မြန်မာဘုရင်များ၏ သမိုင်းကို နောက်ခံထားပြီး ရေးဆွဲထားသည့် မဟာမြန်မာမိုဘိုင်းဂိမ်းကို စက်တင်ဘာလတွင် နမူနာထုတ်လုပ်နိုင်ရန် ရေးဆွဲနေပြီး ၂၀၁၅ နှစ် ဆန်းပိုင်းတွင် တရားဝင်ထုတ်လုပ်သွားမည်ဟု မဟာမြန်မာဂိမ်းကို ရေးဆွဲနေသည့ှ်Studio AMK ကုမ္ပဏီ၏ အမှုဆောင်အရာ ရှိချုပ် ဦးအေးမောင် မောင်ကြည်က ပြောသည်။
ဦးအေးမောင်မောင်ကြည်က “မဟာ မြန်မာဂိမ်းကို စက်တင်ဘာလလောက်မှာ နမူနာထုတ်ပေးနိုင်အောင် လုပ်သွားပါမယ်။ ၂၀၁၅ နှစ်ဆန်းပိုင်းမှာ တရားဝင်ထုတ်လုပ်နိုင်ဖို့ လုပ်သွားပါမယ်” ဟု ဆိုသည်။
မဟာမြန်မာဂိမ်းကို Action ဂိမ်းအမျိုး အစားအဖြစ် ထုတ်လုပ်သွားမည်ဖြစ်ပြီး မိမိအဖွဲ့ကို ထိန်းချုပ်လေ့ ကျင့်ပေး၍ ဗျူ ဟာများချမှတ်ကာ တိုက်ခိုက်ရမည့်ဂိမ်းအမျိုးအစား
၎င်းက “ဂိမ်းအမျိုးအစားက Actionမ်းပါ။ သူရဲကောင်းတစ်ယောက်ကို ထိန်းချုပ်ကစားရတာမျိုးထက် မိမိ အဖွဲ့ကိုထိန်းချုပ်ကာ လေ့ကျင့်ပေးတာမျိုး၊ ဗျူဟာချရတာမျိုးတွေ ပါဝင်ပါမယ်။ ဇာတ်လမ်း (Story Mode) တွေကို လိုက်လံကစားရမှာဖြစ်သလို၊ မိမိတပ်ဖွဲ့ အင်အားကောင်းလာပြီး အဆင့်တစ် ခုရောက်လာပြီ ဆိုရင်တော့ Online မှာPlayer vs Player တက်ဆော့လို့ရမှာပါ”ဟုဆိုသည်။
မဟာမြန်မာဂိမ်းတွင် မြန်မာရာဇ၀င်များကို ကျောရိုးထားပြီး ဇာတ်လမ်းဆင်ထားခြင်းဖြစ်ကာ ဒဏ္ဍာရီဖြစ် ရပ်များကိုပါ ထည့်သွင်းသွားမည်ဖြစ်သည်ဟု ဦးအေးမောင်မောင်ကြည်ကဆိုသည်။ ထို့အပြင် မြန်မာရာဇ ၀င်များကို အခြေခံပြီးရေးဆွဲရာတွင် သုတေသနအဖွဲ့ဖွဲ့စည်းဆောင်ရွက် ခြင်းဖြစ်ပြီး မြန်မာဘုရင်များ နန်း စိုက်ခဲ့သည့် ပုဂံဒေသသို့ အဖွဲ့လိုက်သုတေသန ထပ်မံပြုလုပ်သွားမည်ဖြစ်သည်။
မဟာမြန်မာဂိမ်းကို စင်ကာပူနိုင်ငံမှ မြန်မာပညာရှင်များက ရေးဆွဲနေခြင်းဖြစ်ပြီး မြန်မာနိုင်ငံအတွင်းတွင် သာ ရေးဆွဲထုတ်လုပ်သွားမည်ဟု ဦးအေးမောင်မောင်ကြည်ကပြောသည်။ ပြည်ပနိုင်ငံများသို့ ထိုးဖောက် နိုင်ရန်ထက် ပြည်တွင်းတွင်အောင်မြင်နိုင်ရန်
မဟာမြန်မာဂိမ်းတွင် ထည့်သွင်းသုံးစွဲရန်အတွက် အဆိုတော်ဇော်ဝင်းထွဋ် သီဆိုထားသည့် မဟာသီချင်း ကို တရားဝင်မူပိုင်ခွင့်ရယူပြီးဖြစ်
၎င်းက“ဂိမ်းProject စတော့ သူရဲကောင်းတွေပါမယ်။ နောက် ပုဂံကို အမှီပြု မယ်လို့ ဆုံးဖြတ်လိုက်တော့ ဦးညီထွဋ်၊ ဆရာမြသန်းစံတို့ရဲ့ မဟာသီချင်းနဲ့က ကွက်တိသွားကျနေပါတယ်။ သူတို့ အနု ပညာကိုလေး စားတာကော နောက်ပြီးမူပိုင်ခွင့်တွေကို တန်ဖိုးထားသင့်တယ်လို့ ယူဆတာကြောင့်ပါ မဟာသီချင်းကို တရားဝင်မူပိုင်ယူဖြစ်သွားပါတယ်။
Aye Chan Mon Credit To: Mizzima - News in Burmese
http://
Post a Comment