မန္တလေး-ACM RE-Post 18-6-2014
သာသနာရေးဝန်ကြီးဌာန၊ ပြည်တောင်စုဝန်ကြီး
ဦးဆန်းဆင့် က "လတ်တလော ဖြစ်ပေါ်နေသည့် အချို့ဖြစ်ရပ်များသည် ထင်ပေါ်ကျော်စောလိုမှုနှင့် လာဘ်လာဘတိုးပွားမှုရှေ့တန်းတင်ပြီး ဓမ္မဝိနယ အဆုံးအမများမှ သွေဖီလျက်ဆောင်ရွက်နေမှုများကို တွေ့ရှိနေရပါသည်ဘုရား ။
ထိုသို့ထင်ပေါ်ကျော်ကြားသူတို့အား ဆရာဒကာရင်းနှီးမှုယူ၍ တိုက်တွန်းထောက်ခံ ပြုမှုများသည် ဝိနည်းတော်အား ဖောက်ဖျက်ခိုင်းရာ ရောက်နေသဖြင့် အမှားကြီး အပြစ်ကြီး မဖြစ်မီအချိန်မီ အမှန်ပြုပြင်ရန် လိုအပ်လျက်ရှိနေပါသည်ဘုရား"ဟုအလိုတော်ပြည့်ဆရာတော်
သက်တော်(၇၀) ဝိဇာတမွေးနေ့မင်္ဂလာတွင် လျှောက်ထားပူဇော်သော" ဝိဇာတပူဇာ ဝန္ဒနာ"၌ပြောကြားသည်။ မန္တလေး တိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ အောင်မြေဗောဓိဓမ္မရိပ်သာ၌ ပုဂံ၊ ညောင်ဦးဒေသ ပြည်တွင်းပြည်ပ သာသနာပြု အလိုတော်ပြည့် ကျောင်းတိုက်များ၏ အဓိပတိ မဟာနာယက အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ အလိုတော်ပြည့်ဆရာတော်ဒေါက်တာ
ဘဒ္ဒန္တအရိယံဝံသ မဟာထေရ်၏ သက်တော်(၇၀)ပြည့် "ဝိဇာတမင်္ဂလာ" အခမ်းအနားကိုဇွန် ၁၂ရက်နေ့က ကျင်းပသည်။ "တပည့်တော်တို့ သာသနာရေးဝန်ကြီးဌာနသည် လူများစု ကိုးကွယ်ဆည်းကပ်ကြသည့် ဗုဒ္ဓဘာသာနှင့် အခြားဘာသာ သာသနာ
ကိစ္စများကို ကူညီပံ့ပိုးဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီး၏ သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးများကို သာသနာရေး ဝန်ကြီးဌာနက တာဝန်အရ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများသည် သာသနာတော်၌ အခြေကျခံသည့် ပရိယတ္တိသာသနာတော်အကျိုးငှာ
ဓမ္မဝိနယများကို သင်ယုပို့ချမှု ဂန္ထဓုရတာဝန်နှင့် သင်ယူဆည်းပူးသည့်အတိုင်း ကျင့်ကြံပွားများမှု ဝိပဿနာဓုရ တာဝန်တို့အပြင် နိုင်ငံတော် နှင့် ပြည်သူပြည်သားတို့ ပစ္စုပ္ပန်သံသရာ ကြီးပွားတိုးတက်စေရေးအတွက် လိုအပ်သော သြဝါဒများကို ချီးမြှင့်၍ လမ်းညွန်မိန့်ကြားရသဖြင့်
တိုင်းပြည်၏ တံခွန်သဖွယ် မထေရ်မြတ်များ ဖြစ်ကြပါသည် ဘုရား။ တိုင်းနိုင်ငံ၏ အလံတံခွန် သဖွယ်ဖြစ်သည့် ဆရာတော်ကြီးများ၏ လောကဓမ္မနှင့်အညီ ဆုံးမသွန်သင်မှုများကို ပြည်သူ အများ လေးစားလိုက်နာ ကြရပါသည် ဘုရား။ ဆရာတော်ကြီးများ၏ သြဝဒများကို ဆန့်ကျင်
