0

ACM Re-Post 19-6-2014

ကမ္ဘာ့ဖလားအုပ်စု(က)မှ ခရိုအေးရှားနှင့် ကင်မရွန်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲ တွင် ခရိုအေးရှားအသင်းသည် ကင်မရွန်းအား (၄)ဂိုးပြတ်အနိုင်ယူကာ အုပ်စုမှ လွတ်မြောက်ရန် မျှော်လင့်ချက် ပြန်ရှိလာခဲ့သည်။

အဖွင့်ပွဲစဉ်တွင် အရေးနိမ့်ထားသည့်အတွက် ခရိုအေးရှားနှင့် ကင်မရွန်းတို့မှာ ယခုပွဲစဉ်တွင် အနိုင်ရရန် အရေးပါနေသည်။ ပွဲအစပိုင်းတွင် ကင်မရွန်းအသင်း က မာကျောသော ကစားဟန်ဖြင့် ခရိုအေးရှားဘက်ကို ထိုးဖောက်နိုင်ခဲ့သော် လည်း ပွဲချိန်ကြာလာသည်နှင့် ရာကီတစ်၊ အိုလစ်၊ မန်ဇူကစ်တို့လို ကစားသမား များပါဝင်သော ခရိုအေးရှားက ကစားကွက်အသာစီး ရယူကာ ကင်မရွန်း ခံစစ်ကို ဖိအားပေးနိုင်ခဲ့သည်။

ဦးဆောင်ဂိုးကို (၁၁)မိနစ်တွင် ခရိုအေးရှား ရရှိခဲ့ပြီး ၀ါရင့်တိုက်စစ်မှူးအိုလစ်က သွင်းယူပေးခဲ့သည်။ ကင်မရွန်းအသင်းက ဂိုးပြန်ရရန် အခွင့်အရေးပြန်ရခဲ့သော် လည်း အီတူးမပါဝင်သော ကင်မရွန်းတိုက်စစ်တွင် အဆုံးသတ်ဂိုးသွင်းမည့်သူ ရှိမနေခဲ့ပေ။ ထို့ပြင် ပွဲချိန် မိနစ်(၄၀)တွင် ခရိုအေးရှား တိုက်စစ်မှူး မန်ဇူကစ်အား ကင်မရွန်းကွင်းလယ်လူ ဆောင်း နောက်ကနေ တံတောင်ဖြင့် ရိုက်ခဲ့သဖြင့် အနီကတ်ဖြင့် အထုတ်ခံခဲ့ရသည်။

ဒုတိယပိုင်းတွင် တစ်ယောက်လျော့ဖြင့် ကစားခဲ့ရသော ကင်မရွန်းအသင်းမှာ ပွဲအဖြေကို ပြောင်းလဲရန် မတတ်နိုင်တော့ဘဲ ကင်မရွန်းအား ဂိုးများထပ်မံပေးခဲ့ရ သည်။ ခရိုအေးရှားအတွက် နောက်ထပ်ဂိုးများကို (၄၈)မိနစ်တွင် ပါရီဆစ်၊ (၆၃)မိနစ်နှင့် (၇၃)မိနစ်များတွင် မန်ဇူကစ်က (၂)ဂိုးသွင်းယူကာ ပွဲအပြီးတွင် (၄)ဂိုးပြတ်အနိုင်ရခဲ့သည်။ (၂)ပွဲဆက်ရှုံးခဲ့သော ကင်မရွန်းအသင်းမှာ အုပ်စုမှ ထွက်ခဲ့ရပြီး အနိုင်ရခဲ့သော ခရိုအေးရှား အသင်းမှာ အုပ်စုတက်ရန် မျှော်လင့် ချက်များ ဆက်လက်ရှင်သန်ခဲ့သည်။

ကင်မရွန်းဘက်သို့ ထိုးဖောက်နေသည့် ခရိုအေးရှားကွင်းလယ်လူ ရာကီတစ်(Photo:AFP)

Aye Chan Mon Credit To: Eleven Media Group

Post a Comment

 
Top