0

By ငြိမ်းချမ်း
ACM Re-Post 19-6-2014

အင်္ဂလန်ဆရာတော်အ ပါအ၀င် ဖမ်းဆီးခံသံဃာတော် ငါးပါးအား ဇွန်လ ၂၀ ရက်တွင် ပြန်လွှတ်မပေးပါက ရွှေညဝါ ဆရာတော်၊ မစိုးရိမ် ကျောင်းတိုက် ဆရာတော် ဦးဝီရသူနှင့် ဆရာ တော်ဦးပါမောက္ခတို့က ဦးဆောင်၍ ဆန္ဒပြတောင်းဆိုသွားမည်ဖြစ်ကြောင်း ဆရာတော်ဦးပါမောက္ခက မိန့်သည်။

ဆရာတော်ဦးပါမောက္ခနှင့် သံဃာတော်အချို့သည် အင်္ဂလန်ဆရာတော်အပါအ၀င် ဖမ်းဆီးခံသံဃာတော်ငါးပါးအား ဇွန်လ၂၀ ရက်တွင် ပြန်လွှတ်ပေးရန်အတွက် နတ်စင်တစ်ရာကျောင်းတိုက်ဆရာတော်ထံ သွားရောက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ ထိုဆွေးနွေးမှုများ အဖြေမထွက်ပါက အင်္ဂလန်ဆရာတော်နှင့် သံဃာလေးပါးအား ရုံးချိန်းထုတ်မည့် ဇွန်လ ၂၀ ရက်တွင် ဆန္ဒပြတောင်းဆိုသွားမည်ဖြစ်ကြောင်း မကွေးကျောင်းတိုက် ဆရာတော်ဦးပါမောက္ခက မိန့်ကြားသည်။

‘‘ဟိုနေ့ကလည်း တစ်ခါ နတ်စင်တစ်ရာကျောင်းတိုက်မှာ ဆွေးနွေးခဲ့ကြတယ်။ မနက်ဖြန် ညမှာလည်း တစ်ခါဆက်ဆွေးနွေး ဦးမယ်။ ဆွေးနွေးမှာကတော့ ၂၀ ရက်မှာ သံဃာတော်တွေကို အပြီးပြန်လွှတ်ပေးဖို့ပဲ။ ၂၀ ရက် မှ ပြန်လွှတ်မပေးဘူးဆိုရင်တော့ ဆရာတော်ဦးဝီရသူရယ်၊ ရွှေည ၀ါဆရာတော်ရယ်၊ ဦးပဉ္ဇင်းရယ် ဦး ဆောင်ပြီး လုပ်သင့်လုပ်ထိုက် တာတွေလုပ်ပြီး ဆန္ဒပြတောင်းဆို သွားမယ်’’ ဟု ဆရာတော်ဦးပါ မောက္ခက မိန့်သည်။

ဇွန်လ ၁၁ ရက်ညက တိုင်း သံဃနာယက ဆရာတော်များနှင့်သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက တာမွေမြို့နယ်၊နတ်ချောင်းရပ်ကွက်ရှိ မဟာသန္တိသုခကျောင်းတိုက်အား ချိပ်ပိတ်ကာ ကျောင်းတိုက်အတွင်း သီတင်းသုံးနေထိုင်နေသော သံဃာတော်များကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ဇွန်လ ၁၃ ရက်တွင်အင်္ဂလန်ဆရာတော်နှင့် သံဃာလေးပါးအား လူဝတ်လဲကာ တာမွေမြို့နယ် တရားရုံး၌ ရုံးထုတ်၍ အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့သည်။

ထိုသို့ သံဃာတော်များအား ဖမ်းဆီးလူဝတ်လဲ ခံရမှုနှင့် ပတ် သက်ပြီး အခြားသံဃာတော်များ နှင့် ပြည်သူများက တိုင်းသံဃာ နာယက ဆရာတော်များနှင့် သာ သနာရေးဝန်ကြီးဌာနအား အပြင်းအထန်ကန့်ကွက်ခဲ့ကြသည်။ ဇွန်လ ၁၆ ရက်တွင်လည်း အင်္ဂလန်နိုင်ငံ၌ ရောက်ရှိနေသောမြန်မာနိုင်ငံသားများက အင်္ဂလန်ဆရာတော်နှင့် သံဃာတော်လေးပါးအား ပြန်လွှတ်ပေးရန်အတွက် လန်ဒန်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

Aye Chan Mon Credit To: 7 Day Daily
http://www.ayechanmon-news1.com/

Post a Comment

 
Top