ACM Re-Post 4-6-2014
ဧရာဝတီတိုင်း ဒေသကြီး မော်လမြိုင် ကျွန်းမြို့နယ် ရှောက်ချောင်း ကျေးရွာ အုပ်စု စိန်ပန်း ကျေးရွာနှင့် ဆင်မဝဲ ချောင်းကျေးရွာခွဲ ချောင်းရိုးအနီး ဥယျာဉ်ခြံ အတွင်း၌ ဇွန် ၁ရက်က မိကျောင်းမ တစ်ကောင် အသိုက်ပြုလုပ်ပြီး ဥများ ဥထားကြောင်း သိရသည်။
အဆိုပါ မိကျောင်းမသည် ဦးမိုးမြင့် (ဘ) ဦးဟန်တင်၏ ဥယျာဉ်အတွင်း အသိုက်ပြုလုပ်၍ ဥများ ဥနေကြောင်း တွေ့ရှိရပြီး ၎င်းမိကျောင်း၏ အလျားမှာ ၁၂ ပေ၊ အချင်း ၃ ပေခန့် ရှိကြောင်း သိရသည်။ ထို့ကြောင့် မော်လမြိုင်ကျွန်း ရဲစခန်းသို့ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ မော်လမြိုင်ကျွန်း မြို့နယ် အုပ်ချုပ်ရေးမှူးက ဘိုကလေးမြို့ နယ် သဘာဝ ပတ်ဝန်းကျင်နှင့် တိရစ္ဆာန် ထိန်းသိမ်းရေး အဖွဲ့နှင့် သက်ဆိုင်ရာ ဌာန များသို့ အကြောင်းကြား ညှိနှိုင်းဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။
ယခုအခါ အဆိုပါ မိကျောင်းသိုက်ရှိရာ အနီးသို့ လူများလာရောက်ခြင်း မပြုရန် ရပ်ကွက် အုပ်ချုပ်ရေးမှူးက ကျေးရွာအတွင်း လိုက်လံအသိပေး နှိုးဆော်ထားကြောင်း သတင်း ရရှိသည်။
နေခြည်စိုး
Aye Chan Mon Credit To:မြ၀တီ
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
Post a Comment