0

ACM Re-Post 19-6-2014

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ လမ်းညွှန်မှုဖြင့်
မကွေးတိုင်း ဒေသကြီး အတွင်းရှိ မကွေးမြို့နယ် ဖိုးလေးလုံး ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူများအား တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့က ရွေ့လျား ခွဲစိတ်ကုသယာဉ်၊ ရွေ့လျား ဓာတ်မှန်ရိုက်ယာဉ်၊ အထောက်အကူပြုယာဉ် များဖြင့် ဆေးဝါးကုသ ပေးခြင်းနှင့် လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိရာ ဇွန် ၁၇ ရက်တွင် ဆေးကုသမှုဆိုင်ရာ ရောဂါ ၅၇၆ ဦး၊ ခွဲစိတ်ရောဂါ ၂ဝ၂ ဦး၊ ကလေးရောဂါ ၆၁ ဦး၊ သားဖွားမီးယပ် ရောဂါ ၃၆ ဦး၊ အရိုးရောဂါ ၂၂၂ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၇၅ ဦး၊ မျက်စိရောဂါ ၄၂၅ ဦး၊ သွားရောဂါ ၈ဝ ဦး၊ အထွေထွေရောဂါ ၁၈ ဦး စုစုပေါင်းလူနာ ၁၆၉၅ ဦး တို့အား ကုသပေးသည်။

အဆိုပါ လူနာများ အနက် ရွေ့လျား ခွဲစိတ်ကုသယာဉ်ဖြင့် မျက်စိလူနာ ၁ဝ ဦး၊ သွားရောဂါလူနာ ၇၃ ဦး၊ အထွေထွေ ခွဲစိတ်လူနာ ကိုးဦး၊ ရွေ့လျား ဓာတ်မှန်ရိုက်ယာဉ်ဖြင့် ဓာတ်မှန်ရိုက်သူ ၄၇ ဦး၊ အာထရာဆောင်း ရိုက်သူ ၂၉ ဦးနှင့် နှလုံးစမ်းသပ်သူ ၂၁ ဦးတို့အား ခွဲစိတ်ကုသခြင်း၊ ရောဂါရှာဖွေခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သော လူနာ ၁၂ ဦးကိုလည်း မကွေးမြို့ရှိ တပ်မတော် ဆေးရုံသို့ လွှဲပြောင်း ကုသစေခဲ့ကြောင်း သတင်း ရရှိသည်။

Aye Chan Mon Credit To: မြ၀တီ
http://www.ayechanmon-news1.com/

Post a Comment

 
Top