0

ACM RE-Post 18-6-2014

မန္တလေးမြို့တွင် ရဲတပ်ဖွဲ့ဝင်များ ဆိုင်ကယ်နံပတ်ပြား မတပ်ဘဲ မောင်းနှင်နေသော်လည်း မန္တလေးယာဉ်ထိန်းများမှ ဖမ်းဆီးခြင်း မရှိကြောင်း သိရှိရပါသည်၊ ယာဉ်ထိန်းများအနေနှင့် ရဲတပ်ဖွဲ့ဝင် အချင်းချင်း မဖမ်းသော်လည်း ....
“ကျွန်မက မန္တလေး နည်းပညာတက္ကသိုလ်ကပါ၊ကျောင်းကဝေးလွန်းတော့ အိမ်က ဆိုင်ကယ် ၀ယ်ပေးထားပါတယ်၊ ကျောင်းဝတ်စုံ ၀တ်ထားပေမယ့် လိုင်စင်စစ်ခံရတယ်၊အဲဒီလို စစ်ခံရတော့ အချိန်ကြာတာပေါ့၊ ကျောင်းနောက်ကျတာပေါ့၊ ဘယ်လိုမှ တောင်းပန်လို့မှ မရဘူး၊ ကျွန်မသူငယ်ချင်းတစ်ယောက်ကတော့ ည (၈)နာရီလောက်မှာကျူရှင်ကအပြန် ဆိုင်ကယ် ဦးထုပ် မဆောင်းခဲ့လိ့ဆိုပြီး ဖမ်းခံ၇တယ်၊ အပြစ်ရှိလို့ ဖမ်းတာ ဖမ်းပေါ့၊ အခုဟာကဆက်ဆံရေး က
ရိုင်းလွန်းတယ်၊ အခုရောက်လာတဲ့ ယာဉ်ထိန်းတွေက ပိုဆိုးတယ် ထင်တာပဲ၊ အရင်က ဆိုင်ကယ်ဖမ်းတာ ယဉ်ကျေးတယ်၊ အခုနောက်ပိုင်း သိပ်မိုက်ရိုင်းတယ်” ဟုဆိုပါသည်၊
၃၅လမ်း ၇၃လမ်းရှိ ဆိုင်ရှင် တစ်ယောက်က တော့
“ ဒီနေရာမှာ မီးပွိုင့်တစ်ခုရှိပါတယ်၊ဒီတစ်ဝှိုက်မှာတော့ တက္ကသိုလ်ကျောင်းသားတွေ ဆိုရင် သိပ်မဖမ်းရဲကြဘူး ၊သူတို့က ဒီဖက်မှာ ကျောင်းသားတွေက အုပ်စုလိုက် ရှိနေတော့ မဖမ်းရဲဘူးပေါ့၊ စည်းပျက် ကမ်းပျက် စီးတာရော ဦးထုပ် မဆောင်းတာရော ဘာမှ မထိရဲဘူး၊မဖမ်းရဲတာက ဒီပွိုင့်မှာ တာဝန်ကျတဲ့ယာဉ်ထိန်းကလည်း ဒီဖက်လာသမျှ လိုင်းကားတွေ အဝေးပြေးကားတွေကို အလွတ်မပေးပဲ တောင်းတား ယူတာရှိနေတာကိုးဗျ၊၊ ကျောင်းသားကျောင်းသူယာဉ်ထိန်းတွေ ဒီဘက်မှာ မထိရဲပေမယ့် မြို့ထဲမှာ တွေ့ရင် ဖမ်းတယ်၊ ဖမ်းသင့်လို့ ဖမ်းတာ မပြောချင်ပါဘူး၊ မျက်နှာလိုက်တာမျိုးတော့ မကေင်းဘူးပေါ့၊ မန္တလေးက ရဲတွေဟာ ယူနီဖေါင်းဝတ်ပြီး ဆိုင်ကယ်နံပတ်ပြား မတပ်တာမျိုးကတော့ ယာဉ်ထိန်းက ဖမ်းသင့်တာပေါ့၊အခုဟာက ရဲချင်းဆို မဖမ်းဘူးလိုဖြစ်နေတယ်” ဟုပြောဆိုသွားခဲ့ပါသည်။

(ဟာဂျူလီ-ကသာ)

(ဓါတ်ပုံ....Nyi Nyi မန္တလေး သတင်း ပုံရိပ်များ မှ)

Aye Chan Mon Credit To: ဟာဂျူလီ ကသာ
http://www.ayechanmon-news1.com/

Post a Comment

 
Top