0
ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းများ ပြုပြင်ပြောင်းလဲမှု နှေးကွေးနေခြင်းနှင့် ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးနှင့် ကုန်သည်စက် မှုအသင်းချုပ် ဥက္ကဋ္ဌတို့သည် ညှိ နှိုင်းအစည်းအဝေးပွဲတစ်ခုတွင် မကျေမလည်ဖြစ်ခဲ့ကြောင်း သ တင်းရရှိသည်။

စီးပွားရေးလုပ်ငန်းများနှင့် သက်ဆိုင်သော သိမ်မွေ့နက်နဲ သည့်ကိစ္စများကို စီးပွားကူးသန်း ပြည်ထောင်စုဝန်ကြီးကို ကျော်လွန်၍ နိုင်ငံတော်သမ္မတထံ တိုက်ရိုက် တင်ပြရမည်ဟု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင် များအသင်းချုပ်ဥက္ကဋ္ဌ ဦးဝင်းအောင်က ပုဂ္ဂလိကကဏ္ဍနှင့် ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည်။

‘‘သမ္မတဆီ တိုက်ရိုက်တင် မယ်ဆိုလည်း ရပါတယ်။ ကျွန် တော်တို့အနေနဲ့က သမ္မတက အ လုပ်များတော့ စီးပွားရေးကော်မ တီအနေနဲ့ တာဝန်ပေးထားတာ ကို ဆောင်ရွက်တာပါ။ ဘာလုပ် လုပ် သမ္မတဆီကို တင်မယ်ဆိုရင် အလုပ်မဖြစ်မှာစိုးလို့ပါ’’ ဟု စီး ပွားကူးသန်းပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။

ယင်းကဲ့သို့ ပုဂ္ဂလိက ကဏ္ဍ မှ အခက်အခဲများကို ဖြေရှင်းပေး နိုင်ရန် နိုင်ငံတော်သမ္မတဆီသို့ တင်ပြနိုင်သကဲ့သို့ စီးပွားကူးသန်း ၀န်ကြီးဌာနအနေဖြင့် သက်ဆိုင် ရာအသင်းအဖွဲ့မှ ဦးဆောင်သူ များ၊ လုပ်ငန်းရှင်များ အပါအ၀င် စီးပွားရေးလုပ်ငန်းများနှင့် သက် ဆိုင်သော ဌာနဆိုင်ရာမှ အကြီး အကဲများပါဝင်သော ဆွေးနွေးပွဲ များကို လစဉ်ကျင်းပရန် စီစဉ် ထားကြောင်း ပြည်ထောင်စုဝန် ကြီးက ပြောသည်။

ဒီမိုကရေစီအစိုးရလက် ထက်တွင် ဗဟိုချုပ်ကိုင်မှုစနစ် လျှော့ချရေးကို ဆောင်ရွက်နေသ ဖြင့် ကိစ္စရပ်တစ်ခုဖြစ်တိုင်း နိုင်ငံ တော် သမ္မတထံ တိုက်ရိုက်တင်ပြ နေခြင်းထက် ၀န်ကြီးအပါအ၀င် သက်ဆိုင်ရာ အမှုထမ်းအရာ ထမ်းများနှင့်သာ ဖြေရှင်းနိုင်ရန် ကြိုးစားသင့်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင် က ပြောကြားသည်။

‘‘ကိစ္စတစ်ခုဖြစ်တိုင်း သမ္မတထံ တိုက်ရိုက်တင်ပြနေမယ်ဆိုရင် အောက်က၀န်ကြီးတွေ၊ ညွှန်ချုပ်၊ ညွှန်မှူးတွေ အလုပ်မရှိ ဖြစ်သွား မှာပေါ့။ သမ္မတကလည်း အရာ ရာကို အကုန်မသိနိုင်ဘူးလေ’’ ဟု ဦးရဲမင်းအောင်က ရှင်းပြသည်။

လက်ရှိစီးပွားကူးသန်းဝန် ကြီး ဦးဝင်းမြင့်သည် သမ္မတဦး သိန်းစိန် အစိုးရသစ်တာဝန်မယူ မီက ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌအဖြစ် နှစ် ၂၀ နီးပါးလုပ် ကိုင်ခဲ့သည်။ ယင်းကာလက လက်ရှိ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်သည် ဦးဝင်းမြင့်လက်အောက်တွင် ဒုတိယ ဥက္ကဋ္ဌအဖြစ် လုပ်ကိုင်ခဲ့ရသည်။

သမ္မတဦးသိန်းစိန်အစိုးရ တာဝန်ယူပြီးနောက် မြန်မာစီးပွားရေးတွင် အရေးပါသောအခန်း ကဏ္ဍမှပါဝင်သည့် ကုန်သည်စက်မှုအသင်း ဥက္ကဋ္ဌအဖြစ် အစိုးရက တာဝန်ပေးခဲ့သည်။ ကုန်သည် စက်မှုအသင်း၏ သက်တမ်းမှာ ၂ နှစ်ဖြစ်သဖြင့် ၂၀၁၃ တွင် ရွေးကောက်ပွဲကျင်းပပြီး ဒုတိယသက်တမ်း ဆက်လက်တာဝန်ယူခဲ့ သည်။

အဆိုပါ ရွေးကောက်ပွဲကို ဒီ မိုကရေစီနည်းအရ ပထမဆုံးအ ကြိမ် မဲစနစ်ဖြင့် ရွေးချယ်ခဲ့သော် လည်း မကျေနပ်မှုများစွာဖြင့် ညဥ့်သန်းခေါင်ကျော်သည်အထိ ၂၃ နာရီ ကြာမြင့်ခဲ့သည်။

Aye Chan Mon Credit To: 7 Day Daily
http://www.ayechanmon-news1.com/

Post a Comment

 
Top