အုပ်စု(စ)၏ အဖွင့်ပွဲစဉ်တစ်ပွဲဖြစ်သည့် အာဂျင်တီးနားနှင့် ဘော့စနီးယားတို့ပွဲစဉ်ကို ဇွန်(၁၅)ရက်က ကျင်းပခဲ့ရာ အာဂျင်တီးနားအသင်းက ဘော့စနီးယားအသင်းကို (၂-၁)ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။ ယင်းပွဲစဉ်တွင် အာဂျင်တီးနားအသင်းအတွက် ပွဲအစ(၂)မိနစ်တွင် ရရှိခဲ့သောအဖွင့်ဂိုးမှာ ယခုနှစ်ပြိုင်ပွဲ၏အမြန်ဆုံးဂိုးအဖြစ်စံချိန်တင်ခဲ့သည်။ အာဂျင်တီးနားအသင်းအတွက် အနိုင်ဂိုးများကို ၂မိနစ် (ကိုလာဆီနက် OG)နှင့် မက်ဆီက ၆၅မိနစ်တွင် သွင်းယူပေးခဲ့သည်။ ဘော့စနီးယားအသင်းအတွက် လူစားဝင်လာသူ တိုက်စစ်မှူးး အိုင်ဘီဆီဗစ်က ၈၄မိနစ်တွင်ချေပဂိုးသွင်းယူနိုင်ခဲ့သော်လည်း (၂-၁)ဂိုးဖြင့်သာ ပြိုင်ပွဲပြီးဆုံးခဲ့သည်။
ပွဲရလဒ်
အာဂျင်တီးနား ၂-၁ ဘော့စနီးယား
အာဂျင်တီးနားအသင်းအတွက် ဒုတိယမြောက်အနိုင်ဂိုးသွင်းယူပေးခဲ့သည့် မက်ဆီထိုးဖောက်တိုက်စစ်ဆင်နေစဉ်။ (Photo: AFP)
Aye Chan Mon Credit To: Eleven Media Group
http://www.ayechanmon-news1.com/
Post a Comment