0

ACM Re-Post 21-6-2014
ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းတစ်ခုမှ ကလေးငယ်တစ်ဦး-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)

ရခိုင်ပြည်နယ်ရှိ ဒုက္ခ သည်စခန်းများ၏အခြေအနေမှာ လွန်စွာဆိုးရွားနေသည်ကို မြင် တွေ့ခဲ့ရကြောင်း ကုလလူ့အခွင့် အရေးဆိုင်ရာလက်ထောက်အ ထွေထွေအတွင်းရေးမှူးချုပ်မစ္စ ခွင်ဝါခန်း(Kyung Wha Kang) ကပြောကြားသည်။
ရခိုင်ပြည်နယ်ရှိ ဒုက္ခသည် စခန်းများနှင့်ကျေးရွာများတွင်နေ ထိုင်ကြသူများသည်လွတ်လပ်စွာ သွားလာခွင့်ကို ပြင်းထန်စွာကန့် သတ်ခံထားရပြီး  ဆိုးရွားသည့် အခြေအနေအောက်တွင်နေထိုင် နေရကြောင်း ဇွန်လ ၁၇ရက်က နယူးယောက်မြို့တွင်   ပြုလုပ် သော သတင်းစာရှင်းလင်းပွဲ၌ လက်ထောက်အထွေထွေအတွင်း ရေးမှူးချုပ်က ထည့်သွင်းပြော ကြားခဲ့သည်။
‘‘ဒီလိုအခြေအနေမျိုးကို ကျွန်မ ဘယ်တုန်းကမှကိုယ်တိုင် ကိုယ်ကျမမြင်ဖူးပါဘူး’’ဟု အ ထက်ပါပုဂ္ဂိုလ်ကပြောသည်။
ထို့အပြင် လက်ထောက်အ ထွေထွေအတွင်းရေးမှူးချုပ်က  ကချင်ပြည်နယ်တွင်စစ်ပြေးဒုက္ခ သည်ငါးသောင်းခန့်မှာအစိုးရ၏ ထိန်းချုပ်နယ်မြေပြင်ပတွင် နေ ထိုင်နေရပြီး နိုင်ငံတကာမှ လူသား ချင်းဆိုင်ရာအကူအညီများပေး အပ်ရန် ကန့်သတ်မှုများနှင့် ကြုံ တွေ့နေရကြောင်း  ဆက်လက် ပြောသည်။
ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ ဒုက္ခသည်စခန်းများမှာ နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီကြောင့် စားဝတ်နေရေးမှအစ မူလအခြေအနေထက် တိုးတက် လာသော်လည်း ရခိုင်ဒုက္ခသည်စ ခန်းများနှင့် ဆင်းရဲနွမ်းပါးသည့် ကျေးရွာများမှာမူ ထူးခြားမှုမရှိဘဲ  နိမ့်ကျနေဆဲဖြစ်ကြောင်းဒေသခံ များဘက်က ဝေဖန်ပြောဆိုမှုများ ရှိခဲ့သည်။
မစ္စခွင်ဝါခန်းသည် ဇွန်လ ၁၀ရက်မှစကာ မြန်မာနိုင်ငံသို့ ငါးရက်ကြာ လာရောက်ခဲ့ပြီး နေ ပြည်တော်၊ ရခိုင်နှင့် ကချင်ပြည် နယ်များသို့ သွားရောက်လေ့လာ ခဲ့သည်။

Aye Chan Mon Credit To: 7 Day Daily
http://www.ayechanmon-news1.com/

Post a Comment

 
Top