0
ACM Re-Post 21-6-2014

တရုတ်-အိန္ဒိယ နှစ်နိုင်ငံသဘောတူခဲ့တဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး သဘောတူစာချုပ် အနှစ် ၆၀ ပြည့် အခန်းအနားကို တရုတ်နိုင်ငံ ဘေဂျင်းမြို့  မှာ အခုလကုန်ပိုင်းမှာ ကျင်းပမှာဖြစ်ပြီး သမ္မတဦးသိန်းစိန်တက်ရောက်မယ် လို့ သိရပါတယ်။

အိန္ဒိယလို Panchsheel စာချုပ်လို့ ခေါ်ဆိုတဲ့ အဲဒီသဘောတူစာချုပ်ကို ၁၉၅၄ ခုနှစ်က တရုတ်နိုင်ငံ ပီကင်းမြို့မှာ လက်မှတ်ရေးထိုးခဲ့တာပါ။ အခုပြုလုပ်မယ့် နှစ် ၆၀ ပြည့်အခန်းအနားကို မြန်မာအပါ အဝင် ၃ နိုင်ငံပူးပေါင်းကျင်းပမှာဖြစ်တယ်လို့  တရုတ်နိုင်ငံခြားရေးဌါနကပြောပါတယ်။

သမ္မတဦးသိန်းစိန်ကို တရုတ်သမ္မတ ဇီကျင်းဖျင်က တရားဝင်ဖိတ်ကြားတာဖြစ်တဲ့အတွက် ဇွန်လ ၂၇ ရက်နေ့ ကနေ ၃၀ ကြားပြုလုပ်မယ့်အခန်းအနားတွေကိုတက်ရောက်မှာဖြစ်တယ်လို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံကတော့ ဒုသမ္မတ အန်စာရီတက်ရောက်မယ်လို့ သိရပါတယ်။

Aye Chan Mon Credit To:RFA Burmese
http://www.ayechanmon-news1.com/

Post a Comment

 
Top