0


[ Voice of the Day ]

အဲဒီ အမြန်လမ်းမကြီး တည်ဆောက်ရာမှာ တစ်မိုင်ကို ကုန်ကျစရိတ် ၂ ဒသမ ၅ ဘီလီယံ ရှိခဲ့ပြီး လမ်းမကြီး တစ်ခုလုံးအတွက် ကျပ်ဘီလီယံ ၉၀၀ ကျော် အမေရိကန်ဒေါ်လာ တစ်ဘီလီယံနီးပါး ကုန်ကျခဲ့ကြောင်း သိရပြီး ၂၀၀၉ ခုနှစ်မှာ စတင်ဖွင့်လှစ် အသုံးပြုခွင့်ပေးခဲ့တဲ့ ဒီလမ်းမကြီးဟာ မိုင်ပေါင်း ၃၃၆ မိုင် တည်ဆောက်ခဲ့ရာမှာ သန်းကြွယ်သူဌေးပေါင်း ၃၃၆ ယောက်ခန့် မွေးထုတ်ပေးခဲ့သလို ခရီးသည်နှင့် လမ်းအသုံးပြုသူ ၃၆၇ ယောက် သေဆုံးခဲ့ပါတယ်။

တောင်ကိုရီးယားရဲ့ ကူးတို့ယာဉ် နစ်မြုပ်မှုဖြစ်ရပ်မှာ သမ္မတပတ်ဂွမ်ဟီးဟာ မျက်ရည်စက်လက်နဲ့ ပြည်သူတွေကို နှစ်ကြိမ်တိုင် Bow ဦးညွတ် တောင်းပန်သွားသလို ပါဝင်ကူညီ ကယ်ဆယ်ကြတဲ့ ပရဟိတ စိတ်ဓာတ်ပြည့် ပုဂ္ဂိုလ်တွေရဲ့ အမည်ကို ဖတ်ကြားပြီး ချီးကျူး ဂုဏ်ပြုသွားပါတယ်။ ယခု ရာဇာမင်းယာဉ် ဖြစ်ရပ်ဆိုးကိစ္စမှာ ချီးကျူးဂုဏ်ပြုရမည့် အဖွဲ့နှစ်ခု ပေါ်ထွက်လာတယ်လို့ အစိုးရမီဒီယာရဲ့ သတင်းအရ သုံးသပ်နိုင်ပြီး အဲဒီအလွန် ဂုဏ်သရေရှိ အဖွဲ့တွေကတော့ သေဆုံးခရီးသည်တွေအတွက် အသက်အာမခံ လျော်ကြေးပေးအပ်ရင်း ကျန်ရစ်သူ မိသားစုတွေနဲ့ မြန်မာနိုင်ငံသား အားလုံးကို လက်ခုပ်သြဘာသံတွေကြားက အသက်အာမခံ ရောင်းချရေး အရောင်းမြှင့်တင်မှု Life Insurance Sale Promotion Among Applause နဲ့ နောက်တစ်ခုကတော့ အမြန်လမ်းမကြီးပေါ်က ယနေ့အထိ ဖြစ်ရပ်ဆိုးတွေဟာ ယာဉ်မောင်းတွေနှင့် ယာဉ်ကြံ့ခိုင်မှုကြောင့်သာ ဖြစ်ပြီး လမ်းရဲ့အပြစ်ကြောင့် လုံးဝမဟုတ်ဘူးလို့ နိုင်ငံပိုင် မီဒီယာတွေကနေ ပြောဆို ကြေညာလိုက်တဲ့ အာဏာပိုင် ဌာနဆိုင်ရာ အဖွဲ့အစည်းကြီး ဖြစ်ပါတယ်။ စစ်အင်ဂျင်နီယာ ဌာနကတော့ မအားလပ်လို့ ဘာမှ မပြောနိုင်ဘူး ထင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီစစ်အာဏာရှင် လက်ထက်မှာ ခေတ်ပျက်သူဌေးတွေ များစွာ မွေးထုတ်ပေးခဲ့ပြီး ဒီကနေ့အထိ တစ်မိုင်ကို တစ်ယောက်နှုန်း သေဆုံးနေတဲ့ သေမင်းတမန် အမြန်လမ်းမကြီးကတော့ နောက်နောင်ကို သံပရာသီးကို သံပုရာရေ လုပ်ပြီး ဒုတိယတစ်ချီ ထောကြပြန်ပြီ ဖြစ်လာမလား စောင့်ကြည့်ရင်းနဲ့ လက်ခုပ်သြဘာသံ လွှမ်းတဲ့ အသက်အာမခံ အရောင်းမြှင့်တင်ပွဲကြီးမျိုးလည်း ထပ်မံ မပေါ်ပေါက်လာပါစေဖို့ ဆုတောင်းကြပါခင်ဗျာ။

မေလ ၂၉ ရက်နေ့ထုတ် Venus News ဂျာနယ်ပါ
ဆောင်းပါးရှင် ဇာနည်စိုးထွဋ်၏ “အမြန်လမ်း အာဇာနည် ၁၄ ဦးနှင့် မျက်ရည်မိုးစွေ အာမခံ အရောင်းမြှင့်တင်ရေး” ဆောင်းပါးမှ ကောက်နုတ်ချက်

Aye Chan Mon Credit To :The Voice Weekly
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
4

Post a Comment

 
Top