0


ACM Re-Post 2-6-2014
Author: မင်းဒင်

(၁)
စုံစုံကျေးငှက်၊ လည်ယှက် လက်တင်၊ လွမ်းဖွယ်ဆင်သည့်နွေသမယ၊ မိန်လရာသီမဟုတ် သော်ငြား မုတ်သုံအဝင်နောက် ကျလေသဖြင့် ကြည့်လေရာရှစ် ခွင်ဝန်းကျင်တွင် ညှာတာကင်း လေသောနေမင်း၏တန်ခိုးအာ ဏာစက်ကြောင့် တံလျှပ်တို့တရှိန် ရှိန်ထနေလေသည်။ ရွှေပင်ရွာ အရှေ့တံခါးမှ တစ်ခေါ်သာသာအ ကွာအဝေးရှိ ယာခင်းပြင်ကြီးတွင် ရွာရှိလူကုန်အပြင် ညောင်ကြပ် ပင်၊ ရွာလေး၊ လင်းကဒိုး၊ စမ်းဂံ စသောရွာများဆီမှ ရွာသူရွာသား ဧည့်ပရိသတ်များပါရောက်ရှိနေ ကြကုန်သည်ဖြစ်၍ ကြည့်လေရာ တွင် ဖုတ်တထောင်းထောင်းထ လျက်ရှိသည်ကို အဝေးကပင်မြင် နိုင်လေသည်။ ယာကွင်းပြင်ကြီး တစ်ဝိုက်ရှိ ပိုင်းတန်၊ခရိုးတို့ဆီ မျှော်ကြည့်လျှင်ကား နိုင်ငံတော် အလံအရွယ်မျိုးစုံသည် လေတွင် ကစားကြွားတလူလူဝေလျက်ရှိ ၏။

လှည်းနေလှေအောင်းမြင်း ဇောင်းမကျန်ဟူသော စကား ဥပမာကို သတိရစရာကောင်းလှ ပါ၏။ အတန်ငယ်လှမ်းသည့်ရွာ အချို့မှ စိတ်ဝင်တစားတစ်ခဲနက် တက်ရောက်လာကြသဖြင့် ချီလာ သည့် လှည်းတပ်ကြီးမှာ ရာဂဏန်းဝန်းကျင်မျှပင်ရှိလောက်ချေ၏။ အဆိုပါလူအုပ်ကြီးသည် ယာ ကွင်းပြင်ကြီး၏ တစ်ခုသောမဏ္ဍပ်စင်မြင့်ရှေ့တွင် ပြင်းထန်သော အပူဒဏ်ကို အာခံကာ စုဝေး ရောက်ရှိနေကြခြင်းကား ဆြာဒင် ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင် ရာဟောပြောမှုကို မလွတ်တမ်း နားထောင်ကြရန်ဖြစ်ချေသည်။ ပုလဲအရောင်မမှိန်၊ ဗြုတ်စဗျင်း တောင်းသုခမိန်ဆြာဒင်ကား စင် မြင့်မဏ္ဍပ်နှင့်မနီးမဝေးရှိ ခပ်နွမ်း နွမ်း ပလတ်စတစ်ကုလားထိုင် တစ်လုံးပေါ်တွင် မသိမသာခေါင်း ကုတ်ရင်း ဇောချွေးပြန်သည်အထိ အကြံအိုက်နေလေသည်။

‘‘ဟယ်လို တက်စတင်း၊ ဟယ်လို တက်စတင်း၊ ဟိုက်လို ဟိုက်လို’’

