by hotnews_ACM Re-post 16-6-2014
ပြည်ထောင်စုရွေးကောက်ပွဲ ကော် မရှင်က ဘက်လိုက်တယ်။ တရားမျှတမှု မရှိဘူး။ သမ္မတဦးသိန်းစိန် အာဏာ ဆက်လက်တည်တံ့ခိုင်မြဲရေး၊ စစ်တပ်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်အာဏာကို ဆက်လက်ထိန်း သိမ်းရေးကို အားပေးကူညီတဲ့ ရွေး ကောက်ပွဲကော်မရှင်ဖြစ်တယ်လို့ ပြည်သူ တွေကြားမှာ ပြောဆိုနေကြတာတွေကို ကျွန်တော်တို့ကြားသိနေရပါတယ်။ ရွေး ကောက်ပွဲကော်မရှင်တစ်ခုဟာ လွပ်လပ် ပြီး တရားမျှတမှုရှိရမယ်၊ ဘက်လိုက်မှု ကင်းရမယ်ဆိုတာ နိုင်ငံတကာစံနှုန်း တွေပါ။ ရွေးကောက်ပွဲကော်မရှင် တစ်ခု ဟာ ကစားပွဲတစ်ခုရဲ့အကဲဖြတ်ဒိုင်လူကြီး ပါ။ အသင်း(၂)သင်းယှဉ်ပြိုင်တဲ့ပွဲမှာ အသင်းတစ်သင်းဘက်က ဘက်လိုက်ပြီး ဆုံးဖြတ်နေမယ်ဆိုရင် အဲဒါဒိုင်လူကြီး မဟုတ်တော့ပါဘူး။ ဒိုင်လူကြီးဆိုတဲ့ စကားကိုက အဓိပ္ပာယ်အများကြီး ရှိပါ တယ်။ အကယ်၍ ဒိုင်လူကြီးက ဘက် လိုက်နေပြီး တစ်သင်း၊ တစ်ဘက်ဘက် မှာ ဘက်လိုက်နေပြီဆိုရင် သူဟာ ဒိုင်လူ ကြီးမဟုတ်တော့ပါဘူး။ ဒိုင်က မသမာ သူဖြစ်သွားပါပြီ။ လူကြီးဆိုတာ လူကြီး လူကောင်းလို နေထိုင်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ အခုလက်ရှိ ရွေးကောက်ပွဲ ကော်မရှင်ဟာမြန်မာနိုင်ငံအတွက်အလွန် အရေးပါတဲ့ စာမျက်နှာမှာ ပါဝင်နေပါ တယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာ နိုင်ငံရွေးကောက်ပွဲကော်မရှင်ဟာ အခြား နိုင်ငံရွေးကောက်ပွဲကော်မရှင်မျိုးနဲ့မတူဘဲ အလွန်အကျွံ အာဏာအပ်နှင်းခြင်း ခံထားရလို့ပါပဲ။ ဥပမာအားဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၉ ပါ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ၏တာဝန်များမှာ အောက်ပါအတိုင်းဖြစ် ပါသည်။
၃၉၉။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ တာဝန်များမှာ အောက်ပါ အတိုင်းဖြစ်သည်-
(က) လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပခြင်း၊
(ခ) လွှတ်တော်ရွေးကောက်ပွဲများ ကိုကြီးကြပ်ခြင်း၊ ကော်မရှင်အဖွဲ့ခွဲအဆင့် ဆင့်ကို ဖွဲ့စည်းခြင်းနှင့် ကြီးကြပ်စေခြင်း၊
(ဂ) မဲဆန္ဒနယ်များသတ်မှတ်ခြင်း နှင့် ပြင်ဆင်သတ်မှတ်ခြင်း၊
(ဃ) မဲစာရင်းများပြုစုခြင်းနှင့် ပြင် ဆင်ခြင်း၊
