0


ရန်ကုန်၊ ACM Re-Post 3-6-2014

၂.၆.၂၀၁၄ရက်နေ့ ၂၃၅၀အချိန်တွင် ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်၌ ဖယောင်းတိုင်မီးမှတစ်ဆင့် နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။

ဖြစ်စဉ်မှာ နွယ်အေးရပ်ကွက်၊ သစ္စာလမ်းနေ ကိုအောင်မြင့်ဦး (၃၁)နှစ်
(ဘ)ဦးအောင်ခိုင်သည် နေအိမ်ခန်းတွင် ဖယောင်းတိုင်မီးထွန်းပြီး
အိပ်ပျော်သွားစဉ် ဖယောင်းတိုင်မီးမှ နေအိမ်ခန်းအား စတင်ကူးစက်
လောင်ကျွမ်းခဲ့ရာ မီးသတ်ယာဉ်(၁၅)စီးရောက်ရှိငြှိမ်းသတ်ခဲ့သဖြင့် ၃.၆.၂၀၁၄ ရက်နေ့ ၀၀၂၀ အချိန် မီးငြိမ်းသွားခဲ့ပါသည်။

မီးလောင်မှုကြောင့် နေအိမ်တန်းလျား(၅)ခန်းတွဲ(၁)လုံး၊ (၃)ခန်းတွဲ
(၁)လုံးတို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး ကိုအောင်မြင့်ဦး၊ ၎င်း၏ဇနီး မဘိုဘိုစိုးမြင့်၊ သားဖြစ်သူ မောင်နန္ဒာအောင်နှင့် သမီးဖြစ်သူ မလင်းလတ်သူတို့တွင် မီးလောင်ဒဏ်ရာများရရှိခဲ့သည့်အပြင်
နွယ်အေးရပ်ကွက်၊ ရွှေနှင်းဆီလမ်းနေ ဒေါ်ထွေးစိန်မှာ မီးလောင်
သည်ကိုကြားသိရ၍ သတိလစ်မေ့မျောသွားခဲ့ပါသည်။

ဒဏ်ရာရရှိသူများအနက် မောင်နန္ဒအောင်အား ရန်ကုန်ကလေး
ဆေးရုံကြီးသို့ ပို့အပ်ကုသခဲ့ပြီး ကျန်ဒဏ်ရာရရှိသူများနှင့် သတိလစ်
မေ့မျောသွားသူ ဒေါ်ထွေးစိန်တို့ကို ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးသို့ အတွင်းလူနာများအဖြစ် တင်ပို့ကုသခဲ့ရပါသည်။

ယင်းသို့မီးပေါ့ဆစွာသုံးစွဲသူ ကိုအောင်မြင့်ဦးအား ဒေါပုံမြို့မရဲစခန်း
(ပ)၁၄၁/၂၀၁၄၊ ပြစ်မှုပုဒ်မ-၂၈၅/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူ
ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

Aye Chan Mon Credit To :Yangon Police
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
2

Post a Comment

 
Top