မဏ္ဍပ်စင်မြင့်ပေါ်တွင်မူ ဆြာဒင်၏တပည့်ကျော်ဖေကြည် တစ်ယောက် တဟဲဟဲ၊ တလိုလို ဖြင့် မိုက်ကရိုဖုန်းကိုအိုက်တင်ပါ ပါ အသံစမ်းသပ်ရင်း အလုပ်ရှုပ် လျက်ရှိလေ၏။ ဟောပြောပွဲကြီး စတင်ချိန်နီးလာလေ ဆြာဒင်တစ် ယောက် နေမထိထိုင်မသာဗိုက် ထဲကရစ်ရစ်ပြီး နာသလိုခံစားလာ ရသည်။ စင်စစ် ဆြာဒင်စင်မြင့် ထက်သို့တက်၍ မိန့်မြွက်စကား ရှည်ကြီးဟောပြောရန် အလွန်ဝန် လေးလှပါ၏။ ထို့ထက်ဟောပြော ရမည့်အကြောင်းအရာနှင့် ကန့် သတ်ချက်ကြောင့် ပို၍ဆောက် တည်ရာမရဖြစ်နေချေသည်။ သို့ တစေ ပညာရဲရင့်ပွဲလယ်တင့်ဟူ သောဆိုရိုးနှင့်အညီ ‘‘ဒီလူတွေ အားလုံး ငါ့နယ်သားတွေပဲ’’ဟူ သောအတွေးဖြင့် ရှိစုမဲ့စုသတ္တိကို ကြံဖန်မွေးမြူကာ တံတွေးအကြိမ် ကြိမ်မျိုချရင်း စိတ်ကိုမဲတင်းနေရ လေတော့သည်။ ဖြစ်မှဖြစ်ပါ့ မ လားဟု တကြောင့်ကြကြ ဆြာဒင်ခံစားနေရသောအနှီဒုက္ခ၏မြစ် ဖျားခံရာကား ဤသို့ဖြစ်လေ၏။

(၂)
နမောတဿ၊ ဘဂဝတော၊ အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ဒကာဒင်
ရွှေပင်ရွာတောကျောင်း ဘုန်းကြီး အီးမေးလ်ဖြင့်စာရေး အကြောင်းကြားသိစေအပ်သည်။ ရတနာမြတ်သုံးပါး၏ ကျေးဇူး ကြောင့် ဘုန်းကြီးကျန်းမာသည့် နည်းတူ ဒကာဒင်ကျန်းမာပျော်ရွှင် စေရန်လည်း ဘုန်းကြီးမေတ္တာပို့ သပါ၏။ ဘုန်းကြီးလိုတိုရှင်းမိန့်ရ လျှင် ဘယ်လိုဘယ်ပုံရေးလိုက် မှန်းမသိသည့်အခြေခံဥပဒေဆို သောစာအုပ်စိမ်းတွင် ဘာပါမှန်း ညာပါမှန်း၊ ဘာရေးထားမှန်းမသိ သောကြောင့် ဗဟုသုတခေါင်း ပါးရှာကြသည့် ရွှေပင်သားတို့မှာ အဆိုပါဘုတ်အုပ်ပြင်ရေး၊ မပြင် ရေးတွင် ယောင်နနဖြစ်လျက်ရှိ လေရာ ရွှေပင်သားစွယ်စုံမုန် သောက်၊ ပညာရှင်ဒကာဒင်အနေ ဖြင့် လာရောက်ဟောပြောစေလို သည်။ အထူးသတိပြုရန်မှာ ရွှေ ပင်သားတို့ ချက်ဆိုနားခွက်က မီး တောက်သကဲ့သို့ ဒက်ခနဲနားလည်ကြစေရန်အလို့ငှာ ဒကာဒင့်အနေ ဖြင့် ကိစ္စရပ်ကို ပုဒ်ထီး၊ ပုဒ်မ၊ နံပါတ်ဂဏန်းများလုံးဝမပါရှိစေ ဘဲ ဟောပြောပေးရန် မေတ္တာရပ် ခံလိုပေကြောင်း။

