ထိုင်းနိုင်ငံတွင် ၀ိနည်းနှင့်မလျော်ညီသည့် ရဟန်းများအား ၂၄ နာရီ တိုင်ကြားနိုင်သည့် အရေးပေါ် ဖုန်းလိုင်းအား တည်ထောင်ခဲ့ကြောင်း အာဏာပိုင်များက ဆိုသည်။
ရဟန်းများ မူးယစ်ဆေးနှင့် အရက်သောက်သုံးမှုကဲ့သို့သော အမှုများ လူသိရှင်ကြားပေါ်ပေါက်လာပြီး မေလအတွင်းက ယောက်ျားငယ်လေးများအား လိင်အကြမ်းဖက်မှုဖြင့် ဘုန်းကြီး ၅ ပါး လူဝတ်လဲအပစ်ပေးခံရ ပြီးနောက် ထိုသို့ အရေးပေါ်ဖုန်းလိုင်း ထားရှိခဲ့ခြင်းဖြစ်သည်။ ထိုင်းအာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာက ဗုဒ္ဓဘာသာ၏ ပုံရိပ်အပေါ် စိုးရိမ် မိကြောင်း ဖော်ပြခဲ့ပြီးနောက် အရေးပေါ်ဖုန်းလိုင်းအစီ အစဉ် ပေါ်ပေါက် လာခြင်းဖြစ်ကြောင်း ထိုင်းအမျိုးသားဗုဒ္ဓဘာသာရုံး NOB ကဆိုသည်။ ထိုင်းနိုင်ငံ လူဦးရေ ၆၇ သန်း၏ ၉၅ ရာခိုင်နှုန်းမှာ ဗုဒ္ဓဘာသာဝင်များဖြစ်သည်။
NOB မှ အရာရှိတစ်ဦးဖြစ်သူ နပ်ပါရတ်က “လူထုရဲ့အမြင်မှာ ဘာသာတရားကို ထိခိုက်စေနိုင်တဲ့အရာ တွေကို တိုင်ကြားဖို့ အရေးပေါ်ဖုန်းလိုင်း ထားရှိပါတယ်။ ဥပမာ ရဟန်းထုတွေက အလှူခံနေတာမျိုး မလျော် ကန်တဲ့အပြုအမူတွေတွေ့ရင် တိုင်ကြားနိုင်ပါတယ်”ဟု AFO သတင်းဌာနသို့ ပြောကြားသည်။ ဘာသာရေး အား နိုင်ငံ၏ အဓိကထောက်တိုင်တစ်ခုအဖြစ် မှတ်ယူထားသည့် ထိုင်းနိုင်ငံတွင် သံဃာ ၂၇၀ ၀၀၀ ခန့်ရှိသည်။
“ရဟန်းတိုင်းကို စောင့်ကြည့်ဖို့ လုံလောက်တဲ့ ၀န်ထမ်း အင်အားမရှိတဲ့ အတွက် ပြည်သူ လူထုပူးပေါင်းပါဝင်ဖို့ လိုပါတယ်”ဟု နပ်ပါရတ်က ဆိုသည်။ ပြီးခဲ့သည့်လများအတွင်း ဖြစ်ပွားခဲ့သည့် ရဟန်းသံဃာများ ပါဝင် ပတ်သက်နေသော အမှုများက ထိုင်းသံဃ အဖွဲ့အစည်းများ၏ ပုံရိပ်အား ထိခိုက်စေခဲ့သည်ဟု ၄င်းက ဆက်လက်ပြောကြားခဲ့ပါသည်။
စက်တင်ဘာလအတွင်းက အာဏာပိုင်များသည် ရဟန်းတစ်ပါးပိုင် ပေါ်ရှေးနှင့် မာဆီးဒီးကားများ အပါအ၀င် ဒေါ်လာ ၈၀၀၀၀၀ တန်ဖိုးရှိ ပိုင်ဆိုင်မှုများအား သိမ်းယူခဲ့သည်။ လွန်ခဲ့သည့် ဆယ်စုနှစ်တစ်စုခန့်က အသက်မပြည့်သေးသည့် မိန်းကလေး တစ်ဦးနှင့် ကလေးရခဲ့သည်ဟု စွပ်စွဲခံထားရသည့် ထိုရဟန်းသည် ကိုယ်ပိုင် ဂျက်လေယာဉ်ဖြင့် ခရီးသွားခဲ့သဖြင့် လူဝတ်လဲစစ်ဆေးခံခဲ့ရသည်။ ထိုင်းစစ်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ၀ီရာချွန်က “၀ိနည်းနဲ့မလျော်ညီတဲ့ အမှုတွေမှာ ရဟန်းတွေ ပါဝင်ပတ်သက်နေတာ တွေ့ရှိတဲ့အတွက် ဒီပြဿနာကို ဖြေရှင်း လိုတာပါ”ဟု ပြောကြားခဲ့သည်။
Source : AFP
Aye Chan Mon Credit To:The Ladies News Journal
http://www.ayechanmon-news1.com/ (4 photos)
Post a Comment