နိုင်ငံနှင့် သင့်လျော်သည့် ပီအာရ်စနစ် ယခုလွှတ်တော်တွင် တင်ပြနိုင်ရန် စီစဉ်
မြန်မာနိုင်ငံနှင့် သင့် လျော်မည့် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကို ယခုကျင်းပဆဲ အမျိုးသားလွှတ်တော်သို့ တင်ပြနိုင်ရန် လုပ်ဆောင်မည် ဖြစ်ကြောင်း ပီအာရ်စနစ် အကောင်အထည်ဖော်ရေး ကော်မရှင် ဥက္ကဋ္ဌအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မြင့်ဖေက ပြောကြားသည်။
‘‘ဒီလွှတ်တော်မှာ တင်နိုင် အောင်လုပ်မယ်လို့ ခေါင်းထဲမှာ စဉ်းစားထားတယ်။ တစ်ယောက် တည်းဆုံးဖြတ်ပြီးလုပ်တာထက် အဖွဲ့ဝင်တွေနဲ့လည်း လွှတ်တော် အမီတင်နိုင်အောင် ဆွေးနွေးရ မယ်’’ ဟု ဦးဇော်မြင့်ဖေက ဆို သည်။
အမျိုးသားလွှတ်တော် ပီ အာရ်ကော်မရှင်၏ ပထမအကြိမ် အစည်းအဝေးကို ယခုတစ်ပတ် အတွင်း ခေါ်ယူရန်စီစဉ်ထားပြီး ပီအာရ်စနစ်၏ အားသာချက်၊ အားနည်းချက်များကို ဖော်ထုတ် သွားမည်ဟုလည်း ၎င်းက ပြော သည်။
အမျိုးသားလွှတ်တော်တွင် ပီအာရ်စနစ် ကျင့်သုံးနိုင်ရေးအ တွက် အကောင်အထည်ဖော်ရေး ကော်မရှင်တစ်ရပ်ကို အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များ အပါအ၀င် အဖွဲ့ဝင် ၄၁ ဦးဖြင့် ဇွန်လ ၁၃ ရက်က စတင်ဖွဲ့စည်း လိုက်သော်လည်း ကော်မရှင်မှ လွှတ်တော်သို့ အစီရင်ခံစာတင်ပြ ရမည့် အချိန်သတ်မှတ်ချက်ကို သတ်မှတ်ထားခြင်း မရှိပေ။
ကော်မရှင်တွင် ပါဝင်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် ငါးဦး သည် ပါတီ၏ မူဝါဒနှင့် မကိုက် ညီသည့်အတွက် ကော်မရှင်မှ နုတ်ထွက်ခဲ့ကြသည်။
ထို့ပြင် ကော်မရှင်တွင် ပါ ၀င်နေသော တိုင်းရင်းသားပါတီ များမှ လွှတ်တော်ကိုယ်စားလှယ် များကလည်း ကော်မရှင်တွင် ဆက်လက်ပါဝင်သင့်၊ မသင့် စဉ်းစားနေကြသည်ဟု ယင်းလွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။
‘‘ကျွန်တော်တို့ကတော့ ပီ အာရ်ကို ကန့်ကွက်ခဲ့တယ်။ အခု ကော်မရှင်ထဲမှာ ပါနေတယ်ဆို ပေမယ့်အခြေအနေကို စောင့်ကြည့်နေတုန်းပါပဲ’’ ဟု ရခိုင်အမျိုးသား ပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအုန်းတင်က ဆို သည်။
ဇွန်လ ၁၁ ရက်က ကျင်းပ သော အမျိုးသားလွှတ်တော်တွင် ပီအာရ်စနစ်ကို လာမည့် ရွေး ကောက်ပွဲများတွင် အမျိုးသား လွှတ်တော်၌ ကျင့်သုံးရန် အဆို ကို မဲခွဲဆုံးဖြတ်ရာတွင် တပ်မ တော်သားလွှတ်တော်ကိုယ်စား လှယ်များ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားပါတီများမှ လွှတ် တော်ကိုယ်စားလှယ်များက ကန့် ကွက်မဲပေးခဲ့ကြသည်။
သို့သော် အမျိုးသားလွှတ် တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော် ကိုယ်စားလှယ်အများစု၏ ထောက် ခံမဲကြောင့် ယင်းအဆိုမှာ အ တည် ဖြစ်ခဲ့သည်။
ကော်မရှင်သည် မြန်မာ နိုင်ငံတွင် ကျင့်သုံးရန် သင့်လျော် သည့် ပီအာရ်စနစ်ကို ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်နှင့် ပူး ပေါင်းဆွေးနွေးကာ အမျိုးသား လွှတ်တော်သို့ အစီရင်ခံစာ တင် ပြရမည်ဖြစ်သည်။
Aye Chan Mon Credit To: 7 Day Daily
http://www.ayechanmon-news1.com/
Post a Comment