0

ယုဝေ| ACM Re-Post 4-6-2014



သံလွင်မြစ်ရေကို တူးမြောင်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ပို့ကာ ရေအားလျှပ်စစ်ထုတ်ယူမည့် စီမံကိန်းနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်၌ ကိုယ်စားလှယ်များ မေးမြန်းနိုင်ရန် ဆွေးနွေးမျှဝေမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင် ဦးစိုးညွန့်က ပြောသည်။



““(NLD) ရဲ့ အပတ်စဉ် ကျင်းပတဲ့ပုံမှန် အစည်းအဝေးကနေ လွှတ်တော်မှာမေးခွန်း တွေမေးဖို့အတွက် ဆွေးနွေးမှာပါ။ ဒီကိစ္စကို ကန့်ကွက်ပါတယ်။ သဘာဝသယံဇာတ ဆိုတာ ဘိုးဘွားမွေနှစ် ပစ္စည်းဆိုတာထက် နောင်လာနောက်သားတွေထံကချေးယူ သုံးစွဲရတဲ့အရာမျိုးပါ။ ဒီတိုင်းဆိုရင် နောင်လာနောက်သားတွေအတွက် ထားရှိခဲ့ရမယ့် သဘာဝသယံဇာတတွေ ဆုံးရှုံးနိုင်ပါတယ်” ဟု ဦးစိုးညွန့်က ပြောသည်။



ဆွေးနွေးမှုများကို ဇွန်လ ၇ ရက်နှင့် ၈ ရက်တွင် ကျင်းပမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအတွင်း ပြုလုပ်ရန် စီစဉ်ထားသည်။



အဆိုပါစီမံကိန်းကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်းများ၊ ပညာရှင်များနှင့် ဒေသခံတို့ကလည်း ကန့်ကွက်ထားကြသည်။



“ဒီစီမံကိန်းမှာ အစိုးရက ပွင့်လင်းမြင်သာမှု မရှိသလို ပြည်သူလူထု အကျိုးစီးပွားကိုလည်း မမြင်ရပါဘူး” ဟု သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးစာစဉ်(၂)တွင် သံလွင်မြစ်အကြောင်းရေးသားခဲ့သူ ဦးညိုမောင်က မဇ္ဈိမကို ပြောသည်။



အဆိုပါ စီမံကိန်းကို ထိုင်းနိုင်ငံအစိုးရပိုင် The Electricity Generating Authority of Thailand(EGAT)၊ တရုတ်ပိုင် Sino-hydro Corporation နှင့် မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့က ပူးပေါင်း တည်ဆောက်မည်ဖြစ်ပြီး ၂၀၀၆ ခုနှစ်က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။



စီမံကိန်းမှရရှိလာမည့် လျှပ်စစ်ဓာတ်အား ၁,၃၆၀ မဂ္ဂါဝပ်အားလုံးမှ ၁၀ ရာခိုင်နှုန်းသာ မြန်မာနိုင်ငံအတွင်း သုံးရန်ဖြစ်ပြီး ကျန်ရှိသော ဓာတ်အားများကို ထိုင်းနှင့် တရုတ်သို့ ရောင်းချရန် အစိုးရက စီစဉ်ထားသည်ဟု သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများက ဆိုသည်။

Aye Chan Mon Credit To: Mizzima - News in Burmese
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top