(င) သဘာဝဘေးအန်္တရာယ်ကြောင့် သော်လည်းကောင်း၊ နယ်မြေလုံခြုံရေး အခြေအနေအရသော်လည်းကောင်း လွတ်လပ်ပြီး တရားမျှတသော ရွေး ကောက်ပွဲကျင်းပနိုင်ခြင်းမရှိသည့် မဲဆန္ဒ နယ်များ၏ ရွေးကောက်ပွဲများကို ရွှေ့ ဆိုင်းခြင်း၊
(စ) ရွေးကောက်ပွဲဆိုင်ရာသို့မဟုတ် နိုင်ငံရေးပါတီများဆိုင်ရာ နည်းဥပဒေ များကို ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီလည်းကောင်း၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက် စသည်များကို သက်ဆိုင်ရာ ဥပဒေများ နှင့်အညီလည်းကောင်း ထုတ်ပြန်ခြင်း၊
(ဆ) ရွေးကောက်ပွဲဆိုင်ရာ အငြင်း ပွားမှုများကို စစ်ဆေးနိုင်ရေးအတွက် ဥပဒေနှင့်အညီ ရွေးကောက်ပွဲခုံအဖွဲ့ များ ဖွဲ့စည်းခြင်း၊
(ဇ) ဥပဒေတစ်ရပ်ရပ်အရ ပေးအပ် သည့်တာဝန်များကို ထမ်းဆောင်ခြင်း၊
အစရှိတဲ့ကော်မရှင်ရဲ့ တာဝန်တွေ ကို တွေ့ရမှာဖြစ်ပါတယ်။
မဲမသမာမှုအဲဒီကော်မတီရဲ့တာဝန်များကို လေ့ လာကြည့်မယ်ဆိုရင် ပုဒ်မ(ဃ)ပါ၊ ပုဒ်မ (င)ပါ၊ ပုဒ်မ (စ)ပါ၊ ပုဒ်မ (ဆ) ပါ၊ ပုဒ်မ (ဇ)ပါ ပြဋ္ဌာန်းချက်တွေနဲ့ပတ်သက်ပြီး အထွေအထူး ပြောစရာမရှိပါ။ ဒါပေမဲ့ ပုဒ်မ ၃၉၉ ပုဒ်ပါ မဲဆန်္ဒနယ်သတ်မှတ် ခြင်းနှင့် ပြင်ဆင်ခြင်းကို ရွေးကောက်ပွဲ ကော်မရှင်အားအပ်နှံထားတာဟာ အလွန် ကို ထူးဆန်းပါတယ်။ တကယ်တော့ မဲ ဆန်္ဒနယ်သတ်မှတ်ထားတယ်ဆိုတာလည်း အလွန်အရေးကြီးပါတယ်။ မဲဆန်္ဒနယ် သတ်မှတ်တယ်ဆိုတဲ့အချက်ဟာ ရွေး ကောက်ပွဲမသမာမှုဖြစ်နိုင်ချေရှိတဲ့ အဓိက အချက်ထဲမှာ ပါဝင်နေပါတယ်။ မဲဆန်္ဒ နယ်သတ်မှတ်တဲ့အခါမှာ ကိုယ်သဘော ကျတဲ့ လူမျိုးအုပ်စုတွေ ဒါမှမဟုတ် မိမိရဲ့ လိုလားတဲ့ ပါတီအဖွဲ့အစည်းကို မဲပေး ထောက်ခံမယ့်သူတွေ အဓိကပါတဲ့အပိုင်း ကိုယူသွင်းပြီး မဲဆန္ဒနယ်တစ်ခုအဖြစ် သတ်မှတ်တာမျိုး ဒါမှမဟုတ် ကိုယ်နဲ့ မတူတဲ့နိုင်ငံရေးအယူအဆရှိတဲ့ အစုအဖွဲ့ ဒါမှမဟုတ် ကိုယ်နဲ့မတူတဲ့ တိုင်းရင်း သားလူမျိုးအုပ်စုကို မဲဆန်္ဒနယ်အရ ခွဲခြမ်း ခြင်းအားဖြင့် မဲကွဲသွားအောင် လုပ်နိုင် ပါတယ်။ အဲဒီလို မဲဆန်္ဒနယ်မသမာမှုမျိုး လုပ်ခဲ့ရင် ဒါမှမဟုတ် အနိုင်ရသင့်တဲ့အဖွဲ့ က အနိုင်မရဘဲနဲ့ရသင့်တဲ့ မဲအရေအတွက် မရရှိဘဲနဲ့ ရှုံးနိမ့်သွားမှာမျိုး ဖြစ်နိုင်ချေ ရှိပါတယ်။ နိုင်ငံတကာရွေးကောက်ပွဲ မသမာမှုမှာဒါမျိုးကdk(Gerry Mandering) လို့ခေါ်ပါတယ်။Gerry Mandering ဆိုတဲ့ပုဂ်္ဂိုလ်က မဲဆန္ဒနယ်တွေကို