0

ACM Re-Post 3-6-2014

အသက် ၂၅ နှစ် ရှိပြီ ဖြစ်တဲ့ ဘရာဇီးနိုင်ငံက xiahn လို့ အမည်ရတဲ့ လူငယ် တစ်ဦးဟာ ကိုရီးယား ယဉ်ကျေးမှုကို အင်မတန် ချစ်ခင် နှစ်သက်သူ ဖြစ်ပါတယ်။

K-Pop သီချင်းတွေကို အင်မတန် ကြိုက်နှစ်သက်ပြီး ကိုရီယား စကား နဲ့ ဘာသာ စကားကိုလည်း သင်ကြား လေ့လာ ပါတယ်။ နောက်တော့ သူဟာ ကိုရီးယား မင်းသားလို ရုပ်ရည်မျိုး ရယူဖို့ ဆုံးဖြတ် လိုက်ပြီး ပလပ်စတစ် ဆာဂျရီ ပြုလုပ် ပါတော့တယ်။ ပလပ်စတစ် ဆာဂျရီ ၁၀ ကြိမ် တိုင်တိုင် ပြု လုပ်ပြီး နောက်ဆုံးတော့ သူလိုချင်တဲ့ မျက်နှာထား ပုံစံကို ရရှိ သွား ပါတယ်။ အခက်အခဲဆုံး ခွဲစိတ် ပြုပြင်ရ အစိတ်အပိုင်းက မျက်လုံး ဖြစ်ခဲ့ပြီး နောက်ဆုံးတေ့ အောင်မြင် သွား ပါတယ်။

ဒီအတွက် ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၃၀၀၀ ဝန်းကျင် ရှိပါ တယ်။ တောင်ကိုရီးယား ကိုလည်း သွားဖို့အတွက် အစီအစဉ် ရှိကြောင်း ဆို ပါတယ်။ အာရှရဲ့ ယဉ်ကျေးမှုဟာ ကမ္ဘာအနှံ့ကို စီးဆင်း လာပြီး အထူး သဖြင့် တောင်ကိုရီးယား ယဉ်ကျေးမှုက ရှေ့ဆုံးမှာ ရပ်တည် နေပါတယ်။ ဘရာဇီးမှာတင် မက အခြား ဥရောပ နဲ့ အမေရိက နိုင်ငံ များမှာ တောင် ကိုရီးယား၊ တရုတ်၊ ဂျပန် တို့ရဲ့ ယဉ်ကျေးမှုများ အနုပညာ များ တဖြည်းဖြည်း လူကြိုက်များ လာကြောင်း သိရပါတယ်။
.
Ref: metro
အောင်ခမ်း (ရိုးရာလေး)

.
Aye Chan Mon Credit To :YoYarLay
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
2

Post a Comment

 
Top