ပုံ
တောကျောင်းဘုန်းကြီး
ရွှေပင်ကျေးရွာ၊ နတ်မောက်မြို့ နယ်၊ မကွေးတိုင်း။

အထက်ပါအီးမေးလ်ကို လွန်ခဲ့သောလေးရက်က ဆြာဒင် လက်ခံရရှိဖတ်မိခဲ့ခြင်းဖြစ်၍ ယင်းခဏ၌ပင် ဆြာဒင်မှာခေါင်း မီးတောက်ခဲ့ရချေသည်။ လက် လှမ်းမီရာစာအချို့ကို တောင်ဖတ် မြောက်ဖတ်၊ သရော်စာအချို့ကို တောင်ရေးမြောက်ရေး၊ ဘာမှ မသိတာမရှိ ဧရာမပဏ္ဍိတ်ကြီး အဖြစ် ဟန်ရေးပြမိသည်ကား အမှားကြီးမှားချေ၏။ ဆြာဒင်ကဲ့ သို့ အနုညာတသည် ဖွဲ့စည်းပုံ အခြေခံဥပဒေတည်းဟူသော နိုင်ငံ့အညှာကို အဘယ်မှာလျှင် တုံးခုလှမ်းကာ ဉာဏ်မီနိုင်စွမ်းပါအံ့နည်း။ ပို၍အခက်ကြုံသည် ကား ပုဒ်ထီး၊ ပုဒ်မမျိုးစုံဖြင့်သာ ဉာဏ်ကြီးရှင်တို့စီရင်အပ်သည့် အဆိုပါဘုတ်အုပ်ကြီးကို ကိန်း ဂဏန်းနံပါတ်မပါစေရဘဲ ဆြာဒင်ဟောပြောရမည်ဟူသောကန့် သတ်ချက်ပေတည်း။ ထို့တစ်မူ လည်း ဆြာဒင်၏ဇာတိရွာ၏ အခေါင်အဖျားတောကျောင်းဘုန်း ကြီးဘုရားကိုယ်တိုင် ပင့်ဖိတ်မှုကို ဆြာဒင်အသို့လျှင် ငြင်းဆန်နိုင်ပေအံ့ နည်း။ ပေါက်သည့်နဖူးမထူးပြီ ဟု စိတ်ဝယ်အောက်မေ့လျက် ထုံးစံအတိုင်း တပည့်ကျော်သုံးဦး ခြံရံကာ ဇာတိရွာရွှေပင်ဆီသို့ ဒုတ်ဒုတ်ထိရောက်ခဲ့ရပြန်ချေသည်တမုံ့။

(၃)

‘သိဒ္ဓိအဖုံဖုံ ကုံလုံစေမည်။ နေ့စဉ်ညစဉ်ဖိုမထိုးဘဲ အကျိုးပေး နိုင်မည်။ ဗမာပီပီ နဂါးနီတန်ခိုးနဲ့ မြေလျှိုးပါလို့ မိုးပျံနိုင်မည်။ မွဲတဲ့ သူတွေ ငွေမရှားရအောင် ကြိုး ပမ်းလို့ဆောင်ရွက်ကာမှန်း ရှေ့က လမ်းပြမည်။ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဘေးရန်ကာဆီး မည်။ လူမွဲတွေက မနှေးခေတ်မီ သူဌေးဖြစ်တော့မည်’