သည့်အလား အလေးထားခြင်းမပြုက သာသနာ့ထိပ်ခေါင် ဆရာတော်ကြီးများ၏ နှလုံးစိတ်ဝမ်းကို ညှဉ်ဆဲနှိပ်စက်ရာရောက်၍ တိုင်းပြည်တံ
ခွန်ကို ချိုးဖျက်သကဲ့သို့ တိုင်းနိုင်ငံတွင် ပြည့်စုံရန် အင်္ဂါတစ်ခု ချွတ်ယွင်းလျက် တိုင်းနိုင်ငံ ပျက်စီးကြောင်းဖြစ်ပါသည် ဘုရား" ဟု ပြည်တောင်စုဝန်ကြီး ဦးဆန်းဆင့် ကဆက်လက်လျှောက်ထားသည်။ "ယနေ့ သာသနာရေးဝန်ကြီးဌာန အနေနှင့် ဆရာတော် သံဃာတော်များ၏ သြဝါဒအဆုံးအမများကို ဗုဒ္ဓဘာသာဝင်များ သိရှိ
လိုက်နာစေရေးနှင့် ဘာသာရေးဆိုင်ရာ အမှတ်မှားမှုများ အမှန်သိရှိ ပြင်ဆင်နိုင်ရေးတို့အတွက် ဆရာဒကာအနေအားဖြင့်စွမ်းအားအကုန် အာရုံပြုလျက် ကူညီပံ့ပို့ နှိုးဆော်ပေးလျက် ရှိပါသည်ဘုရား။ အသက်အရွယ်တော်ကြီးရင့်၍ သိက္ခာဝါကြီးမြင့်နေပါလျက် ကျန်းမာရေးကို အလေးဂရုမထားဘဲ သာသနာ့တာဝန် ထမ်းဆောင်တော်မှုလျက်ရှိကြသည့် ဆရာတော်သံဃာတော်များ၏ ဓမ္မဝိနယနှင့်အညီ ဆိုဆုံးမမှုများကို အလေးဂရုမထား စိတ်နှလုံးညှိုးနွမ်းစေ ရန်ပြုလုပ်၍နှိပ်စက် ညှဉ်းပမ်းသူများမှာ ပြည့်တံခွန်ကို ဖျက်ချိုးသည့်သူများ တိုင်းနိုင်ငံပျက်စီးရာ ပျက်စီးကြောင်း ပြစ်မှားကြသူများသာဖြစ် ပါသည်ဘုရား။ ဆရာတော်သံဃာတော်များအနေနှင့် ဒါယကာ၊ဒါယိကာမ အများ ပစ္စုပ္ပန်တမလွန် နှစ်တန်စီးပွား ဆုတ်ယုတ်မည့် အရေး၊အကျိုးမများ အကုသိုလ် မတိုးပွားစေရေးလိုအပ်သော သြဝါဒများ ချီးမြှင့်မိန့်ကြားပေးနိုင်ပါရန် အလျဉ်းသင့်၍လျှောက်ထားအပ်ပါသည် ဘုရား။ ပညာရှိများ၏ ၊ အဆိုအမိန့်စကားမှာ မိမိတို့ အစိုးရ အဖွဲ့အကြီးအကဲများသည် ပြည်တံခွန်ကို မချိုးမနှိမ်ရ၊ ပြည်ဦးကင်းကို မဖောက်ရလို့ ဆိုမိန့်ထားပါတယ်ဘုရား"ဟု ပြည်တောင်စုဝန်ကြီး ဦးဆန်းဆင့်က ဆက်လက်လျှောက်ထားသည်။ ဝိဇာတမွေးနေ့မင်္ဂလာအဖြစ် နံနက်(၈း၀၀) နာရီတွင် အလိုတော်ပြည့်ဆရာတော်ဘုရားကြီးအပါအ၀င် သံဃာတော်(၂၈)ပါးတို့အား သိမ်ဆင်းလောင်းလှူ ပူဇော်ပြီ်း မွေးနေ့မင်္ဂလာ အခမ်းအနား ကျင်းပသည်။ အဆိုပါ အခမ်းအနားတွင် နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် အဆိုတော်များ ကညနေ့ပိုင်းတွင် သီဆိုဖျော်ဖြေကြောင်းသိရသည်။
Aye Chan Mon Credit To: Popular Myanmar News Journal
http://www.ayechanmon-news1.com/ (4 photos)

Post a Comment