ACM RE-Post 18-6-2014
ပွင့်ဖြူမြို့နယ် ကုန်း ဇောင်းကျေးရွာတွင် မိသားစုချင်း စကားများရာမှတစ်ဆင့် ရုန်းရင်း ဆန်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး လုံခြုံ ရေး တင်းကျပ်ထားကြောင်း သတင်းရရှိသည်။
ဇွန်လ ၁၆ ရက် ည ၉ နာရီ ခန့်က ကုန်းဇောင်းကျေးရွာတွင် မိသားစုချင်း စကားများရာမှတစ် ဆင့် ဘေးပယောဂများကြောင့် လူမျိုးရေး၊ ဘာသာရေးအသွင် ဆောင်သည့် ရုန်းရင်းဆန်ခတ်မှု များ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခြေ အနေကို ထိန်းသိမ်းနိုင်ခဲ့ပြီ ဖြစ် ကြောင်း ပွင့်ဖြူရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။
‘‘လုံခြုံရေးကတော့ မပြေး သော်ကန်ရာရှိပေါ့။ ကျွန်တော်တို့ ရော၊ နယ်မြေခံတပ်ဖွဲ့ရော၊ မိတ် ဖက်အဖွဲ့အစည်းတွေရော အ ပြည့်အ၀ချထားပါတယ်’’ ဟု ပွင့် ဖြူမြို့နယ် ရဲတပ်ဖွဲ့ အရာရှိတစ် ဦးက ဇွန်လ ၁၇ ရက် နေ့လယ်တွင်ပြောသည်။
ရုန်းရင်းဆန်ခတ်မှုများ ကြောင့် နေအိမ်ငါးလုံး ဖျက်ဆီးခံ ရကြောင်း ဒေသခံအချို့က ပြော သော်လည်း ရဲတပ်ဖွဲ့ကမူ နေ အိမ်သုံးလုံးခန့်သာ ပျက်စီးခဲ့ ကြောင်း အတည်ပြုပြောဆိုသည်။
ယင်းဖြစ်စဉ်များတွင် ပါဝင် ပတ်သက်သူများကိုလည်း နယ် မြေခံရဲတပ်ဖွဲ့မှတစ်ဆင့် အရေး ယူရန်ဆောင်ရွက်နေကြောင်း အ ထက်ပါ အရာရှိက ဆက်လက် ပြောသည်။
Aye Chan Mon Credit To: 7 Day Daily
http://
Post a Comment