ်ရာ ဘာသာတစ် ခုအနေနဲ့သာမကဘဲ ဖီလော်ဆော်ဖီတစ် ရပ်အနေနဲ့ပါ လက်ခံကျင့်သုံးနေကြတာ ဖြစ်ပါတယ်။

ဗုဒ္ဓအပါအ၀င်လူ့သမိုင်းမှာ လူသား မျိုးနွယ်အပေါ် မေတ္တာတရား ကြီးမား ပြီး လူမှုပတ်ဝန်းကျင်ကို ကောင်းမွန်ငြိမ်း ချမ်းအောင် တာဝန်ကျေခဲ့ကြတဲ့ တွေး ခေါ် ပညာရှင်တွေ ခေါင်းဆောင်တွေကို လူသားတွေက မမေ့ခဲ့ကြတာ ဖြစ်ပါ တယ်။ ရောမ၊ ခေါမခေတ်က ဆိုကရေး တီး၊ အရစ်္စတိုတယ်၊ ပလေတိုတို့ အပါ အ၀င် ခေတ်အဆက်ဆက်က ဖရန်စစ် ဘေကွန်၊ ဗော်တဲယား၊ ရူးဆိုး၊ အဒမ် စမစ်၊ ကားလ်မက်စ်၊ အိန်ဂျယ်၊ ဂန်္ဒီ၊ မာတင်လူသာကင်း၊ ဂျော့ဝါရှင်တန် ကာဗာ၊ ဟင်နရီဒူးနန့်၊ နိုက်တင်ဂေး၊ မာသာထရီဇာ၊ မင်ဒဲလားစတဲ့ တွေးခေါ် ပညာရှင်များ၊ ခေါင်းဆောင် များဟာ ယနေ့အထိ လူသားတွေရဲ့ သမိုင်းမှာ အရေးကြီးတဲ့ အခန်းကဏ္ဍများက ပါဝင် နေကြဆဲဖြစ်ပါတယ်။

ကျွန်တော့်ရဲ့အကြံပေးတင်ပြချက် ကိုနိဂုံးချုပ်ပါတော့မယ်။ ဒီစာအစပိုင်းမှာ ပြောထားခဲ့သလို ကျွန်တော်တို့နိုင်ငံဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကာလကို မဖြစ်မနေသွားရတော့မယ့်အချိန်မှာ ပြည် သူလူထုအတွက် ဦးဆောင်မှု အခန်း ကဏ္ဍကနေ တာဝန်ယူဆောင်ရွက်ပေး နေတဲ့အစိုးရအပါအ၀င် လူထုလူတန်း စားအလွှာအသီးသီးက ခေါင်းဆောင် များဟာ ကျွန်တော်အထက်မှာ တင်ပြခဲ့ သလို လူ့အဖွဲ့အစည်းနဲ့တိုင်းပြည်အပေါ် စေတနာမှန်ထားပြီး လုပ်ဆောင်ချက် ကောင်းဖို့လိုပါတယ်။

အများသဘောမတူ၊ ဒီမိုကရေစီ နည်းလမ်းမကျတဲ့ ဆောင်ရွက်မှုများကို ပြုပြင်ပြီး ငြိမ်းချမ်းသာယာတဲ့လူ့ဘောင် တစ်ခုဆီရောက်ဖို့၊ လူတန်းစားမျိုးနွယ်ခွဲ ခြားတဲ့ လူမျိုးကြီးဝါဒကို စွန့်ပယ်ပြီး တိုင်း ရင်းသားအားလုံးတန်း တူညီမျှတဲ့ ပြည် ထောင်စုစစ်စစ်စနစ် အကောင်အထည် ဖော်ဖို့အတွက် တိုင်းပြည်တည်ဆောက် ရေးကို ပြည်သူလူထုရဲ့ သဘောဆန္ဒ အတိုင်းအကောင်အထည်ဖော်ဖို့အချိန် ရောက်ရှိနေပါပြီ။ ခေါင်းဆောင်များဟာ အမှားအမှန်ခွဲခြားနိုင်တဲ့ ပညာရည်ပြည့်ဝ ရုံတင်မကဘဲ ဝေ့လည်ကြောင်ပတ်မလုပ် ဘဲအမှန်တရားဘက်မှာ ပြတ်ပြတ်သား သားရပ် တည်ပြဖို့ အချိန်တန်နေပါပြီ။ ဒါ့အပြင်မိမိရဲ့ဝါဒ လမ်းစဉ်ကိုယုံကြည်လို့ မိမိအဖွဲ့အစည်းမှာ ပါဝင်လာသူ အဖွဲ့ဝင် များကိုလည်း အသိမဲ့ပါဝင်မှု မဖြစ်စေ အောင် နောက်လိုက်ကောင်းများအဖြစ် အရည်အချင်း မြှင့်တင်ပေးမှသာလျှင် ခေါင်းဆောင် ကောင်းပီသသူတစ်ဦးဖြစ် ပြီး မိမိရဲ့အဖွဲ့အစည်းသည်လည်း အမှန် တရားဘက်မှ ပြတ်သားစွာ ရပ်တည်ရဲတဲ့ ပြည်သူ့ဘက်တော်သား အဖွဲ့အစည်း တစ်ခုအဖြစ် ရပ်တည်လာနိုင်မှာဖြစ်ပါ တယ်။

သို့မှသာ ကျွန်တော်တို့နိုင်ငံဟာ ပြည်သူအများမျှော်လင့်ထားတဲ့ သာယာ ငြိမ်းချမ်းပြီး ခေတ်မီတဲ့နိုင်ငံတော်ကြီး ဖြစ်ပေါ်လာမှာဖြစ်ပြီး လူထုအကျိုး စီးပွားလိုလားတဲ့ ခေါင်းဆောင်များဘက် မှာ ပြည်သူလူထုကရပ်တည်လို့ သမိုင်း မှာ မမေ့သင့်၊မမေ့အပ်တဲ့ ဒေါင်ဒေါင် မြည် ခေါင်းဆောင်ကောင်းများ ပေါ် ထွက်လာနိုင်မှာဖြစ်ကြောင်း ဗုဒ္ဓရဲ့လူမှု ယဉ်ကျေးမှုတော်လှန်ရေး၊အတွေးအခေါ် တော်လှန်ရေး၊ ခေါင်းဆောင်ကောင်းပီသ မှုများကို ဥပမာပြု၍ စေတနာရှေ့ထားလို့ ရေးသားတင် ပြလိုက်ရပါတယ်။

မင်းသွေးသစ်(ဗကသများအဖွဲ့ချုပ်)

Aye Chan Mon Credit To: Sa Maung
http://www.ayechanmon-news1.com/

Post a Comment

 
Top