ထနောင်းပင်တို့၏ထိပ်ဖျား ရှိ လော်စပီကာများဆီမှ နဂါးနီ တေးသီချင်းသံသည် နားမခံသာ အောင် ဆူညံစွာပေါ်ထွက်လာနေ ချိန်တွင် ရွှေပွဲလာနယ်သူနယ်သား တို့မှာ ထဘီကို ထောင့်တန်းဆွဲလျက် တစ်နည်း၊ ပုဆိုးပိုင်းလွှမ်းတင်အပ်သော ကျောပြောင်ကိုယ်စီနှင့်တစ်ဖုံဝင်လာမစဲတသဲသဲဖြင့် ကွင်းလုံးပြည့်နေလေပြီတကား။ ဆြာဒင်ဟောပြောမည့်စင်မြင့်မဏ္ဍပ်ကြီးကား ခေတ်မီပရိုဂျက်တာဖြင့် ဆလိုက်ထိုး၍ ရှင်းလင်းဟောပြောနိုင်ရန်စီစဉ်ထားသည်ဖြစ်ရာ ရွှေပင်ရွာသည် ခေတ်ရှေ့ပြေးသည်ဟုတော့ဆိုနိုင်လေသည်။ စင်စစ် ဤအစီအမံသည် ကပ္ပလီ၊ ဖေကြည်ခေါ် အာရုံနှင့်လေမင်းသားတို့၏ အားထုတ်မှုဖြစ်၍ရည်ရွယ်ချက်ကား ဒင်းတို့ဆရာဟောရင်းပြောရင်း ခွေးအလှည်းနင်း သကဲ့သို့ရှိခဲ့သော် ပရိသတ်စိတ်ဝင်တစားရှိသည့် ကိုရီးယားမင်းသား၊ မင်းသမီးတို့၏ ရုပ်ပုံများကို ရုတ်ခြည်းထိုးပြနိုင်ရန်ဟု မဟာ ဉာဏ်တော်ဖြင့်ဆိုလေသည်။

အခမ်းအနားစတင်လေပြီ။ ကျောင်းထိုင်ဘုန်းကြီးအဖွင့်အမှာ တရားချီးမြှင့်ပြီးသည့်နောက် အခမ်းအနားမှူးရွှေပင်ပဏ္ဍိတ် ကျောင်းဆရာလေးကိုဘိုကိတ်ကဆြာဒင်အားဟောပြောပေးပါရန် ဖိတ်ခေါ်လိုက်ချိန်တွင်ကား ဘဝဂ်ညံလောက်သော တစ်ခဲနက်လက် ခုပ်သြဘာသံကြီး မြည်ဟီးလာ လေရာ ဆြာဒင့်ခမျာ ဘယ်ပုံခြေ လှမ်းလှမ်းမိခဲ့သည်မသိ။ စကား ပြောစင်မြင့်ထက် မိုက်ကရိုဖုန်းတည့်တည့်တွင်ရောက်နေခဲ့လေပြီ။ ပုရွက်ဆိတ်ဝင်သလို ယားကျိကျိဖြစ်နေသောလည်ချောင်းတွင်းကို သလိပ်ဟက်၍ရှင်းရင်း ပရိသတ် ကြီးသို့ အထစ်အထစ်ဖြင့်မိတ်ဆက်စကားဖြင့် နိဒါန်းပျိုးရတော့၏။

‘‘အဟမ်း အဟမ်း ဟင်း ဟင်း လေးစားအပ်ပါသော ရွှေ ပင်ရွာတောကျောင်းဘုန်းကြီးနှင့် တကွ အခမ်းအနားကြီးသို့ ကြွ ရောက်လာကြသော ဗိုလ်ချုပ် နယ်သူ နယ်သားအပေါင်းတို့ ခင်ဗျား’’

ဤနိဒါန်းစကားအဆုံးတွင် လည်း ရွှေပင်ဇာတိဖွားဆြာဒင်ကို အားမငယ်စေရန်အလို့ငှာ ပရိ သတ်အပေါင်းသည် လက်ခုပ်သံ သာမက လက်ခေါက်မှုတ်သံများ ဖြင့်ပါ မြှောက်ထိုးပင့်ကော်လုပ် ကြပြန်ရာ ဆြာဒင်သည် တိုက်ပုံ အင်္ကျီဘေးအိပ်အတွင်းမှ စာအုပ် အစိမ်းလေးကိုအသာဖွင့်လျက် စကားဆက်ရပြန်သည်။

