0

ACM Re-Post 21-6-2014
မြေပုံမြို့နယ်အတွင်းရှိ ဘင်္ဂါလီဒုက္ခသည်စခန်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ - သီဟ)

ရခိုင်ပြည်နယ်တွင် ၁၉၈၂ ခုနှစ် ဥပဒေအရ မြန်မာ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားသူ ဘင်္ဂါလီဦးရေ ၃၆၈ ဦးရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ သတင်းရ ရှိသည်။

၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပ ဒေအရ မြေပုံမြို့နယ်တွင် ဇွန်လ ၁၅ ရက်မှစ၍ ရှေ့ပြေးစီမံကိန်း ဧရိယာအဖြစ် သတ်မှတ်ပြီး ဘင်္ဂါ လီလူမျိုးများကို နိုင်ငံသားစိစစ် ရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ၁၉၈၂ မြန်မာနိုင်ငံသားဖြစ် ခွင့်ဥပဒေအရ စည်းကမ်းချက်များ နှင့် ကိုက်ညီသူများ၏ လျှောက် လွှာများကို လက်ခံထားပြီး အဆို ပါလျှောက်လွှာများကို မြို့နယ်၊ ပြည်နယ်နှင့် ဗဟိုအဆင့်က အ ဆင့်ဆင့် စိစစ်ဆုံးဖြတ်သွားမည် ဟု သတင်းရရှိသည်။
ဗဟိုအဆင့်တွင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ ၀န်ကြီး၊ ဒုတိယ၀န် ကြီးတို့က ဦးဆောင်ပြီး အခြား ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ် ရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေး ၀န်ကြီးဌာနတို့က အကဲဖြတ်မည် ဟု သတင်းရရှိသည်။
လက်ရှိ အခြေအနေအရ ၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပဒေကို ရခိုင်ပြည်နယ်အတွင်းရှိ မြေပုံမြို့နယ်တစ်မြို့နယ်တည်းတွင်သာ စတင်ခြင်းဖြစ်ပြီး အခြား မြို့နယ်များတွင် လုပ်ဆောင်ရန် ရှိ၊ မရှိ မပြောနိုင်သေးကြောင်း လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောသည်။
ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီများကရိုဟင်ဂျာလူမျိုး အမည်ထည့်သွင်းမှ ကောက်ယူခံမည်ဟု တောင်းဆိုခြင်းကြောင့် ၎င်းတို့နေထိုင်သည့် နေ ရာများတွင် အပြည့်အ၀ ကောက်ယူခွင့် မရှိခဲ့ချေ။
ထို့အပြင် ၂၀၁၃ ခုနှစ် ဧပြီ လတွင် စစ်တွေမြို့အတွင်းရှိ လူ ဦးရေစာရင်း ကောက်ယူရေး လုပ် ငန်း (ဆွဲတင်စစ်)ကို အကောင်အ ထည်ဖော်ခဲ့သော်လည်း ဘင်္ဂါလီ လူမျိုးများအကြမ်းဖက်ကန့်ကွက် မှုကြောင့် လုပ်ငန်းရပ်ဆိုင်းခဲ့ သည်။

Aye Chan Mon Credit To:7 Day Daily
http://www.ayechanmon-news1.com/

Post a Comment

 
Top