0

ACM Re-Post 21-6-2014

ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဦးရဲထွဋ်တောင်းပန်နေစဉ်(ဓာတ်ပုံ−ဦးရဲထွဋ်ဖေ့စ်ဘွတ်ခ်)

 ဒေါ်အောင်ဆန်းစုကြည် သိက္ခာကျဆင်းနိုင်သည့်   ရုပ်ပုံ ကို ဇနီးဖြစ်သူက ဖေ့စ်ဘွတ်ခ်တွင် ဝေမျှခဲ့သည့်အတွက် နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဒုဝန်ကြီးဦးရဲထွဋ်က ဒေါ်အောင်ဆန်းစုကြည်အား   ပြန်လည် တောင်းပန်ခဲ့ကြောင်း သတင်းရရှိ သည်။
ဇွန်လ ၂၀ ရက်တွင် ကျင်းပ သော ပြည်သူ့လွှတ်တော်အစည်း အဝေးသို့   လာရောက်ခဲ့သည့် ဒုဝန်ကြီးဦးရဲထွဋ်သည် လွှတ် တော်အစည်းအဝေး မစတင်မီ အချိန်ပိုင်းတွင် ဒေါ်အောင်ဆန်း စုကြည်အား ၎င်း၏ဇနီးဖြစ်သူ ဖေ့စ်ဘွတ်ခ်တွင် ပြုလုပ်ခဲ့သည့် ကိစ္စရပ်နှင့်ပတ်သက်ပြီး တောင်း ပန်ခဲ့ခြင်းဖြစ်သည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦး ကျော်သီဟက ပြောသည်။
‘‘သူ(ဦးရဲထွဋ်)က သူ့မိန်းမ လုပ်တာနဲ့ပတ်သက်ပြီး ဥက္ကဋ္ဌ
(ဒေါ်အောင်ဆန်းစုကြည်)   ကို တောင်းပန်တယ်။ ဒေါ်အောင် ဆန်းစုကြည်က အဲဒါတွေက ကိစ္စ မရှိပါဘူး။    အရေးမကြီးပါဘူး။ ပြန်ပြောပါတယ်’’ဟု ဦးကျော် သီဟက ပြောသည်။
သမ္မတ၏ပြောရေးဆိုခွင့်ရှိ သူ ဦးရဲထွဋ်နှင့် ဒေါ်အောင်ဆန်း စုကြည်တို့ စကားပြောနေချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသော ဦးဝင်းထိန်၊ ဦးကျော်သီဟ၊ ဒေါ်စုစုလွင်တို့လည်း အနားတွင်ရှိနေကြသည်။
ဒုဝန်ကြီးဦးရဲထွဋ်ကလည်း ၎င်း၏ဖေ့စ်ဘွတ်ခ်တွင် ‘‘ဒီနေ့ မနက်ပြည်သူ့လွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည်ကို    ဖေ့စ် ဘွတ်ခ်ကိစ္စနဲ့   ပတ်သက်ပြီး တောင်းပန်တဲ့အခါ ဒေါ်အောင် ဆန်းစုကြည်က ကိစ္စမရှိပါဘူးလို့  ပြန်ပြောခဲ့ပါတယ်။ အဲဒီလို နား လည်ခွင့်လွှတ်ပေးမှုအပေါ် ကျေး ဇူးတင်ပါတယ်’’ဟု ရေးသားထား သည်။ ဒေါ်အောင်ဆန်းစုကြည် အား တောင်းပန်ရာတွင် ဒုဝန်ကြီး ဦးရဲထွဋ်သည် လမ်းကြုံ၍တောင်း ပန်သည့် ပုံစံမျိုး မတွေ့ရဘဲ စိတ် ရင်းနှင့်တောင်းပန်သည့် ပုံမျိုးကို တွေ့ရပြီး ဒေါ်အောင်ဆန်းစု ကြည်အနေဖြင့်လည်း ၎င်းအား ဖေ့စ်ဘွတ်ခ်တွင် ပြုလုပ်ထား သည့် ကိစ္စအပေါ် အာရုံစိုက်မှု ထားရှိခြင်းမတွေ့ရကြောင်း ယင်း နောက် တရားဥပဒေစိုးမိုးရေးအ တွက် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုဝန်ကြီးဦးရဲထွဋ်တို့ ဆက်လက် ပြောဆိုခဲ့ကြသည်ဟု   ဦးကျော် သီဟကပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည် သိက္ခာကျဆင်းစေရန် ပုံဖျက်ထားသည့် ဓာတ်ပုံတစ်ပုံကို  ဒုဝန်ကြီး  ဦးရဲ ထွဋ်၏ဇနီးက ၎င်း၏ ဖေ့စ်ဘွတ်ခ် တွင် ပြန်လည်မျှဝေခဲ့သည်။
 ယင်းသို့ပြုလုပ်ခဲ့သည့် လုပ် ရပ်အပေါ် နိုင်ငံတကာမီဒီယာများ တွင် ဝေဖန်ရေးသားမှုများ ရှိခဲ့ သည်။

Aye Chan Mon Credit To: 7 Day Daily
http://www.ayechanmon-news1.com/

Post a Comment

 
Top