0
ရန်ကုန်၊ ACM Re-post 16-6-2014

အင်းစိန်ထောင်အတွင်း လူဝတ်လဲကာ အကျဉ်းချခံထားရသည့် မဟာ
သန္တိသုခ ဗုဒ္ဓသာသနာပြု ကျောင်းတော်ကြီးမှ သံဃာငါးပါးထံ ဆရာတော်ဦးဥတ္တရ(လန်ဒန်ဆရာတော်) ၏ ဒကာ/မများ၊ ၈၈မျိုးငြိမ်းဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေး အမျိုးသမီးကွန်ယက်တို့က ယနေ့မနက်ပိုင်းတွင် ထောင်ဝင်စာများ သွားရောက်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

“ဆရာတော်တွေအတွက် လိုအပ်တဲ့ အစားအသောက်နဲ့၊ အသုံးအဆောင် ပစ္စည်းတွေ လာရောက်ပို့ဆောင်ခဲ့တာပါ၊ နောက်ကိုလည်း ပို့လို့ရသလို ဆက်လက် ပို့ဆောင်သွားမှာပါ၊ ဝိုင်းဝန်းကူညီပေးတဲ့ သူတွေကိုလည်း ကျေးဇူးတင်ပါတယ်”ဟု ဆရာတော်ဦးဥတ္တရ ၏ ကပ္ပိယဖြစ်သူ
ဦးအောင်နိုင်က ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁ဝရက်နေ့ည သန်းခေါင်အချိန်က သံဃာ့မဟာနာယက အဖွဲ့ဦးဆောင်ကာ တာမွေမြို့နယ်ရှိ မဟာသန္တိသုခ ကျောင်းတော်ကြီးကို ဝင်ရောက်ချိပ်ပိတ်ခဲ့ပြီး ကျောင်းတိုက်ရှိ သံဃာများကို ကမ္ဘာအေးရှိ သံဃမဟာနာယကရုံးသို့ ညတွင်းချင်း ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍ ပီနန် ဆရာတော်ကြီး၏ တပည့်အရင်းဖြစ်သူ ဆရာတော်
ဦးဥတ္တရ အပါအဝင် သံဃာငါးပါးအား ဇွန်လ ၁၃ ရက်တွင် လူဝတ်လဲ
စေကာ အင်းစိန်ထောင်သို့ ပို့ဆောင်ထားခြင်း ဖြစ်သည်။

သာသနာအကြည်ညိုပျက်စေမှုပုဒ်မ ၂၉၅ဖြင့် တရားစွဲခံထားရသည့် ယင်းဆရာတော်များကို ဇွန်လ ၂ဝရက်၌ တာမွေမြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးသွားမည် ကနဦး သိရှိထားကြောင်း ဦးအောင်နိုင်၏ ပြေကြားချက်အရ သိရသည်။

ထက်နောင်နောင်

Aye Chan Mon Credit To: The Myanma Age
http://www.ayechanmon-news1.com/
 (5 photos)

Post a Comment

 
Top