စိတ် တိုင်းကျပြင်ဆင်ခဲ့လိုက်လို့ မသမာမှုတွေ ဖြစ်ခဲ့ခြင်းအတွက် အလွန်ကိုနာမည်ကြီး ပါတယ်။ ဒါကြောင့်မို့လို့ မဲဆန္ဒနယ်သတ် မှတ်ခြင်းလုပ်ငန်းစဉ်ဟာ များသောအား ဖြင့် နိုင်ငံတစ်နိုင်ငံရဲ့ လွှတ်တော်မှာပဲ ထားရှိလေ့ ရှိပါတယ်။ လွှတ်တော်မှာ မသမာမှုမဖြစ်အောင်ငြင်းခုံမှုတွေ ပြုလုပ် ပြီးတော့မှ မဲဆန္ဒနယ်ပြုလုပ်လေ့ ရှိပါ တယ်။ အခုတော့ မြန်မာနိုင်ငံ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၉ မှာ မြန်မာနိုင်ငံပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို မဲဆန်္ဒနယ်များ သတ်မှတ် နိုင်တဲ့ အခွင့်အရေးရှိနေတာဟာ အလွန် အကျွံအာဏာပေးထားတာ ဖြစ်နေပါ တယ်။
တရားစီရင်ရေးကို
ထို့အတူ ပုဒ်မ ၃၉၉(ဆ)မှာ ရွေး ကာက်ပွဲဆိုင်ရာ အငြင်းပွားမှုများကို စစ် ဆေးနိုင်ရေးအတွက် ဥပဒေနှင့်အညီ ရွေးကောက်ပွဲ ခုံအဖွဲ့များ ဖွဲ့စည်းခြင်း ဆိုတဲ့အချက်ကလည်း ရွေးကောက်ပွဲ ကော်မရှင်ဟာ ရွေးကောက်ပွဲကျင်းပရုံ တင်မကဘဲနဲ့ ရွေးကောက်ပွဲ အငြင်းပွာမှု တွေကို ဖြေရှင်းခွင့်အာဏာရှိနေပါတယ်။ ဒါက ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲ ဆိုင်ရာ တရားစီရင်ရေး အခန်းကဏ္ဍ ရထားသလို ဖြစ်နေပါတယ်။ နိုင်ငံတကာ မှာ ရွေးကောက်ပွဲကော်မရှင်ဟာ တရား စီရင်ရေး ယန္တရားအောက်မှာပဲရှိတယ်။ တရားစီရင်ရေးယန္တရားရဲ့ ဆုံးဖြတ်ချက် ကိုခံယူရလေ့ရှိပါတယ်။ နိုင်ငံတကာမှာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ အငြင်း ပွားမှုတွေဖြစ်လာခဲ့ရင် တရားစီရင်ရေး ယန္တရားရဲ့ ဆုံးဖြတ်ချက်က အဓိကကျပါ တယ်။ မြန်မာနိုင်ငံမှာတော့ တရားစီရင် ရေးယန္တရားကိုဂရုမစိုက်ဘဲနဲ့ ရွေးကောက် ပွဲဆိုင်ရာ အငြင်းပွားမှုတွေ၊ ဘယ်သူနိုင် ရမယ်၊ ဘယ်သူကတော့ မတရားလုပ် တယ်ဆိုတဲ့ ဆုံးဖြတ်ခွင့်အာဏာရှိနေတာ ဟာလည်း ရွေးကောက်ပွဲကော်မရှင်မှာ အာဏာအလွန်အကျွံရှိနေတာကို ပြနေ ပါတယ်။ပုဒ်မ ၄၀၂ရွေးကောက်ပွဲကော်မရှင် အာဏာ အလွန်အကျွံရှိနေတဲ့ နောက်တစ်ချက် ကတော့ ပုဒ်မ ၄၀၂မှာပါတဲ့ပြဋ္ဌာန်းချက် ပဲ ဖြစ်ပါတယ်။ ပုဒ်မ ၄၀၂ ပြဋ္ဌာန်းချက် ကိုကြည့်ရင် အောက်ပါ ကိစ်္စများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ဆုံးဖြတ်ချက်နှင့်ဆောင်ရွက် ချက်များသည် အပြီးပြတ် အတည်ဖြစ် စေရမည်ဟု ဖော်ပြထားပါတယ်။ အဲဒီ ဖော်ပြချက်မှာ (က) ရွေးကောက် တင် မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းများ၊ (ခ) ရွေးကောက်ပွဲခုံအဖွဲ့များ၏ ဆုံးဖြတ်ချက် များ၊ အမိန့်များနှင့်စပ်လျဉ်းသည့် အယူခံ မှုများနှင့် ပြင်ဆင်မှုများ၊ (ဂ) နိုင်ငံရေး ပါတီဆိုင်ရာ ဥပဒေအရ ဆုံးဖြတ်သော ကိစ္စရပ်များ အစရှိသဖြင့် ဖော်ပြထားပါ တယ်။ အဲဒီမှာ ပြည်ထောင်စုရွေးကောက် ပွဲ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ဟာ အပြီး ပြတ်အတည်ဖြစ်စေရမည်ဟု ဖော်ပြထား တဲ့အတွက် နိုင်ငံရေးပါတီများနှင့်ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေ၊ ရွေးကောက်ပွဲဆိုင်ရာ ဆုံးဖြတ်ချက်တွေ၊ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုနှင့်ပတ်သက်တဲ့ ဆုံးဖြတ် ချက်တွေ ရွေးကောက်ပွဲမှာ ဘယ်သူနိုင် သွားလဲ၊ ဘယ်သူရှုံးသွားလဲ စတဲ့အချက် တွေကို ဆုံးဖြတ်ခွင့်အာဏာပေးတာဟာ အာဏာရှင်တွေလိုဖြစ်နေပါတယ်။ သူ့ကို ထိန်းကျောင်းမယ့် အဖွဲ့အစည်းလည်း မရှိပါဘူး။
ဘယ်သူခန့်လဲ အဲဒီတော့ရွေးကောက်ပွဲ ကော်မရှင် ကိုဘယ်သူကခန့်လဲဆိုတာကို ကျွန်တော် တို့ ကြည့်ကြရအောင်ပါ။ ပုဒ်မ ၃၉၈(က) အရသမ်္မတသည်ရွေးကောက်ပွဲကော်မရှင် ဖွဲ့စည်းရမယ်။ ယင်းသို့ ဖွဲ့စည်းရာတွင် ဤဖွဲ့စည်းပုံအခြေခံဥပဒေပါပြည်ထောင်စု ၀န်ကြီးခန့်ထားခြင်းနှင့် စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက်္ကဋ္ဌအပါ အ၀င် အဖွဲ့ဝင် အနည်းဆုံး ၅ ဦးကို ခန့်အပ်တာဝန်ပေးခွင့် အာဏာပေးထား ပါတယ်။ ဒါကြောင့်မို့ ရွေးကောက်ပွဲ ကော်မရှင်ဟာ သမ္မတကို သစ္စာခံထား ရတဲ့ သဘောမျိုး ဖြစ်နေပါတယ်။ နိုင်ငံ တကာမှာ ရွေးကောက်ပွဲကော်မရှင်ကို ခန့်အပ်မယ်ဆိုရင် သမ်္မတ စိတ်တိုင်းကျ ခန့်အပ်လို့မရပါဘူး။ သမ်္မတက သူခန့် အပ်ရမယ့် လူတွေကို လွှတ်တော်ကို တင်ပြရလေ့ ရှိပါတယ်။ ဥပဒေပြုလွှတ် တော် အဆင့်ဆင့် အတည်ပြုမှသာလျှင် ရွေးကောက်ပွဲကော်မရှင်အတည် ဖြစ်ပါ တယ်။ အခုတော့ ရွေးကောက်ပွဲကော်မ ရှင်ကို သမ်္မတက စိတ်တိုင်းကျခန့်အပ်ခွင့် ရှိနေတဲ့အတွက် ရွေးကောက်ပွဲကော်မရှင် ဟာ အစိုးရအဖွဲ့ခေါင်းဆောင် သမ္မတရဲ့ လက်အောက်ခံသဘောမျိုး ဖြစ်နေပါ တယ်။ ဒါအပြင်ရွေးကောက်ပွဲကော်မရှင် က ပုဒ်မ ၃၉၉ ပါပြဋ္ဌာန်းချက်များအရ သော်လည်းကောင်း ပုဒ်မ ၄၀၂ပါပြဋ္ဌာန်း ချက်အရသော်လည်းကောင်း အာဏာ အလွန်အကျွံရှိနေတဲ့အတွက် သမ္မတရဲ့ သြဇာခံ ရွေးကောက်ပွဲကော်မရှင်ဟာ အာဏာရှင်ဒိုင်လူကြီးဖြစ်သွားပြီး သူထင် သလိုလုပ်ခွင့်၊ ဆုံးဖြတ်ခွင့် ရသွားတော့ တာပါပဲ။ နိုင်ငံတကာမှာ ရွေးကောက်ပွဲ ဆိုင်ရာ အငြင်းပွားမှု ကိစ္စရပ်တွေကို တရားရေးကဏ္ဍက စီရင်ဆောင်ရွက်လေ့ ရှိပါတယ်။ ကျွန်တော်တို့ဆီမှာတော့ သမ်္မတကခန့်အပ်တဲ့ရွေးကောက်ပွဲ ကော် မရှင်ကို ဘယ်သူရဲ့သဘောတူညီချက်မှ မလိုဘဲ ကိုင်ပိုင်ဆောင်ရွက်ခွင့်ပေးထား ပြီး၊အာဏာအလွန်အကျွံရှိနေတဲ့အတွက် ကြောင့်မို့လို့ လက်ရှိရွေးကောက်ပွဲ ကော် မရှင်ဟာ တည်ဆဲအစိုးရ၏ အကျိုးစီးပွား ကိုစောင့်ခြင်းနှင့် တည်ဆဲအစိုးရ၏ လက် အောက်ခံအဖွဲ့အစည်း ဖြစ်နေတယ်ဆို တာကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၈ (က) ပုဒ်မ ၃၉၉၊ ပုဒ်မ ၄၀၂ စတဲ့ ပုဒ်မတွေကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်ကြောင်း တင်ပြလိုက်ရပါတယ်။
လွှတ်တော်ရဲ့ကိစ္စ
ဒါ့အပြင်လွှတ်တော်က ဆောင်ရွက် ရ မယ့်ကိစ်္စတွေမှာ ၀င်ရောက်လုပ်ကိုင် နေပါတယ်။ မဲဆန္ဒနယ်မြေ သတ်မှတ် ချက်ကိစ္စက ပြည်ထောင်စုလွှတ်တော်က ဆောင်ရွက်ရမှာဖြစ်ပေမယ့် ပုဒ်မ ၃၉၉ အရ ရွေးကောက်ပွဲကော်မရှင်မှာ ဆောင် ရွက်ခွင့်ရှိနေပါတယ်။ ထို့ပြင် နိုင်ငံရေး ပါတီများနှင့်ပတ်သက်ပြီးတော့ ထိန်းချုပ် ဖို့ကိုလည်းပဲ ပုဒ်မ ၃၉၉ အရ ကော်မရှင် မှာ အာဏာရှိနေပါတယ်။ ဒါ့အပြင် ပုဒ်မ ၄၀၂ အရ နိုင်ငံရေးပါတီများနှင့်သော် လည်းကောင်းလို့ ပါဝင်နေတဲ့အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဟာ လုပ်ပိုင်ခွင့်အာဏာကို နိုင်ငံတကာ စံနှုန်းများနှင့်မလျော်ညီဘဲ ရရှိထားတယ် လို့ ပြောရပါလိမ့်မယ်။ ဒါ့အပြင် ရွေး ကောက်ပွဲကော်မရှင်ကို သမ္မတက တိုက် ရိုက်ခန့်အပ်တာဖြစ်တဲ့အတွက် အစိုးရ အဖွဲ့ရဲ့ လက်အောက်ခံအဖွဲ့မျိုး ဖြစ်နေ တာတွေ့ရပါတယ်။
ဖွဲ့စည်းပုံနဲ့ညီရဲ့လား အဲဒီပြဋ္ဌာန်းချက်တွေကို ခဏထား ပြီးကျွန်တော်တို့ကလက်ရှိ ရွေးကောက်ပွဲ ကော်မရှင်ဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါစံနှုန်းများနှင့်ညီ၊မညီကို လေ့လာ ကြည့်ရအောင်ပါ။၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၉၈(ခ)(၇)မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဖွဲ့စည်းမှုနှင့် ပတ်သက်ပြီးတော့ ယခုလိုပြဋ္ဌာန်းထား ပါတယ်။ ပုဒ်မ ၃၉၈(ခ)(၇) ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့်အဖွဲ့ဝင်များ သည် နိုင်ငံရေး ပါတီဝင်မဟုတ်သူဖြစ်ရ မည်။ အဲဒီပြဋ္ဌာန်းချက်မှာ နိုင်ငံရေးပါတီ ၀င်မဟုတ်သူဖြစ်ရမယ်လို့ ဖော်ပြထားပါ တယ်။ ရွေးကောက် ပွဲကော်မရှင် တစ်ခု ဟာ ဒိုင်တစ်ခုပဲဖြစ်ပါတယ်။ နိုင်ငံရေး အာဏာကို ရယူကြမယ့် နိုင်ငံရေးပါတီ တွေအတွက် ဒိုင်တစ်ခုသာ ဖြစ်ပါတယ်။ ဒါကြောင့်ပါတီတစ်ခုခုရဲ့ လက်အောက်ခံ ဖြစ်လို့မရပါဘူး။ နိုင်ငံတကာမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးကော်မရှင်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အဆုံး အဖြတ်ပေးတဲ့အဖွဲ့၊ ကော်မတီ၊ ရွေး ကောက်ပွဲဆိုင်ရာကော်မရှင် အဂတိတိုက် ဖျက် ရေးကော်မရှင်စတဲ့ အဖွဲ့အစည်း တွေဟာအုပ်ချုပ်ရေးအဖွဲ့တွေနဲ့မဆိုင်တဲ့ နိုင်ငံရေး ပါတီတွေရဲ့ လက်အောက်ခံ မဟုတ်တဲ့သီးခြားလွတ်လပ်တဲ့ကော်မရှင် တွေ ဖြစ်လေ့ရှိပါတယ်။ ဒါကြောင့်မို့ ပုဒ်မ ၃၉၉ ပုဒ်မခွဲ(ခ)(၇)အရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တွေ ဟာ နိုင်ငံရေးပါတီဝင်မဟုတ်ရဘူးဆိုတဲ့ အချက်က အလွန် သဘာဝကျပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲ ကော်မရှင်ကို ကြည့်ပါ။ ဥက္ကဋ္ဌဖြစ်တဲ့ ဦးတင်အေးကိုယ်တိုင် ပြည်ခိုင်ဖြိုးပါတီရဲ့ ဗဟိုကော်မတီဝင်တစ်ယောက်ဖြစ်သလို ယင်းပါတီကိုကိုယ်စားပြု၍ ရွေးကောက် ပွဲဝင်ထားသော လွှတ်တော်ကိုယ်စား လှယ်တစ်ဦးလည်းဖြစ်ပါတယ်။ ဦးတင် အေးဟာ ပြည်ခိုင်ဖြိုးပါတီက ထွက်ပြီး သား၊ ဒါကြောင့် ပါတီဝင်မဟုတ်ဘူးလို့ စောဒကတက်စရာရှိပါတယ်။ ပုဒ်မ ၃၉၉ ကိုသေချာဆန်းစစ်ကြည့်ရပါ့မယ်။ အဲဒီ ပြဋ္ဌာန်းချက်ဟာ နိုင်ငံရေးပါတီတစ်ခုနဲ့ ဆက်စပ်မှုမရှိရဘူး၊ စပ်ယှက်မှုမရှိရဘူးလို့ သက်ရောက်ပါတယ်။ ဒါပေမဲ့ ဦးတင် အေးက ပြည်ခိုင်ဖြိုးပါတီမှာ သြဇာရှိသူ တစ်ယောက် ဖြစ်နေပါတယ်။ နုတ်ထွက် ထားတယ်ဆိုပေမဲ့ သူဟာ ပါတီက နုတ်ထွက်ထားရင်တောင်မှ အနှစ်သာရ အရ ပြည်ခိုင်ဖြိုးပါတီဟာ သူ့ရဲ့မိခင် ပါတီဖြစ်ပါတယ။် ဒါကြောင့် ပုဒ်မ ၃၉၉ ပုဒ်မခွဲ (ခ) (၇)ရဲ့အနှစ်သာရ ကိုကြည့်ရင် လက်ရှိသော်လည်းကောင်း၊ အတိတ်က သော်လည်းကောင်း နိုင်ငံရေးပါတီတစ် ခုခုနှင့် ပတ်သက်ထားသူမဖြစ်ရဘူးလို့ သက်ရောက်ပါတယ်။ ဒါမှသာလျှင် ရွေး ကောက်ပွဲကော်မရှင်ဟာဘက်မလိုက်ဘူး