0

ACM RE-Post 18-6-2014

ရန်ကုန်၊ ဇွန် ၁၇- အမေရိကန်နှင့် မြန်မာနိုင်ငံတို့အကြား ကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဘောင် သဘောတူ ညီချက် စာချုပ် ပထမ အကြိမ်ညှိနှိုင်းဆွေးနွေးပွဲကို ဇွန် ၁၇ ရက်ကနေ ပြည်တော်ရှိ အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုဝန်ကြီးဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲ တွင် မြန်မာ နိုင်ငံ ကုန်သွယ်ရေးဆိုင်ရာမူဝါဒများ ပြုပြင်ပြောင်းလဲမှုများနှင့်သက်ဆိုင် သည့် လက်ရှိဆောင် ရွက်လျက်ရှိသော WTO Trade Policy Review ဆိုင်ရာကိစ္စရပ်များ၊ သွင်းကုန်လိုင် စင်နှင့်ပတ်သက်သည့် အခြေအနေ များ၊ ဉာဏ ပစ္စည်းဆိုင်ရာ မူပိုင်ခွင့် ဥပဒေရေးဆွဲနေသည့် အခြေအနေ များနှင့် နှစ်နိုင်ငံပူးပေါင်းဆောင် ရွက်မှု အခွင့်အလမ်းများ တိုးတက် စေရန်အတွက် ရင်းနှီးမြှုပ်နှံမှု မြှင့် တင်ရေးနှင့် လွယ်ကူချောမွေ့စေ ရန်အတွက် ဆောင်ရွက်မှုများအပြင် အာဆီယံနှင့် အမေရိကန်တို့အကြား ဆောင်ရွက်လျက်ရှိသည့် စီးပွားရေး ဆိုင်ရာ ဆောင်ရွက်ချက်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

အမျိုးသားစီမံကိန်းနှင့် စီးပွား ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာ ရှိတစ်ဦးက ''ပြီးခဲ့တဲ့ မေလတုန်းက ချုပ်ဆိုခဲ့တဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီး မြှုပ်နှံမှု မူဘောင်သဘောတူစာချုပ် ကို အကောင်အထည်ဖော်ဖို့အတွက် ပထမအကြိမ်ဆွေးနွေးတာပါ။ ကျန် တာတွေ ကိုတော့ ပြောလို့ မရသေး ဘူး''ဟု ပြောသည်။

အဆိုပါအစည်းအဝေးကို အမျိုး သားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန ဒုတိယဝန် ကြီး ဒေါက် တာ ဒေါ်လဲ့လဲ့သိန်းနှင့် အမေရိကန်နိုင်ငံမှ Deputy Assistant of Trade Representative Mr. Karl Ehlers တို့အပါအဝင် ကုန်သည်စက်မှုအသင်းချုပ်မှ လုပ် ငန်းရှင်များ တက်ရောက်ကြောင်း သိရသည်။

စီးပွားရေးပညာရှင်ဒေါက်တာ မောင်မောင်စိုးက ''အမေရိကန်လို စက်မှုဖွံ့ဖြိုးပြီးနိုင်ငံနဲ့ ကုန်သွယ်မယ် ဆိုရင် Trade Structure က အရေး ကြီးတယ်။ ဘယ်လိုကုန်စည်တွေကို တင်ပို့မယ်။ ဘာတွေကို ပြန်ပြီး တင် သွင်းမယ်ဆိုတာက အရေးကြီးတယ်။ ကိုယ့်ဘက်က ဘယ်လောက်အထိ တင်ပို့နိုင်မလဲ။ တစ်ရက်နှစ်ရက် လောက် တင်ပို့ပြီး ကုန်သွားတာ မျိုးလုပ်လို့ မရဘူး။ အခြေခံထုတ် ကုန်တွေရဲ့ ကုန်ချောတွေကို တင်ပို့ နိုင်ဖို့လိုတယ်။ ဥပမာ-ဒီက ငါးပို့ပြီး သူတို့ဆီက ငါးသေတ္တာတွေ ပြန် သွင်းတာမျိုးတော့ မဖြစ်သင့်ဘူး။ အဓိကတော့ နည်းပညာနဲ့ စက်မှု ပစ္စည်းတွေကို တင်သွင်းတာမျိုးတွေ လုပ်ဖို့ လိုတယ်''ဟု ပြောသည်။
လက်ရှိတွင် အမေရိကန်နိုင်ငံ မှမြန်မာနိုင်ငံကို စီးပွားရေးဆိုင်ရာ ဆန်ရှင်ကို တစ်နှစ်သက်တမ်းတိုး ခြင်းကို ပြီးခဲ့သည့် လပိုင်းအတွင်း က သတ်မှတ်ထားပြီး အမေရိကန် နိုင်ငံမှ ဆန်ရှင်ဖြေလျော့ရန်တောင်း ဆိုမှုများမှာ နိုင်ငံရေးအကျဉ်းသား မရှိရန်၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိ ရန်၊ တပ်မတော်၏ အခန်းကဏ္ဍကို နိုင်ငံရေး၊ စီးပွားရေးကဏ္ဍများတွင် ပါဝင်မှုလျော့ချရန်၊ လူမျိုးရေး၊ ဘာ သာရေး အဓိကရုဏ်းများကို နိုင်ငံ တော်မှ အမြန်ဆုံးအကောင်အထည် ဖော်ဆောင်ရွက် ရန် တောင်းဆိုထား ကြောင်း သိရသည်။

စီးပွားရေးပညာရှင် ဦးလှမောင် က ''အမေရိကန်နဲ့ ကုန်သွယ်ပြီးရင် မြန်မာနိုင်ငံ အနေနဲ့ လက်ရှိစီးပွား ရေးအင်အားကြီး ဂျပန်တို့ တရုတ် နိုင်ငံတို့လို ဖွံ့ဖြိုးတိုးတက်လာနိုင် တယ်။ ပြည်တွင်းက ဘာတွေလုပ် ဖို့လိုလဲဆိုတော့ လက်ရှိအမေရိကန် ရဲ့ ဆန်ရှင်ဖြေလျော့မှုတွေလုပ်ဖို့ အတွက် ကတိကဝတ်တွေကို လိုက်နာ ဖို့လိုတယ်။ ထိုင်ဝမ်လို ကျွန်းနိုင်ငံ လေး တစ်ခုတောင် အမေရိကန်နဲ့ ကုန် သွယ်တဲ့အတွက် ခေတ်မီတဲ့ စက်မှု နိုင်ငံသစ်ဆိုပြီး ကမ္ဘာပေါ်မှာ ရပ်တည် နေတာကတော့ သာဓကပဲ။ ဒေသ တွင်း နိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ ဗီယက် နမ်တို့ စင်ကာပူတို့ကို အတုယူပြီး တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက် ဖို့အတွက် အမေရိကန်နဲ့ ကုန် သွယ်မှုကို အမြန်ဆုံးပူးပေါင်းဆောင် ရွက်သင့်တယ်''ဟု ပြောသည်။

TNO ၊ AKS

[--Democracy today Daily Newspaper--]

Aye Chan Mon Credit To: Yangon Media Group
http://www.ayechanmon-news1.com/

Post a Comment

 
Top