‘‘ဤဖွဲ့စည်းပုံအခြေခံဥပဒေ ၏ အခန်း(၁) ပုဒ်မ ၁ မှ ၄၈ အထိ၊အခန်း (၂) ပုဒ်မ ၄၉ မှ ၅၆ အထိ၊ အခန်း(၃) ပုဒ်မ ၅၉၊ ၆၀၊ အခန်း (၄) ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁၊ အခန်း(၅) ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆ . . .’’ ဤတွင် ဆြာဒင်ခေါင်းမူးပြီး ဆက်၍မဖတ်နိုင် တော့ ပရိသတ်အတွင်းမှ ကျွက်စီ ကျွက်စီအသံများထွက်ပေါ်လာ တော့၏။

‘‘ဘာဂဏန်းတွေတုံး ဆြာဒင်ရာ’’

‘‘နှစ်လုံးတွေရော သုံးလုံး တွေရော ချဲဂဏန်းတွေကျနေ တာပဲ’’

‘‘ပုဒ်မတွေကို နားရှုပ်ပါတယ်ဆိုကာမှဗျာ’’

‘‘ဒါစာသင်ခန်းမဟုတ်ဘူး ဆြာဒင်၊ လူနားလည်အောင်လူ လိုပြောပါ’’

တစ်ယောက်တစ်ပေါက် အားပေးထောက်ခံသံများကြောင့် ဆြာဒင်မှာ စင်မြင့်ထောင့်တစ်နေရာတွင် အမြိန့်သားသီတင်းသုံးတော်မူနေသည့် တောကျောင်းဘုန်းကြီးဆီသို့ စစ်ကူရလိုရငြား မျက်စိကစားမိသည့်အခါတွင်ကား ဘုန်းတော်ကြီးသည် ‘အစက ငါမမိန့်လား’ဟူ သော သိက္ခာကြီး လှသောမျက်နှာပေးဖြင့် ဥပေက္ခာ ပြုတော်မူလေသည်။ မထူးဇာတ် ကို ဤမှာရပ်လို့ဖြင့် ဟန်ရေးငယ် ဘယ်မမြင်ပြီ။

(၄)
ဆြာဒင်သည် အာဏာရှင် ဟစ်တလာ၏ ဟန်ကိုအတုခိုး လျက် ညာလက်ကိုရှေ့သို့ဆန့် ထုတ်လိုက်ရင်း ပရိသတ်ကြီးအား လက်ဝါးကိုကာပြလိုက်ရသည်။

‘‘ကျွန်တော်ဟောပြောမယ့် အထဲမှာ အဲသလိုကိန်းဂဏန်းတွေ မပါပါဘူးလို့ ဆိုလိုရင်းဖြစ်ပါ တယ်။ ခေတ္တခဏသည်းခံတော်မူ ကြပါ။ ဒီလိုရှိပါတယ်ခင်ဗျာ။ ပြည်သူ့အသံလွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့ မျှော်လင့်ချက် လွှတ်တော်ကဖော် ဆောင်ရွက်ဆိုတဲ့ဆောင်ပုဒ်ကို လွှတ်တော်ခန်းမမှာ ရေးသားချိတ်ဆွဲထားပါတယ်’’

ဂယ်ပေါက်ရလိုရငြား ဆြာ ဒင့်ပါးစပ်ထဲတွေ့သမျှစကားကို ကပေါက်တိကပေါက်ချာပြောမိပြန်ရာ ပရိသတ်ကြီး၏မကျေမချမ်းသံများ နေရာအနှံ့မှထွက်ပေါ်လာပြန်သည်။

‘‘အဲဒီလွှတ်တော်ဆိုတာကြီး ကို ကျုပ်တို့ကနားမရှင်းတာဗျ’’

‘‘ရွှေပင်နဲ့လွှတ်တော် ဘာမှ အဆက်အစပ်မရှိပါဘူးဗျာ’’

‘‘ဆြာဒင် ထန်းရည်များ သောက်ထားသေးလားဟ’’

