0

ACM Re-Post 3-6-2014

သောကြာနေ့မှာ အထူး အလုပ်များနေသူကတော့ နာမည်ကျော်အလှမယ် နန်းခင်ဇေယျာပါပဲ။

သူ့ရဲ့ အဲဒီနေ့ လှုပ်ရှားမှုတချို့ကို ဧရာဝတီဓာတ်ပုံသတင်းထောက် ဂျေပိုင် မှတ်တမ်းတင်ထားတာပါ။

နန်းခင်ဇေယျာနဲ့အတူ တွေ့ရတဲ့ ကလေးများကတော့ ... နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ နွေရာသီ အင်္ဂလိပ်စာ၊ ပန်းချီ၊ စာစီစာကုံး၊ အက၊ စကားပြောစွမ်းရည် သင်တန်းဆင်းပွဲ အခမ်းအနားကို တက်ရောက်လာသူတွေပါ။

သူတို့ကို နန်းခင်က လက်စနစ်တကျဆေးနည်း သင်ပေးခဲ့ပါတယ်။ သင်ပေးရတဲ့ရည်ရွယ်ချက်က
"လက်ကိုနည်းမှန်လမ်းမှန်နဲ့ စနစ်တကျဆေးတတ်အောင်၊ မိုးတွင်းကာလမှာအဖြစ်များတတ်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်အောင်၊ ကလေးတွေကို ယခုတည်းက စနစ်တကျလက်ဆေးတတ်အောင် သင်ပေးခြင်းဖြင့် အသက်ကြီးလာတဲ့အထိ အလေ့အကျင့်ဖြစ်အောင် ၊ ကလေးများ တစ်ကိုယ်ရေ သန့်ရှင်းကျန်းမာမှ အနာရောဂါကင်းရှင်းပြီး ကျန်းမာရေးကောင်းမှာဖြစ်ပါတယ်။ ကျန်းမာမှလည်း စာပေပညာသင်ကြားနိုင်ပါမယ်။ ကစားနိုင်ပါမယ်။ ဒါမှလည်း နောင်အနာဂတ်မှာ သူတို့လေးတွေ ကြီးပြင်းလာပါက ကျန်းမာကြံ့ခိုင်သော ထူးချွန်ထက်မြက်သော သားကောင်းသမီးရတနာလေးများဖြစ်လာကြမှာပါ" လို့ ဆိုပါတယ်။

အလှမယ်ရဲ့ ပညာပေးမြင်ကွင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
.

Aye Chan Mon Credit To :Irrawaddy Blog
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
 (18 photos)
7

Post a Comment

 
Top