0
ဇမ္ဗူထွန်း ၊ Flower News Journal အတွဲ(၁၀) အမှတ်(၂၃)

နီပေါ၊ ဇွန် ၁၄- နီပေါနိုင်ငံသို့ သုံးရက်တာ အလည်အပတ်ခရီးစဉ် ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်သည် နီပေါဝန်ကြီး ချုပ် Sushil Koirala နှင့်တွေ့ဆုံစဉ် နီပေါ နိုင်ငံ ဒီမိုကရေစီစနစ်တိုးတက်မှုကို မြန်မာ နိုင်ငံနှင့် နှိုင်းယှဉ်ပြောကြားခဲ့သည်ဟု သိ ရသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် နှစ်၅ဝ ကြာကျင့်သုံးခဲ့သော စစ်အုပ်ချုပ်ရေးစနစ် သည် နိုင်ငံတွင်း ဒီမိုကရေစီစနစ် တိုးတက် မှုအတွက် အဟန့်အတားဖြစ်စေခဲ့သည်ဟု ပြောကြားခဲ့ကြောင်းသိရသည်။ ဒေါ်အောင် ဆန်းစုကြည်သည် နီပေါဝန်ကြီးချုပ် Sushil နှင့် ဇွန် ၁၃ရက်တွင် တစ်နာရီဝန်းကျင်တွေ့ ဆုံခဲ့ကြသည်ဟု သိရသည်။

အဆိုပါတွေ့ဆုံမှုတွင် ဒေါ်အောင် ဆန်းစုကြည်သည် နီပေါနိုင်ငံ၏ မီဒီယာ ကဏ္ဍ၌တိုးတက်မှုကို ဝမ်းမြောက်မိကြောင်း နှင့် မိမိနိုင်ငံ၏ မီဒီယာကဏ္ဍအခြေအနေ အပေါ် စိတ်မကောင်းဖြစ်ရကြောင်း ပြော ကြားခဲ့သည်ဟု သိရသည်။

Nagarik National Daily က ရေးသားဖော်ပြရာတွင် ဒေါ်အောင်ဆန်းစု ကြည်သည် ၀န်ကြီးချူပ် Sushil Koirala နှင့် တွေ့ဆုံစဉ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက် မှုတို့ကွဲပြားချက်အပေါ် ¤င်း၏အမြင်ကိုပြော ကြားခဲ့ပြီး ဖွံ့ဖြိုးတိုးတက်မှုသည် ဒီမိုကရေစီ ကို အစားမထိုးနိုင်ကြောင်းနှင့် ဒီမိုကရေစီ နှင့် ဖွံ့ဖြိုးတိုးတက်မှုမှာ ယှဉ်တွဲသွားမှသာ ပြည့်စုံမှုရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့သည် ဟု သိရသည်။

Aye Chan Mon Credit To: Yangon Media Group
http://www.ayechanmon-news1.com/

Post a Comment

 
Top