ဤတွင်မူ ဆြာဒင်သည် ရွှေ ပင်သားတို့၏ဉာဏ်ရည်ဉာဏ် သွေးကို ထင်းခနဲရှင်းခနဲ တိုးလျှိ ပေါက်သဘောပေါက်ခဲ့ချေပြီ။ ပါရမီဉာဏ်ရင့်သန်သူတို့သည် အခက်အခဲကိုပင် အောင်ပန်းဖြစ် လေအောင် ဖန်တီးရသည်မဟုတ် တုံလော။ မြင့်မိုရ်ကိုဖျက်ခြွေပျက် ကြွေစေမည့် မတစ်ထောင်တစ် ကောင်ဖွားယောက်ျားဇာနည်စစ် စစ်ဖြစ်သော ဆြာဒင်သည် စင် ဘေးအောက်ဘက်မှ ကွန်ပျူတာ တစ်လုံးနှင့် ရင်တမမဖြစ်နေရှာ သည့် တပည့်ကျော်လေမင်းသား အား တစ်စုံတစ်ခုကို မျက်နှာရိပ် မျက်နှာကဲဖြင့် အချက်ပြလိုက်ချိန် တွင်ကား ဆြာဒင်၏ကျောဘက် တည့်တည့် ပိတ်ကားပြင်ပေါ်တွင် နောက်ဆုံးပေါ်ဆုံလည်ကုလား ထိုင်ပေါ်၌ စာဖတ်နေသည့် စစ် ဗိုလ်ချုပ်ကြီးတစ်ဦး၏ ကြီးမားလှ သော ရုပ်ပုံသည် ဖျတ်ခနဲပေါ် လာ၏။ အဆိုပါဗိုလ်ချုပ်ကြီး၏ ပုခုံးနှစ်ဖက်နှင့် ရင်ဘတ်တစ်ပြင် လုံးတွင်ကား ရာထူး၊ ဆုတံဆိပ် ပေါင်းမြောက်မြားစွာသည် ဝင့် ထည်စွာနေရာယူလျက်ရှိလေ၏။

ပိတ်ကားပေါ်တွင် ရုတ်ခြည်းပေါ်လာသော အဆိုပါပုဂ္ဂိုလ်ကြီး ၏ ရုပ်ပုံကြောင့် ကုလားတိုက် ကျားဝင်ကိုက်သကဲ့သို့ ကမ္ဘာပျက် သလို ဆူညံစွာအော်ဟစ်နေသော ပရိသတ်သည် မီးကိုရေဖြင့်ဖျန်း ဘိသကဲ့သို့ ရှဲသံမျှပင်မမြည်အောင် တိတ်ဆိတ်သွားလေတော့သည်။ ဆြာဒင်အကွက်ကောင်း ဆိုက်ချေပြီ။

‘‘ပရိသတ်ကြီးခင်ဗျာ။ ကျွန် တော်စောစောက ဖတ်ပြခဲ့တဲ့ စာအုပ်အစိမ်းဟာ အဲဒီပုဂ္ဂိုလ်ကြီး ရဲ့လက်ရာပါပဲခင်ဗျာ’’

ဆြာဒင်၏ထောက်ချက် သည် ပရိသတ်၏အရှိုက်ပစ်မှတ် တည့်တည့်ကို ထိမှန်ခဲ့ချေသည်။

‘‘ဟာ ဒီလူကြီးရေးတာဆိုရင် တော့ တန်ပါတော့ဆြာဒင်ရယ်’’

ဘယ်နည်းနဲ့မှ ကောင်းစရာ အကြောင်းမရှိဘူးဟေ့’’

‘‘ဘယ့်နှယ်လုပ်ကောင်းနိုင် ပါ့တော့မတုံး’’

‘‘ဘာမှသုံးစားမရတဲ့စာအုပ် ဆိုတာသေချာချက်’’

ပညာရှိတို့မည်သည် အခွင့် အခါကောင်းကို လက်မလွတ်အပ် ချေ။ ‘‘ဟုတ်ကဲ့ အဲဒီသုံးစားမရတဲ့ စာအုပ်စိမ်းကိုပြင်ဆင်ဖို့ ကြိုးစား နေတဲ့သူကတော့ . . .’’

