0

ACM Re-Post 19-6-2014

ရန်ကုန်၊ ဇွန် ၁၈- လက်ပံတောင်း တောင် သဘာဝပတ်ဝန်းကျင်ထိခိုက် ပျက်စီးမှုကို ပထမဆုံးအကြိမ် နိုင်ငံ တကာအဆင့် အဖြစ် အမေရိကန်နိုင်ငံ တွင် စစ်ဆေးသွားမည်ဖြစ်ကြောင်း Justic Trust (မြန်မာ)အဖွဲ့မှ သိရ သည်။

ယင်းကဲ့သို့စစ်ဆေးချက်ပြုလုပ် နိုင်ရန် ၂၀၁၄ခုနှစ် ဇွန်လ ပထမအပတ် အတွင်းက နိုင်ငံခြားရှေ့နေလေးဦး၊ နိုင်ငံခြားဆရာဝန်တစ်ဦးနှင့် မြန်မာ နိုင်ငံမှရှေ့နေများနှင့် သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်များ က လက်ပံတောင်းတောင်သို့ သွား ရောက်ပြီး၊ ယင်းနယ်မြေတစ်ဝိုက်မှ မြေနှင့် ရေကို စစ်ဆေးချက်ပြုလုပ်နိုင် ရန်ယူဆောင်ထားပြီးဖြစ်ကြောင်း သိရသည်။

''EIA,SIA အကောင်အထည် ဖော်နိုင်အောင် တောင်းဆိုချက်တွေ လုပ်မယ်။ ပြီးတော့ ပြည်ပမှာစစ်ဆေး ချက်တွေလုပ်ဖို့ မြေနဲ့ရေကို Sample ယူလာပြီ။ ဒါတွေကို ပြည်ပနိုင်ငံရဲ့ နည်းပညာတွေနဲ့ ပြည်ပမှာပဲ စစ်ဆေး သွားမယ်။ စက်တင်ဘာလောက်ကျ ရင် စတင်စစ်ဆေးချက်ပြုလုပ်နိုင်မှာ ပါ''ဟု Justic Trust (မြန်မာ)မှ တာ ဝန်ရှိသူ ဒေါ်ရည်မွန်ထွန်းက ပြော သည်။

လက်ပံတောင်းတောင်နှင့်ပတ် သက်ပြီး ပထမဆုံးအကြိမ်သဘာဝ ပတ်ဝန်းကျင်ထိခိုက်ပျက် စီးမှု စစ်ဆေး ချက်ကို Justic Trust မှ ဦးဆောင်ပြီး ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ယင်းကဲ့သို့ စစ်ဆေးခြင်းမှ တိကျမှန်ကန်သော အဖြေကိုရရှိ နိုင် မည်ဖြစ်ကြောင်း သိ ရသည်။

''အရင်ကလဲ ပြည်တွင်းမှာစစ် ဆေးတဲ့ အဖြေတွေထွက်တာပဲ။ ဒါ ပေမဲ့ ဥပဒေကြောင်းကနေ မပြော နိုင်တော့ ဘာမှမဖြစ်ခဲ့ဘူး။ အခုတော့ ဥပဒေပညာရှင်တွေကလဲ ပါလာတော့ ပိုပြီးကောင်းတယ်။ ဒါကို အမေရိ ကန်မှာ စစ်ဆေးမှာ။ အဖြေထွက်လာ ရင် တစ်ခြမ်းပဲ့ လုပ်စရာမလိုဘူး။ ဒီ လိုအချက်အလက်တွေက ရနေပြီ။ ဒါတွေဆွေးနွေးချင်တယ်ဆိုရင် တာဝန် ရှိတဲ့သူတွေနဲ့ ဆွေးနွေးလို့ရမယ်။ ကျွန်မတို့လဲ ခိုးကြောင်ခိုးဝှက်မလုပ် ဘူး။ လက်ပံတောင်းတောင်ကို ဒီလို မလုပ်ရင် နောက်စီမံချက်တွေ ပျောက် ပြီး တိတ်တိတ်ကလေးဘယ်လောက် ပါနေမယ်မသိ ဘူး။ မြန်မာပြည် ဟာ မြေပုံ ပျောက်မှာ''ဟု မြန်မာ့အစိမ်းရောင် ကွန်ရက်မှဥက္ကဋ္ဌ ဒေါ်ဒေဝီသန့်စင်က ပြောသည်။

လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းသည် မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်၊ ဝမ်ပေါင်ကုမ္ပဏီနှင့် အစိုးရ တို့မှ ပူးပေါင်းလုပ်ကိုင်နေသော စီမံ ကိန်းတစ်ခုဖြစ်ပြီး ဒေသခံများအကျိုး၊ သဘာဝပတ်ဝန်းကျင်အကျိုးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင် များကန့်ကွက်မှု အများဆုံးစီမံကိန်း ထဲမှတစ်ခုဖြစ်သည်။

[--Democracy today Daily Newspaper--]

Aye Chan Mon Credit To: Yangon Media Group
http://www.ayechanmon-news1.com/

Post a Comment

 
Top