ဆိုတဲ့ သူ့ရဲ့အခြေခံမူအပေါ်မှာ တည် ရှိရမှာပါ။ အဲဒီအခြေခံမူအရ ပုဒ်မ ၃၉၉ ပုဒ်မခွဲ(ခ)(၇)အရ ဦးတင်အေးဟာ သူ့ရဲ့ ဥက္ကဋ္ဌရာထူးက နုတ်ထွက်ပေးရမှာပါ။ နုတ်မထွက်ဘူးဆိုရင်သူဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်သူဖြစ်နေပါ ပြီ။ အဲဒီမှာ ထပ်ပြီးပြောထားတာက လွှတ် တော်ကိုယ်စားလှယ်မဖြစ်ရဘူးဆို တာပဲပါပါတယ်။ ဖြစ်နေပါက နုတ်ထွက် ပြီး လုပ်ခွင့်ရှိတယ်လို့ မပါပါဘူး။ လွှတ် တော်ကိုယ်စားလှယ်ဖြစ်ပြီး နုတ်ထွက် ထား သူ့ကိုလက်ခံသည်လို့ ရေးမထား ပါဘူး။ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံထားသူဟာ အရွေးခံတယ်ဆိုက တည်းက နိုင်ငံရေးပါတီတစ်ခုကို များ သောအားဖြင့် ကိုယ်စားပြုလေ့ရှိပါတယ်။ သူ့မှာ ဘက်လိုက်မှုဆိုတာရှိနေပါတယ်။ ဒါကိုနုတ်ထွက်စေပြီး ကော်မရှင်မှာပါစေ တာဟာ ဦးတင်အေးအပါအ၀င် ကော်မ ရှင်အဖွဲ့ဝင်အာလုံးဟာ နိုင်ငံရေးပါတီဝင် မဟုတ်သူဖြစ်ရမည်။ လွှတ်တော်ကိုယ် စားလှယ်မဖြစ်ရဘူးဆိုတဲ့ ပြဋ္ဌာန်းချက် တွေနဲ့ ဆန့်ကျင်နေပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက် နေရာရောက်ပါတယ်။ အဲဒီအချက်ကို ဉဏ်ပညာရှိရှိစဉ်းစားကြည့်ရင်၊ သုံးသပ် ကြည့်ရင် ဦးတင်အေးကို လက်ရှိကော်မ ရှင်ဥက္ကဋ္ဌရာထူးကဖယ်ရှားဖို့သင့်ပါတယ်။ ဒါမှမဟုတ်ရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ ဘာမှမဟုတ်တဲ့အရာမရောက် တဲ့ ဥပဒေဖြစ်သွားမှာပါ။ အထူးသဖြင့် ရွေးကောက်ပွဲတွေရှိတဲ့ နိုင်ငံတွေမှာ ရွေးကောက်ပွဲကော်မရှင်က အရေးကြီးပါ တယ်။ဒါကိုချိုးဖောက်နေ တာကဖွဲ့စည်းပုံ အခြေခံဥပဒေကို အလေးမထားတာပါပဲ။ ဒါကြောင့်မို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက်္ကဋ္ဌ ဦးတင်အေးကို လက်ရှိ ရာထူးကနေ ဖယ်ရှားပစ် ဖို့လိုပါတယ်။ သူ့နေရာမှာအတိတ်ကသော်လည်းကောင်း၊ လက်ရှိသော်လည်းကောင်း မည်သည့် ပါတီနှင့်မျှမပတ်သက်ခဲ့တဲ့လူတစ်ယောက် ကိုပြောင်းလဲတာဝန်ပေးအပ်သင့်ပါတယ်။ အစိုးရအနေနဲ့လည်း ကော်မရှင်ဥက္ကဋ္ဌနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ဖြစ်နေ တာကို ရပ်ဆိုင်းနိုင်ပြီး နိုင်ငံရေးပါတီ အချင်းချင်းကြား စည်းလုံးမှုကို ပို၍ခိုင်မာ စေပါလိမ့်မယ်။
Aye Chan Mon Credit To: http://www.hotnewsweekly.com
http://www.ayechanmon-news1.com/
Post a Comment