ဆြာဒင်သည် ဤနေရာတွင် စကားကို ရုတ်တရက်ရပ်တန့် လျက် တပည့်ကျော်လေမင်းသား ဆီသို့ မျက်စိတစ်ချက်ထပ်အဝေ့ တွင် ပိတ်သားပြင်ပေါ်၌ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်အမျိုး သမီးကြီး၏ ခံ့ညားတင့်တယ် သောရုပ်ပုံကြီးသည် ရုတ်ခြည်း ပေါ်လာပြန်လေရာ ကွင်းလုံးပြည့် ပရိသတ်သည် ဝုန်းခနဲထရပ်ကာ တညီတညာတည်း လက်ခုပ်သြ ဘာပေးကြလေတော့၏။

‘‘ဟ၊ ဒါတို့ဗိုလ်ချုပ်သမီးပဲ ဟ’’

‘‘အောင်ဆန်းသွေးကွ’’

‘‘သူပြင်မှဖြင့် မကောင်းလို့ ပြင်တာသေချာပါပြီ’’

‘‘ပြင်မနေပါနဲ့၊ မီးသာရှို့ပစ် လိုက်ပါတော့’’

နိဂုံးချုပ်အားဖြင့် ဆြာဒင် သည် အဆိုပါစာအုပ်စိမ်းပြင်ဆင် ရေးနှင့်ပတ်သက်၍ အမြော်အမြင် ရှိသော တပ်မတော်စစ်သည် အကြပ်ဗိုလ်ပါတို့ပါ ဝိုင်းဝန်းပါဝင် လျက်ရှိကြောင်း မြွက်ကြားပြီး သကာလ ဟောပြောပွဲကို အဆုံး သတ်သည်တွင် ပရိသတ်၏လက် ခုပ်သြဘာသံများသာမက လှည်း တပ်ကြီးဆီမှ နွားတို့ကပါ ဘွတ် အဲ ဘွတ်အဲ အော်သံကိုယ်စီဖြင့် ထောက်ခံသမှုပြုကြလေတော့ သည်။ ဆြာဒင်စင်မြင့်ပေါ်မှ ရင် ကော့ဆင်းလာချိန်တွင်မူ လော် စပီကာမှအဆိုတော်ကိုမြကြီး၏ အာရှသူရဲကောင်းဗိုလ်ချုပ် အောင်ဆန်းသီချင်းသံသည် ပျံ့ လွင့်လျက်ရှိ၏။

‘ဗမာနိုင်ငံထူထောင်ရန်နဲ့ မျိုးရိုးမတိမ်အောင်ကြံဆောင် လေတယ်။ နေမျိုးသာကီဗမာ ပြည်လက်ရုံး ဗမာနိုင်ငံလုံးထင် ပေါ်စေတယ်။ စိတ်အားသန်သန် မာန်ကိုမလျှော့တယ်။ ငါတို့လူမျိုး တန်ခိုးရှိဖို့ သူရဲကောင်းတွေစုံညီ တယ်။ တကယ်ပင် သတိုးမဟာ ဗန္ဓုလနှယ် အစွမ်းသတ္တိရာဇဝင် ပြောင်တယ်။ သားကောင်းများတို့ ခေါ်ရလောက်ပေတယ်။ ဥဒါန်း တွင်စေဘွယ်။ မြန်မာ့သူရဲကောင်းအပေါင်းတွေရယ်’
(ဖော်ပြပါ သရော်စာသည် စာရေးသူမင်းဒင်၏ အာဘော်သာဖြစ်သည်)

Aye Chan Mon Credit To: 7 Days Daily
https://www.facebook.com/excellencemedia
ayechanmon-news1.com

Post a Comment

 
Top