0

ACM Re-Post 3-6-2014

ဖြစ်ရပ်က ငိုရခက် ရယ်ရခက်လေးပါ။ ဝမ်းနည်းစရာ သတင်းလေး တစ်ခုပါပဲ။ မိလ္လာတွင်းထဲ ပြုတ်ကျသွားတဲ့ ဟန်းဆက် ကို ဆယ်ဖို့ ကြိုးစားရင်း သား အမိ နှစ်ယောက် စလုံး တွင်းထဲမှာ သေဆုံးသွားတဲ့ သတင်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ ဖြစ်ပါတယ်။ အမေ ဖြစ်သူက အသစ် ဝယ်ထားတဲ့ ဟန်းဆက်ကို အိမ်သာတက်ရင်းနဲ့ သုံးပါ တယ်။ ကာလတန်ဖိုး အားဖြင့် အမေရိကန်ဒေါ်လာ ၃၀၀ ရှိတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ သုံးနေရင်း ဖုန်းက တွင်းထဲ ကျသွားပါတယ်။ ဒါနဲ့ သားဖြစ်သူကို က အခြား အပေါက် တစ်ခုကနေ ဝင်ဆယ် ပေးပါတယ်။ အထဲ ရောက်ပြီး မိနစ် ပိုင်း မှာပဲ မူးမေ့သွားပါတယ်။ မိလ္လာတွင်း အနက်က ဒူးခေါင်း အကျော်လေးပဲ ရှိတာ ဖြစ်ပါတယ်။ အနက်ကြီး မဟုတ်ပါဘူး။ ဒါနဲ့ အမေ ဖြစ်သူပါ လိုက်ဆင်း ဆယ်ဖို့ ဆုံးဖြတ်ပြီး ဝင်လိုက်တာ မိနစ်ပိုင်း အတွင်းပဲ မူးမေ့သွား ပြန်ပါတယ်။

ဒါကြောင့် ကယ်ဆယ်ရေးကို ခေါ်ပြီး ဆယ်ထုတ်တဲ့ အခါ အသက်မပါ တော့ တဲ့ သားအမိ အလောင်းကိုသာ ပြန်ရ ပါတယ်။ ဆေးရုံ ပို့ပေမယ့် မမှီတော့ ပါဘူး။ မိလ္လာတွင်းက အနံ့ဆိုး ကြောင့်၊ အောက်ဆီဂျင် ဓာတ် ချို့တဲ့မှု ကြောင့် အချိန်ပိုင်းအတွင်း မေ့မျော သေဆုံး သွားကြခြင်း ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: metro
အောင်ခမ်း (ရိုးရာလေး)

Aye Chan Mon Credit To :YoYarLay
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

.
4

Post a Comment

 
Top