0

ACM Re-Post 4-6-2014

ယနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် ပုဇွန်တောင်မြို့နယ် ပုဇွန်တောင် ဘူတာနှင့် မလွှကုန်း ဘူတာကြားရှိ မိုင်တိုင်အမှတ် AA-102 ၊ မီးပွိုင့်အမှတ် A-95 တွင်

မီးပွိုင့်မီးနီ၍ ရပ်နေသော စက်ခေါင်းအမှတ် RBE-2540 (အင်ကြင်း-၂) သီလဝါ- ရန်ကုန်ရထား ၏ နောက်တွဲအား ရွာသာကြီးဘက်မှ ရန်ကုန်သို့ မောင်းနှင် လာသော စက်ခေါင်းအမှတ် DD-918 (မင်းသား-၇) မြို့ပတ်ရထားမှ တိုက်မိခဲ့ကြောင်း သိရှိရသည်။

ထိုသို့ တိုက်မိမှုကြောင့် အင်ကြင်း-၂ ရထားပေါ်ပါ ခရီးသည် ကျား သုံးဦး၊ မ တစ်ဦး နှင့် မင်းသား-၇ မြို့ပတ်ရထား စက်ခေါင်းမောင်းသူ တို့တွင် ပေါက်ပြဲနာကျင် ဒဏ်ရာများ ရရှိခဲ့၍ ရန်ကုန် ဆေးရုံကြီး၌ အတွင်း လူနာ(မစိုးရိမ်ရ)များ အဖြစ် ဆေးကုသမှု ခံယူလျက် ရှိကြောင်း သိရှိရသည်။

အဆိုပါ ရထားနှစ်စင်း တိုက်မိမှုကြောင့် ရထားတွဲများ လမ်းချော်သွားခဲ့သဖြင့် တာဝန်ရှိသူများ ရောက်ရှိပြီး စစ်ဆေး ပြုပြင်လျက် ရှိကြောင်း သတင်း ရရှိသည်

Aye Chan Mon Credit To:မြ၀တီ
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top